Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မှန်တစ်ချပ်၏..ပြောင်းပြန်ဂုဏ်သတ္တိ

$
0
0

နင်မမှတ်မိလို့ ပါ နှစ်ထပ်တိုက်လေးရဲ့ အပေါ်မှာပထမဆုံးဆုံစည်းခဲ့ တာတွေ...... ငါကတော့ မမေ့သေးဘူးလေ

စတွေ့ ကတည်းက အပြစ်ကင်းတဲ့ မျက်နှာလေး ခုထိလည်းငါ့ မျက်ဝန်းမှာဝဲနေတုန်းပဲ

ငါ ဆုတောင်းမှားခဲ့ ပြီလားချစ်သူရယ်.......

ငါနင့် ကိုစတွေ့ တဲ့ အချိန်ကတည်းကငါနဲ့ ပတ်သက်ရင်နင့် ကိုမှန်တစ်ချပ်ဖြစ်ပါစေဆိုပြီးဆုတောင်းခဲ့ ဖူးတယ်

ဒါပေမယ့် မှန်တစ်ချပ်မှာပြောင်းပြန်ဂုဏ်သတ္တိရှိတာကို ထည့် မတွက်ခဲ့မိဘူးလေ

ငါပေးတာကမေတ္တာ နင်ပေးတာကဥပေက္ခာတွေဖြစ်နေတော့လည်း ခက်တယ်

ဒီပြိုင်ပွဲစကတည်းက ပြေးလမ်းမှာတစ်ယောက်တည်းရှိတဲ့ ငါ့ ပြိုင်ဘက်နင့် ကိုလျှော့မတွက်ခဲ့ပေမယ့် 

နင်ကတော့ငါ့ ကိုထည့် မှတွက်ရဲ့ လားချစ်သူ ပရိတ်သတ်ဖြစ်တဲ့ မာနခ၇ာတွေကတော့ ခုထိညံနေဆဲပဲနော်

ငါနင့်ကိုအနိုင်ပေးလိုက်ပါမယ် နင်ကျေနပ်မယ်ဆိုရင်ပေါ့

သေချာတာကတော့ နင်နိုင်ခဲ့ ပြီးပြီလေငါနဲ့ ပတ်သက်ရင်ပေါ့

မမြင်ချင်တာတွေမြင်ပါများတော့ ငါမျက်နှာလွှဲတတ်လာတယ်

နာကျင်စရာတွေများလာတော့ မသိချင်ယောင်ဆောင်တတ်လာတယ်

ငါခုနားထောင်တတ်လာတာလည်း two is better than one သီချင်းလေးလေ

may be u too......... i can't live without u

may be two............ is better than one

now i am thinking two is better than one......

ငါခုအရင်လိုမဆိုးတော့ဘူးသိလား

နင်မဆက်စေချင်တဲ့ ဖုန်းလဲငါမဆက်တော့ ဘူး

နင်မတွေ့ ချင်တဲ့ ငါ့ကိုလည်းမမြင်၇အောင်နေလိုက်မယ်လေ

နင်မကြားချင်တဲ့ စကားတွေလည်းငါမပြောတော့ဘူး

သေချာတာကတော့  ငါတော်တော်လေးနာကျင်နေခဲ့ တယ်ချစ်သူ

နင့်အတွက်ခေါက်နေခဲ့ တဲ့ ကြိုးကြာလေးတွေ ၁၅၀၀ မပြည့် သေးပေမယ့် 

ငါ့ သက်ပြင်းတွေ၁၅၀၀ကျော်နေပြီ လေ

နင့် အတွက်ရေးထားတဲ့ စာကြောင်းလေး၁၅၀၀ မပြည့် သေးပေမယ့် 

ငါ့ အလွမ်းတွေမရေတွက်နိုင်တော့ ဘူး

ငါ့ ရဲ့ ကောင်းကင်ကနင်ကိုမော့ မကြည့် လည်း ကန်ရေပြင်ထဲက နင့်အရိပ်မှာငါ့မျက်ဝန်းရှိစမြဲပါချစ်သူ

ဒီတခေါက်တော့ မမှားအောင်ငါဆုတောင်းလိုက်ပါတယ် နင်ပျော်ပါစေလို့ 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>