Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆိုရှယ်မီဒီယာများ..အားမျှခြေ

$
0
0

မြန်မာ့အင်တာနက်နယ်ပါယ်မှာ လူမှုရေးဝက်ဆိုက်များ အသီးသီးပေါ်လာလိုက်ကြတာ ကျွန်တော် တို့ဒီလောကထဲရောက်စတုန်း အထူးသဖြင့်ရွှေမြို့တော်ကို..မင်ဘာဝင်ခဲ့စဉ် (2010) တုန်းကဆိုရင် လူမှုရေးဝက်ဆိုက်ဆိုလို့ လက်ချိုးရေတွက်လို့ရလောက်ပါတယ် ။

ယခုအခါမှာတော့ နေ့စဉ်နဲ့အမျှ ပေါ်ထွက်နေလိုက်ကြတာ…. မြန်မာလူငယ်တွေအင်တာနက်နယ်ပါယ်မှာနေရာယူလာနိုင်တာဟာလည်း မုတိတာပွားစရာပါ ။ မိမိဝါသနာပါရာ တစ်ချို့ကဘာသာရေးအဓိက တစ်ချို့က entertainment ၊ တစ်ချို့ကတော့ စာပေအနုပညာ တစ်ချို့ကတော့နည်းပညာ ။ တစ်ချို့ကတော့ လူငယ်ကာလသားကြိုက် ကိုယ်သန်ရာသန်ရာပါ ။အင်တာနက်ဆိုတာ ခူးဆွတ်စားသုံးလို့မကုန်ခန်းနိုင်တဲ့ ဥယျာဉ်နန်းကြီးပါ။

ဆိုက်တွေတောင်ဈေးကွက်စီးပွားရေးသဘောဆန်လာနေပါပြီ..နေရာလုလာနေရပါပြီ ပြင်ပပုံနှိပ်မီဒီယာတွေဖြစ်တဲ့ ဂျာနယ်များနဲ့မတူတာကတော့ ဂျာနယ်ဈေးကွက်က အတက်အကျမြန်ဆန်ပါတယ် တစ်ပတ်အတွင်းစောင်ရေ သောင်းနဲ့ချီတက်နိုင် ကျနိုင်တာပါ ၊ ဥပမာ..ကြားဖြတ်ရွေးကောက်ပွဲကာလ၊ ရခိုင်အရေးအခင်းကာလ ၊ ကချင်စစ်ပွဲကာလများ မှာ အထူးသတင်းထောက်များစေလွှတ်နိုင် သတင်းဦး သတင်းထုးစောလျှင်စွာ တင်နိုင်တဲ့ ဂျာနယ်တွေ စောင်ရေတက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ အွန်လိုင်းဆိုတာကတော့ အထအကြွ နှေးပါတယ် စောင်ရေကို share လုရတာမဟုတ်ပဲ မင်ဘာကိုshare လုရတာပါ..လုတယ်ဆိုတာ ဆွဲဆောင်ရတာကိုပြောတာပါ ။ ကိုယ့်ဆိုက်ကို မင်ဘာများများဝင်လာဖို့ဆိုတာ ဆိုက်သစ်ဆိုရင် မလွယ်တဲ့ကိစ္စဖြစ်ပါတယ်..

ဒီကနေ့ မြန်မာ့အင်တာနက်နယ်ပါယ်ဆိုတာက သုံးစွဲသူ ပေါက်ကွဲနေတဲ့အနေထားမဟုတ်ပါဘူး တစ်အိအိလေးတိုးတက်နေတာပါ..အင်တာနက်သုံးစွဲသူက ဆိုက်သစ်ပေါ် လူသစ်ပေါ်မဟုတ်ပဲဆိုက်ဟောင်းများက မင်ဘာများပြန့်ကုန်တဲ့သဘောပါ ။

ဆိုက်သစ်တွေဆွဲဆောင်အားကောင်းလေ ဆိုက်ဟောင်းကိုရိုးနေတဲ့ မင်ဘာတွေဆိုက်သစ်ကို အာရုံကျလေဆိုတဲ့သဘောပါ ။ဘောဂဗေဒသဘောအရကတော့..မြန်မာဆိုရှယ်ဝက်ဆိုက်များရဲ့ share က အားမျှခြေဖြစ်နေတာပါ share လုယူနိုင်သူအနိုင်ရကြေးဖြစ်လာပါတော့မယ် ။ ကျွန်တော်တို့ရွှေမြို့တော်ဆိုက်မှာဆိုရင် တစ်ချို့သိတတ်သူများက ဆိုက်သစ်ကြော်ငြာထိုးချင်ရင် ခွင့်တောင်းပြီးမှ ဘလော့တင်ကြပါတယ် ။

တစ်ချို့မျာကျတော့ ခွင့်မတောင်းပဲ ဘလော့တင်ကြပါတယ်။အက်မင်များကလည်း မုတိတာပွားလို့ဘလော့ကိုချပေးနေလျက်ပါ အတော်ရုပ်ပျက်တာကတော့..တစ်နည်းစည်းဖေါက်တာကတော့ မိန်းချက်မှာ ကိုယ့်ဆိုက်သစ်လင့်ကိုမဆက်မပြတ် တစ်ဘုန်းဘုန်းပစ်ချပြနေတာပါပဲ..

ချက်နေတဲ့သူတွေလည်း စိတ်ညစ်ပါတယ်..ဆိုက်ကိုလည်းမလေးစားရာရောက်ပါတယ်..လုပ်ပိုင်ခွင့်ရှိပါတယ် PV ကနေခေါ်ပြောပြီးရှင်းပြစည်းရုံးလို့ရပါတယ်..လုပ်ပိုင်ခွင့်လည်းရှိပါတယ် ။

ဆိုက်သစ်တွေပေါ်လာလေ..ဆိုက်ဟောင်းတွေမျက်ဖြူဆိုက်လေပါ..ဒါလည်း ဓမ္မတာပါဆိုက်ဟောင်း ဆိုက်သစ် အားလုံးကတော့ ခွန်အားရှိသူမှ အသက်ရှင်ရပါတော့မယ်..ကိုယ့် share ကို ကိုယ်ထိမ်းနိုင်မှ..တော်ကာကျပါမယ် ။အက်မင်များရဲ့ ကြံစည်စိတ်ကူးလုံ့လ ၀ိရိယအားထုတ်မှု..မန်ဘာများတင်တဲ့ ဘလော့အရေအသွေး..ကဗျာအရေအသွေး ကောင်းမွန်မှုနည်းပညာများ သတင်းများခေတ်မီမှသာ ဆိုက်တိုင်းလူဝင်များလာမှာပါ ။ ဒါတောင်မှခေတ်ကာလရဲ့စားဝတ်နေရေး စီးပွားရေးက..အရေးပါပါသေးတယ်။

 ဘာပဲဖြစ်ဖြစ်..၀ါသနာပါလို့ လုပ်မိနေမှတော့ ဆိုက်ပိုင်..အက်မင်နဲ့ မန်ဘာများချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး စခန်းသွားကြရပါတော့မယ် ။ညီအစ်ကိုမောင်နှမများလည်းဖြစ်ကြပါတယ်။မင်ဘာများကလည်း စိတ်ကူးစိတ်သန်းကောင်းလေးများရှိရင်..အက်မင်များကို ပွင့်ပွင့်လင်းလင်းအကြံပေးကြဖို့လိုပါတယ်..။

 

ဆိုက်ပိုင်..အက်မင် နဲ့ မင်ဘာများရဲ့ ချစ်ကြည်မှုဖြင့်.................။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...