ကျွန်မ လွမ်းမိတယ်မောင်....
မောင်နဲ့စတွေ့ခဲ့တဲ့နေ့လေးတစ်နေ့ပေါ့မောင်ရယ်.......
မိုးသားကောင်ကင်ကြီးကလည်း ခါတိုင်းလို့ ပြာလဲ့လဲ့နဲ့ ကြည်လင်နေခဲ့ပါတယ်မောင်.....
နေကလည်းသာခဲ့ပါတယ်မောင်....
လေပြေတွေလည်း ကျွန်မဆံနွယ်တွေကို ချော့မြူနေခဲ့ပါတယ်မောင်.....
သစ်ရွက်ကြွေတွေလည်း ကျွန်မခြေရင်းမှာ တစ်ဖျောက်ဖျောက်နဲ့ ကြွေကျနေခဲ့ပါတယ်မောင်...
သစ်ရွက်ကြွေ ခြောက်တွေကို တစ်ဖျောက်ဖျောက်နဲ့ မြည်အောင် နင်းလျောက်ရတဲ့အရသာကို
ကျွန်မက စွဲလန်းကြိုက်နှစ်သက်မိတာကိုလေနော်....
အဲ့ဒီ့သစ်ရွက်ကြွေတွေကို စိုက်ကြည့်ရင်း နင်းဖြတ် ရင်းနဲ့ ခေါင်းငုံ့ လျှောက်လှမ်းလာခဲ့တဲ့
ကျွန်မလေ မောင့် ကို ၀င်တိုက်မိမှပဲ.....အသိတွေပြန်ဝင် ထိတ်လန့်စွာနဲ့
ကျွန်မလက်ထဲက စာရွက်ထည့်ထားတဲ့ ဖိုင်း လေး လွတ်ကျသွားခဲ့တယ်လေ....
ကျွန်မလေး အားနာခြင်း၊ အံ့သြခြင်းတွေနဲ့အတူ မောင့်ကို မော့ကြည့်ခဲ့မိစဉ်မှာပဲ
မောင့်ကို မြင်တွေ့လိုက်မိတဲ့ ကျွန်မလေ
(တစ်ကြိမ်တစ်ခါမှ တစ်စိမ်းယောက်ကျားလေးတစ်ယောက်ကို အနီးကပ် မော့မကြည့်ဖူးတဲ့ကျွန်မလေ)
ကျွန်မနှလုံးခုန်သံတွေရပ်တန့် ခွန်းဆို စကားတို့ စွံ့အခဲ့ရပါတယ်မောင်...
မောင် ရဲ့တည်ငြိမ်တဲ့ အကြည့် ချိုသာတဲ့ အပြုံတွေအောက်မှာ
ကျွန်မလေ.......................
နောက် မောင် က မိတ်ဆက် စကားပြောတော့မှ မောင်နဲ့ ကျွန်မဟာ အတန်းတူ တစ်မေဂျာတည်း ဖြစ်နေကာ
တူယှဉ်တွဲလမ်းလျှောက်ခဲ့ကြတယ်လေ.......
အဲ့ဒီနေ့ကလေ ကျွန်မပျော်လိုက်တာမောင်ရယ်....(ရင်ထဲကပေါ့မောင်ရယ်)
မောင်နဲ့ ကျွန်မရဲ့ တွေ့ဆုံမှုဟာ အများသူငှာကို သမားရိုးကျ ဆန်ချင်ဆန်ခဲ့ပေမယ့်...... ကျွန်မတို့ နစ်ယောက်ရဲ့ နှလုံးသား ချင်းအပြန်အလှန် သိနားလည်ခဲ့မှု ရင်ထဲက တွယ်တာခဲ့မှု နဲ့ နားလည်မှု အပေးယူမျှတခဲ့မှုတွေကတော့ ဆန်းပြားလွန်းတဲ့ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သိမ်မွေ့ နူးညံ့စွာနဲ့ စီးဆင်းခဲ့တဲ့ ချိုမြိန်သော ပျားရည်မြစ်တစ်စင်း ဖြစ်ခဲ့တယ်ဆိုတာ ကိုတော့
မောင်နဲ့ ကျွန်မ တို့ ကာယကံရှင်နှစ်ဦးသားထက် ဘယ်သူကများပို သိနားလည်လိမ့်မလဲလေနော်.....
ဒါပေမယ့်မောင်ရယ်. စာသင်နှစ်တွေသာ အလီလီပြီးဆုံးသွားပေမယ့် ...နှုတ်က...ဖွင့်ပြောဖို့ သတ္တိမရှိခဲ့တဲ့ မောင့်ကိုတော့ ကျွန်မစိတ်ပျက်ခဲ့မိတယ်မောင်....
အချစ်ဆိုတာ နှုတ်က ဖွင့်ပြောမှ မဟုတ်ပါဘူး.....နှလုံးသားချင်းအပြန်လှန် သိနားလည် ကြဖို့ကသာ အဓိကပါလို့ မောင်သူငယ်ချင်းတွေနဲ့ဆုံတိုင်း(စကားစပ်မိတိုင်း) ပြောပြခဲ့တဲ့စကားလေးတွေ နားစွံနားဖျား ကြားမိတော့လည်း
ကျွန်မ ကျေနပ်နေမိခဲ့ပါတယ်မောင်........
ကျွန်မရဲ့ ခံယူချက်ဟာ မောင့်ခံယူချက်နဲ့ ထပ်တူကျရတော့မှာပေါ့မောင်ရယ်.....
ဒါပေမယ့် တစ်ခါတစ်ရံမှာတော့.
သူများတွေ ချစ်သူ ဘာသာ ဘာဝ အတူယှဉ်တွဲ လက်တွဲ လမ်းလျောက်နေချိန်တွေရယ်....ကျောင်းကန်လ်တင်း နဲ့ ကျောင်း ကန်ဘောင်တွေမှာ ကျောင်းဝန်းတစ်နေရာရာ မှာ တစ်ယောက်မျက်နှာ တစ်ယောက် ငေးစိုက်ကြည့်ပီး ကြည်နူးနေကြတဲ့ မြင်ကွင်းတွေကို မြင်ယောင်တိုင်းလည်း မောင်ကို အားမလို အားမရ ခြင်းများစွာနဲ့ အတူ စိတ်ပျက်နာကျင် ခဲ့မိတယ် မောင်.....
ဒါပေမယ့် မောင်ရယ်....
သူငယ်ချင်း ဘ၀နဲ့ တင် မောင် ကျွန်မကို အများသူငှာ ရှေ့မှာတော့ ဟန်ဆောင် မြိုသိပ်စွာနဲ့ ဆက်ဆံနေခဲ့ပေမယ့်...သူငယ်ချင်းတွေ မရိပ်မိအောင်ရယ်....နှစ်ဦးသားချင်း ဆုံတွေ့နေခဲ့ချိန်တွေမှာရယ်...နှစ်ယောက်သား အတူယှဉ်တွဲလမ်းလျှောက်နေခဲ့ချိန်တွေမှာရယ် မောင့် ရဲ့ ဂရုစိုက်မှု မောင့်ရဲ့ ယုယ ကြင်နာမှုတွေကတော့ အံ့သြစရာကောင်းလောက်အောင်ကို ကျွန်မ ပျော်ရွှင်ကြည်နူး ကျေနပ်ခဲ့ရမိတယ်မောင်.....
တစ်ခါတစ်ခါမှာ မောင်က လေ သိပ်ကို လျှို့ဝှက် မျိုးသိပ်နိုင်လွန်းအားကြီးလွန်းတယ်မောင်ရယ်....
ဒါပေမယ့် ကျွန်မ နှလုံးသား တစ်ခုလုံး မောင့် ရဲ့ အကြည့်တွေ အောက်မှာ ကျွံဝင် ခဲ့တဲ့နေကစပီးတော့
ကျွန်မလေ မောင့်ကို နားလည်လာတတ်ခဲ့တယ်မောင်....အမြဲတမ်းလည်း နားလည်နိုင်အောင် ကြိုးစားခဲ့ပါတယ်မောင်ရယ်...
ဒီနေ့ထိပေါ့မောင်........
အဲ့ဒီ နေ့လေးပေါ့မောင်.....ကျောင်း ကန်တင်းလ် မှာ သူငယ်ချင်းတွေနဲ့အတူမုန့်စားဖို့ မှာနေကြတုန်းပေါ့.....
ကျွန်မနဲ့ မောင် တစ်ဦး ရဲ့ အကြည့် တစ်စုံအောက်မှာ တစ်ဦးက ကိုယ်စီ ကိုယ်စီ ပျော်ဝင်စီးမျောနေ ခဲ့ကြတယ်နော်......လောကကြီးကိုတောင် တစ်ဒင်္ဂ မေ့ထားကြလို့ပေါ့လေ.....မိနစ်မပြည့်တဲ့ စက္ကန့်ပိုင်းလေးအတွင်းပါပဲမောင်ရယ်............
အဲ့ဒီ့အချိန်ကစပီးတော့ မျက်လုံးဆိုတာ နှလုံးသားရဲ့ ပြတင်းတံခါးပေါက် ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကျွန်မ အပြည့်အ၀ နားလည် ထောက်ခံခဲ့မိပါတယ် မောင်......
အဲ့ဒီ့အကြည့်တွေကတစ်ဆင့် မောင့်နှလုံးသားထဲက အချစ်ကို ကျွန်မ တွေ့လိုက်ရပါပီမောင်ရယ်...
ဒီလိုပဲ မောင်လည်း ကျွန်မနှလုံးသားထဲက အချစ်ကို တွေ့ရှိပီးတော့ တစ်ခါတည်း ကို သိမ်ပိုက်သွားတော့တာပါပဲနော်......အို................
ကျွန်မလေး ပျော်လိုက်တာ...ကြည်နူးလိုက်တာ.....အချစ်ဆိုတာ အကြည့်လွင်လွင်လေးတစ်ချက်ရဲ့အောက်မှာပဲ စက္ကန့်ပိုင်းလေးအတွင်းမှာ ခံစားနားလည်တတ်စွာနဲ့ အချစ်ရဲ့ ရသကို ကျွန်မ နားလည် လက်ခံခဲ့မိတာပါမောင်.....
အဲ့ဒီ့အကြည့်တွေကတစ်ဆင့် ခံစားလာရတဲ့ အချစ်ရဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်မနဲ့မောင် ဘာသြာ့ပန်ဖို့ခက် စွာနဲ့ ခံစားနိုင်ခဲ့ကြတယ်နော်.....
အဲ့ဒီ့ခံစားချက်တွေကိုလည်း ကမ္ဘာပေါ်မှာ ဘယ် ကဗျာဆရာ တစ်ယောက်မှ ပြည့်စုံအောင် ရေးစပ်သီကုံး ဖော်ကျူးမပြနိုင်ပါဘူးမောင်....ဘယ် ပန်းချီ ဆရာတစ်ဦးကမှလည်း မောင်နဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ ခံစားမှုပုံရိပ်တွေကို ထပ်တူကျအောင် ပီပြင်ပေါ်လွင်အောင် ခြယ်မှုန်းမပြနိုင်ပါဘူးဆိုတာ ကျွန်မ အကြွင်းမဲ့ ယုံကြည် ခဲ့မိပါတယ် မောင်......
“အချစ်ဆိုတာ တစ်ကယ်တော့ ခံစားဖို့ သက် သက်ပါပဲမောင်ရယ်....”
အဲ့ဒီအချိန်ကစလို့ပေါ့ မောင့်အကြည့်တွေနဲ့ အတူ မောင်ပေးခဲ့တဲ့ အချစ် ရဲ့ ရင်ခုန်းခြင်းရသ ကို ကျွန်မနှလုံးသားထဲမှာတစ်သက်တာ သော့ခတ်သိမ်းဆည်း ခဲ့တာပါမောင်.......
ဘ၀တစ်ခုလုံးစာ လုံလောက်ခဲ့ပါတယ်မောင်......
ကျွန်မဘ၀မှာ မောင့်အပြင် တစ်ခြား တစ်ယောက်ကို ကျွန်မနှ့လုံးသာက နားလည်ဖို့နဲ့ လက်ခံဖို့ဆိုတာ ဘယ်တော့မှာ ဖြစ်လာမှာမဟုတ် တော့ပါဘူးမောင်....
ကျွန်မလေ ဒီနေ့ ညီမ ၀မ်းကွဲတစ်ယောက်ကို ကျောင်းလိုက်အပ်ပေးရင်းနဲ့ မောင်နဲ့ ကျွန်မရဲ့ စတင်းဆုံဆည်းခဲ့တဲ့ ကျောင်းတော် ရိပ်ကို တစ်ကျော့ပြန် နင်းလျှောက်ရင်းး ကျွန်မအတွေးတွေထဲ မောင် ပုံရိပ်နဲ့ မောင်ရဲ့ အသံတွေ အကြည့်တွေကို ပြန်ခံစား အောက်မေ့ သတိရလာမိတယ်မောင်ရယ်...........
ဒီအချိန်ဆို အမိမြေကနေ စွန့်ထွက်ခွါသွားတဲ့(ရေကြည်ရာ မြက်နုရာဆီ ပျံသန်းထွက်ခွါသွားတဲ့)ရည်မှန်းချက်တွေကြီးလွန်းတဲ့ မောင်တစ်ယောက် ကမ္ဘာမြေရဲ့ တစ်နေရာမှာတော့ ရှိနေမှာပဲလေ ဆိုတဲ့ အသိစိတ်တွေနဲ့တင်..မောင့်ကို မြင်ချင်တွေ့ချင်လွန်းတဲ့ .ကျွန်မ နှလုံးသားရဲ့ ဆန္ဒတွေကို ဖြေဆည်နေရတယ် မောင်ရယ်......
(တစ်ချိန်က မောင်ပေးခဲ့တဲ့ အကြည့်တွေကတစ်ဆင့် ရခဲ့တဲ့ အချစ်တွေနဲ့ပေါ့မောင်ရယ်......)
ရေစက်ဆိုတာကို ယုံကြည်နေမိတဲ့ ကျွန်မလေ...ပြန်လည်ဆုံဆည်းခွင့်ဆိုတာကို တိုးတိတ်စွာနဲ့
တမ်းတ ရည်မှန်းရင်းနဲ့.................ဘုရားရှင်ရှေ့တော်မှောက်မှာ ဆုတောင်းရင်း.....
သေချာတာ တစ်ခုကတော့ ကျွန်မရင်ထဲမှာလေ.... မောင့်ကို နင့်နေအောင် လွမ်းမိတယ်ဆိုတာပါပဲမောင်ရယ်......
ကျွန်မလွမ်းမိတယ်မောင်ရယ်.....
ကျွန်မလွမ်းမိတယ်....
ရင်နှင့်ရင်း၍ ခံစားရေးဖွဲ့ပါသည်။
...မင်းပိုင်စိုး...
(ခေတ္တလူ့ပြည်)