အချိန်အကြာကြီးစောင့်ခိုင်းထားရင်
ချိန်ထားတာကိုဖျက်ခဲ့ရင် ပို့စ်ကိုဖတ်ရှုပြီးမှ ဒီပို့ကိုဖတ်ပါ
အကြောင်းကတော့ ရည်ရွယ်ချက်ကိုပြန်မရေးချင်တော့လို့ပါ
သင်ကသူ့အိမ်မှာသွားခေါ်တဲ့အခါ သင့်အား နာရီဝက် ၄၅ မိနစ်လောက်စောင့်ခိုင်းထားရင်
ဒါမှမဟုတ် သင့်ကိုအိမ်ထဲဝင်ခိုင်းပြီးတဲ့နောက် အရေးမလုပ်ပဲ ဖုန်းကို နာရီဝက်လောက်ဆက်နေမယ်ဆိုရင်
သူ့ကိစ္စပြီးတဲ့အထိစောင့်လိုက်ပါ
ပြီးရင် ဒီလိုပြောပါ
သင် ။ ။ သဲကို ကိုတစ်ခုလောက်မေးပါရစေ။
သူ ။ ။ အော်… မေးလေ။
သင် ။ ။ သဲကို့ကို တမင်စိတ်စမ်းချင်လို့ ဒီလိုရိုင်းရိုင်းပြပြလုပ်နေတာလား။
ဒါမှမဟုတ် မတော်တဆလို့ပဲဆိုရမလား။
သူ ။ ။ (ပါးစပ်အဟောင်းသားနဲ့ ကြက်သေသေနေမယ်)
သင် ။ ။ နောက်ကိုဒီလို ဘယ်တော့မှမစောင့်ခိုင်းပါနဲ့။ ဟုတ်ပြီလား
သူ ။ ။ ကိုမင်းကို အမြဲလေးလေးစားစား ဆက်ဆံတယ်။ ကို့ကိုလည်း ဒီလိုပဲ ပြန်ဆက်ဆံလိမ့်မယ်လို့မျှော်လင့်တယ်။ နားလည်ပါတယ်နော်။
သူ ။ ။ ဟုတ်.. (ပြောမယ် ဒါမှမဟုတ်) စူပုပ်ပုပ် လုပ်နေမယ်
သင် ။ ။ ကောင်းပြီ ။ အခုကိစ္စအတွက် သဲကို ဒဏ်တပ်ရမယ်။ (ဒဏ်ပေးနည်းကိုတော့ သင်မပေးချင်ပါ)။