ခွက်ထဲမှာ ရေတစ်ဝက်တောင်ရှိတယ်ဟေ့ (အကောင်းမြင်) (တိုးမြင်ခြင်း)
ခွက်ထဲမှာ ရေတစ်ဝက်ပဲရှိတယ်ကွာ (အဆိုးမြင်) (လျော့မြင်ခြင်း)
ခွက်ထဲမှာ ရေတစ်ဝက်ရှိနေခြင်းဟာ ရေတစ်ဝက်ရှိနေခြင်းပဲ (အမြင်မှန်)(အတိအကျအမြင်)
သူငယ်ချင်း အမြင်မှန် ရပြီလား … အမြင်မှန်ရပါစေ …
……………………………………………………………………………………………………………………..
အမှန်တရားကို အတိုးအလျော့လုပ်လို့မရဘူး
အမှန်တရားမှာ အပိုအလိုမရှိဘူး
အမြင်မှန် မရမချင်း မသိစိတ်က ဘက်လိုက်နေမှာပဲ
……………………………………………………………………………………………………………………..
အကောင်းမြင်ပဲရှိရင် အကောင်းပဲမြင်တတ်မယ်
အဆိုးမြင်ပဲရှိရင် အဆိုးပဲမြင်တတ်မယ်
အမြင်မှန်ရဖို့ ဘက်ပေါင်းစုံက ကြည့်တတ် မြင်တတ် ခံစားတတ်ရမယ်
……………………………………………………………………………………………………………………..
အကောင်းမြင်သဘောထား ရှိတိုင်း ရလဒ်ကောင်းမယ်မထင်နဲ့
အဆိုးမြင်သဘောထား ရှိတိုင်း ရလဒ်ဆိုးမယ်မထင်နဲ့
အမြင်မှန်ရှိတိုင်းလည်း ကဲ့ရဲ့လွတ်မယ်မထင်နဲ့
……………………………………………………………………………………………………………………..
ကောင်းတာရယ် မှန်တာရယ် သင့်တာရယ် ရွေးချယ်စရာကြုံတဲ့အခါ သင့်တင့်တာကိုရွေးရမယ်