အချစ်ဆိုတာလူတွေကအမျိုးမျိုးဖွဲ့ဆိုခဲ့ပေမယ့်ကျွန်မအတွက်ကပေးဆပ်ချစ်ခြင်းနဲ့
သူကိုရူံးနိမ့်နေမှန်းသိနေလျက်ချစ်တယ်ဆိုတဲ့ မျှော်လင့်ချက်တခုကို ယုံကြည်ရင်း
သူကိုရူံးနိမ့်နေမှန်းသိနေလျက်ချစ်တယ်ဆိုတဲ့ မျှော်လင့်ချက်တခုကို ယုံကြည်ရင်း
ကျွန်မ ကိုယ်တိုင်ကမှ လွန်ဆန်နိုင်စွမ်းမဲ့ခဲ့တာကိုး..။
သိရက်နဲ့မိုက်သူကျွန်မအတွက်တော့ချစ်တယ်ဆိုတဲ့စကားတခွန်းနဲ့တင်မစွန့်လွတ်နိုင်ခဲ့ဘူး။
အရာရာကိုဆန့်ကျင်ပြီး အဝေး တနေရာ ထွက်ပြေးခဲ့ရင်
ဒီ နှလုံးသားကဒဏ်ရာကတဆစ် ဆစ်နာကျင်ခဲ့မိမယ် မထင်ခဲ့ပါဘူး။
တချိန်ကသိပ်ကိုမြတ်နိုး တွယ်တာခဲ့ဖူးတဲ့ သူကိုမြတ်နိုးခဲ့မိတာကျွန်မမှားတယ်လိုလည်းမထင်ရက်ချင်ဘူး။
သူရည်စားများတာကိုတားမြစ်ချင်ပေမယ့်ဖွင့်ပြောချင်ခဲ့ပေမယ့်
သူရည်စားများတာကိုတားမြစ်ချင်ပေမယ့်ဖွင့်ပြောချင်ခဲ့ပေမယ့်
သူပျော်နိုင်ပါစေဆန္ဒနဲ့အရာရာကိုခွင့်လွတ်သည်းခံရင်း
သူအလိုကျနေထိုင်ခဲ့မိတာကျွန်မအမှားများလား။
သူအလိုကျနေထိုင်ခဲ့မိတာကျွန်မအမှားများလား။
ကျွန်မသူအလိုလိုက်ခဲ့မိတာအချစ်ရူးမလေးလို့ထင်ရက်နေတာများလား။
ကျွန်မအချိန်တိုင်းလိုလိုအတွေးတွေနှိပ်စက်မျိုသိပ်ခဲ့ရ
ဒီခံစားချက်ကို သူကတော့ သိနိုင်မယ်မထင်ဘူး။
စေ့ထားရုံရှိတဲ့ နှလုံးသားတခါးပေါက်တခုကို နှလုံးသားတခုနဲု့မြင်အောင်မှသူမကြ့ည့်တာ။
သူပေးတဲ့အချစ်လောက်ပဲရောင့်ရဲတင်တိန်ရင်းသူရဲ့များစွာသောအချစ်အတွက်
ဆန္ဓကိုချိုးနှိမ်စွာမျိုသိပ်ခဲ့လိုက်ရတယ်။
သူကတော့အရူံးပေးထားသူတယောက်မို့ အလွယ်တကူအနိုင်လိုချင်ခဲ့တာလား။
ဒူးထောက်နေမှန်းသိလျက်ကျွန်မနှလုံးသားကိုဖျစ်ညစ် ခံနိုင်ရည်မရှိနိုင်
လောက်အောင် စိမ်းကားရက်စက်စွာမာကျောကျောအသဲတွေထုဆစ်ထားလေ့ရော့လား။
အပြစ်မတင်ရက်ပါဘူးကိုယ်ပေးထားသလောက် ပြန်မရနိုင်တော့တဲ့အခြေအနေ
အပြစ်မတင်ရက်ပါဘူးကိုယ်ပေးထားသလောက် ပြန်မရနိုင်တော့တဲ့အခြေအနေ
ဘယ်လိုမှ ဆုံနိုင်ခွင့်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဦးတည်ချက်မှာ
ဘယ်သူက တကယ်နာကျင်သွားခဲ့ရသလဲဆိုတာကိုယ်တိုင်သာအသိဆုံးပါ။
မစဉ်းစားချင်တော့ပေမယ့် တနေ့မှမေ့လို့မရအောင်ကုန်လွန်ခဲ့တဲ့အချိန်တွေ
ကျွန်မတယောက်တည်းကြိတ်မှိတ်ခံစားရင်းအလွမ်းတွေကိုပဲသံစဉ်
စာသားတခုအဖြစ် နှလုံးသွေးနဲ့ကဗျာတွေသီကုံးရင်းပေါ့။
မျှော်လင့်ချင်သေးပေမယ့် မဖြစ်နိုင်ဘူးဆိုတာသိနေမှတော့ အလွမ်းတွေ
ကိုတော့ ဆက်လက်ရှင်သန်ခွင့်မထားချင်တော့ဘူး။ ဘယ်သူမှမသိနိုင်တဲ့
ကျွန်မတို့နှစ်ယောက်အချစ်အတွက်ဘယ်သူမှမသိပဲအဆုံးသတ်လိုက်ချင်ပြီ
မုန်းလို့ထားခဲ့တာမဟုတ်တဲ့အချစ်တခုအတွက်တော့
ကျွန်မ၀န်ခံစရာတခုကတော့ကျွန်မ
“ရှင့်ကိုချစ်နေဆဲ”ပဲသူရယ်
စာဖတ်သူများအားအစဉ်လေးစားလျှက်
ရှင်းသန့်မေ