Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူငယ်နှင့်ပညာရေး

$
0
0

လူငယ်နှင့်ပညာရေး

ကျွန်မတို့နိုင်ငံမှာ အများအားဖြင့်လူငယ်တော်တော်များများဟာ စိတ်မကောင်းစရာ လမ်းမှားနေတာကို တွေ့မြင်ရပါတယ်။

ပညာရေးနဲ့ပက်သက်ပြီး တချို့လူငယ်တွေခံယူထားတဲ့စိတ်ထားဟာ ကြောက်စရာကောင်းလောက်အောင် လမ်းလွဲနေတာကိုလည်း မြင်တွေ့ကြားသိနေရတယ်။

ဆယ်တန်းမအောင်တဲ့ ကလေးတွေလူငယ်တွေကိုမေးကြည့်ဖူးတယ်။ ဘာလို့ဆယ်တန်းအောင်အောင် မဖြေကြတာလဲလို့ပေါ့။ အများအားဖြင့်သူတို့အဖြေတွေဟာ ဆင်ဆင်တူကြပါတယ်။

သူတို့ဖြေတတ်ကြတာကတော့ အောင်ရင်ဘာလုပ်ရမှာလဲတဲ့။  ( မိဘတွေလည်းမအားတာ အလုပ်ရှုပ်တာတွေလည်း ပါမှာပေါ့။ )

အမှန်က ၁၀တန်းဆိုတာမျိုးက အခြေခံလေးရှိရင် ၅ လလောက်စာဖတ်ရင် ကောင်းကောင်းကို အောင်နိုင်လောက်ပါတယ်။

အရေးကြီးချက်က အောင်ချင်စိတ်ကိုမရှိကြတာပါ။ ပတ်ဝန်းကျင်ကလည်း အောင်တာနဲ့မအောင်တာနဲ့ ဘာမှမထူးသလိုလည်းသူတို့တွေ တွေ့မြင်နေကြမှာပေါ့။

ဘေးအိမ်ကပွဲစားက ၉ တန်းတောင်မအောင်ပဲ စီးပွားဖြစ်နေတာတို့၊ ဟိုဆရာဝန်ကမွဲတယ်ဆိုတာတွေ ပါပါလိမ့်မယ်။

ဆရာဝန်တစ်ယောက်က လခ(average) ၁၀၀၀,၀၀ ရတယ်ဆိုပါတော့။

တက္ကစီမောင်းတဲ့သူ က ၃၀၀၀,၀၀ လောက်ရနေတယ်ဆိုတာမျိုး တွေက သူတို့တွေက ဦးဏှောက်တွေကိုအရောင်မှိုင်းစေခဲ့မယ်နဲ့တူပါရဲ့။

အချို့ကိစ္စတွေမှာ စာသင်နေတဲ့သူတွေကိုတောင် လှောင်ပြောင်တာမျိုး ဖြစ်လာကြနေပြီး။ ပညာမတတ်တဲ့သူတွေများလာရင် ဘာဖြစ်လာနိုင်မလဲ။

စိတ်ပညာမှာလဲရှိတယ်။ လူတစ်ဦးက ကိုယ်ကိုယ်တိုင် သေချာမသိတာများလာတဲ့အခါမျိုးမှာ မိမိရဲ့မသိခြင်းတွေကို ကာကွယ်ဖို့ တတ်သိကျွမ်းတဲ့သူကို ခံငြင်းတာတွေပေါ့။

ငါ့စကားနွားရပေါ့။ အဲလိုလူမျိုးတွေ မသိနားမလည်တဲ့သူတွေ နားယောင်မိရင် ဒုက္ခရောက်နိုင်ကြပါတယ်။

လူချင်းတူပေမယ့် စာကောင်းကောင်းတင်ထားတဲ့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ဘေးကို ရှောင်ရမယ် ဆိုတာလည်းနားလည်ကြတယ်။

အရမ်းကောင်းတယ်လို့တော့မပြောဘူးနော်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က argument approach ကို သိပ်အားမပေးပါဘူး။ ရှေးရိုးဆွဲ ငါဒါသင်မယ်။ ဒါမှန်တယ်၊ မင်းတို့လဲဒီလိုပဲလုပ်ရမယ်လို့ အဲလိုမျိုးတွေများနေတာတော့အမှန်ပဲ။

အဲလိုဆိုတော့ ကလေးတွေက critical thinking, problem solving နဲ့ creativity အပြင် ခြုံငုံသုံးသပ်မှု(common sense) တွေ အရမ်းကျသွားလိမ့်မယ်။

လူတစ်ဦး အသိပညာတိုးတက်ဖို့ဆိုတာ သုတရော၊ ရသပါ ဘက်ညီညီလေ့လာဖို့လိုအပ်ပါတယ်။ အေင်မြင်တဲ့သူဖြစ်ဖို့ ဗဟုသုတအပြင် ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးပါတယ်။

ပေါင်းသင်းဆက်ဆံရေးဟာ ကျွန်မတို့နိုင်ငံမှာ သိပ်မသိသာပေမယ့် ဖွံ့ဖြိုးတိုးတတ်တဲ့ နိုင်ငံတွေမှာ ဥပမာ Programmer တစ်ယောက်ဆိုပါတော့၊ ရေးရုံနဲ့မပြီးပါဘူး။

တစ်ဆင့် level ထပ်တတ်ဖို့ အလုပ်အကိုင်ကောင်းသထက်ကောင်းဖို့ seminar တွေ ၊ conference တွေ အများကြီးတတ်ရပါမယ်။ မိတ်ဆွေဖွဲ့ရပါတယ်။

တကယ်တမ်းတော့ ဘ၀မှာအောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးပါတယ်။

ပညာသင်ကြားတယ်ဆိုတာ ငယ်တဲ့အချိန်မှာ အကောင်းဆုံးပါ။ ကြီးလာရင် သင်ဖို့အခွင့်အလမ်းတွေ နည်းသွားပါတယ်။ ဒါကြောင့်ငယ်တုန်းမှာ ပညာရှာပါ။ကြိုးစားပြီးသင်ယူပါ။

စာများများဖတ်ပါ။ စာဖတ်တတော့ဟုတ်ပါပြီး။ ကိုယ်ဖတ်တာမှန်မမှန်ဆင်ခြင်သုံးသပ်ဖို့လည်း လိုသေးတယ်နော်။ ဒီဟာကဒါကိုယူရမယ်။

ဟိုဟာကို ပယ်ရမယ်ဆိုတာလည်း အရေးကြီးသေးတယ်။ စာတစ်ခုဖတ်ပြီးရင် ဆွေးနွေးတဲ့ အလေ့အကျင့်က အရမ်ကောင်းပါတယ်။

ဒါကြောင့်လူငယ်တွေကို နောက်ဆုံးပိတ်ပြောနေကြစကားလေးအတိုင်း စာများများဖတ်ပါလို့တိုက်တွန်းရင်း

 

အားပေးမှုကိုကျေးဇူးတင်လျှက်

အနီရောင်

 

 

 

 

 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>