Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ရွှေ့ရဲ့((ဗုဒ္ဓသာသနာ့အလံ...စတင်လွင့်ထူမှတ်သားပြုသည်)))(ဘာသာရေးဓလေ့ထုံးစံ)
$
0
0
                                         ဗုဒ္ဓသာသနာ့အလံ...စတင်လွင့်ထူမှတ်သားပြုသည်
     မြန်မာနိုင်ငံတွင်သာမက ဗုဒ္ဓဘာသာ နိုင်ငံအသီးသီးမှာ ဗုဒ္ဓဘာသာအခမ်းအနားများ ကျင်းပသည့်အခါတိုင်း ရောင်ခြည်တော်   ခြောက်သွယ်ပါဝင်သည့် သာသနာ့အလံတော်ကို ဂုဏ်ယူဝင့်ကြွားစွာလွှင့်ထူလေ့ရှိကြပါတယ်။ ဘုရားပွဲများ ၊ တရားပွဲများတွင်လည့်း အဝေးကပင် မြင်နိုင်လောက်အောင်ကိုပင် ရောင်ဝါထွန်းလင်းနေသော အလံတော်ကလေးများ ကျက်သရေရှိစွာ လွင့်နေပုံကို လည်း မြင်တွေ့နိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေပန်းချီ လက်လှမ်းမှီသမျှ သိရှိထားသော အသိဗဟုသုတလေးကို ပြန်လည်ဝေမျှ တင်ပြလိုက်ပါတယ်။
ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်တည်ထွင်သူ
    ဗုဒ္ဓဘာသာသာသနာ့အလံတော် စတင်တည်ထွင်ရန် အကြံပြုသူမှာ အမေရိကန်နိုင်ငံသား ကာနယ်အော်လ်ကော့ ဆိုသူပင်ဖြစ်ပါတယ်။
သူ့ကို ၁၈၃၂ ခုနှစ် အမေရိကန်ပြည်ထောင်စု ၊ နယူးဂျာစီ ပြည်နယ် အောရိန်းမြို့ ဇာတိ ဖြစ်ပါတယ်။ အသက် (၂၉)နှစ် အရွယ်တွင် အမေရိကန် ငွေဝယ်ကျွန်စနစ်တိုက်ဖျက်ရေး စစ်ပွဲကြီးတွင်ပါဝင် အမှုထမ်းခဲ့ပြီးနောက် စစ်ကြီးပြီးသောအချိန်တွင် အစိုးရ အမှုထမ်း အဖြစ် ဆောင်ရွက်ရင်း ရှရုားလူမျိုးစိတ်ပညာရှင် မဒမ်ဘာလာစကီး(၁၈၃၁-၁၈၉၁)၏စာပေများကို လေ့လာခဲ့သူဖြစ်ပြီး ၁၈၇၅ တွင် နယူးယောက်မြို့တွင် သီအိုဆိုဖီအသင်းကို တည်ထောင်ခြင်းပြီး ၁၈၇၉ ခုနှစ်တွင် သီအိုဆိုဖီအသင်းချုပ်ကို အိန္ဒိယနိုင်ငံတွင် ပြောင်းရွှေ့ပြီး သာသနာပြုခဲ့ပါသည်။ထို့နောက် သီဟိုလ်ကျွန်းတွင် ..အရှင် အနာဂါရိကဓမ္မပါလ.. နှင့် တွေ့ဆုံပြီး  ဗုဒ္ဓဘာသာကို လေ့လာခဲ့ပါတယ်။ ဆက်လက်ပြီး သာသနာပြုလုပ်ငန်း များကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး မြန်မာနိင်ငံသို့လာရောက်၍လည်း သီအိုဆိုဖီအသင်းတို့ကို တည်ထောင်ခဲ့ပါတယ်။ သာသနာ့လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ဗုဒ္ဓနေ့အခမ်း အနားများ ဗုဒ္ဓစွယ်တော်ပူဇော်ပွဲများတွင် သာသနာ့ဆိုင်ရာအလံများ လွှင့်ထူမှုနှင့် ပက်သက်ပြီး လွင့်ထူစရာအလံမရှိသည်ကို သူသတိပြုခဲ့မိပါတယ်။
        သူသည် ကိုလံဘိုကော်မတီနှင့် ဆွေးနွေးပြီး ဘုရားရှင်၏ရောင်ခြည်တော် ခြောက်သွယ်အလံကို တင်ပြခဲ့ပါတယ်။
ဗုဒ္ဓဘာသာ သာသနာ့အလံတော် စတင်အသုံးပြုခြင်း
              ထိုဒီဇိုင်းကို သီဟိုဋ်သာသနာ့ဥသျှောင်(သာသနာပိုင်)ဆရာတော် ..သီရိသူမင်္ဂလမဟာထေရ်..ထံတင်ပြရာ ဆရာတော်ကြီးက အတည်ပြုတော်မူသဖြင့် ၁၈၈၅ ခု ဧပြီလ ၂၈ ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်နေ့ ဗုဒ္ဓဟူးနေ့တွင် သာသနာ့အလံကို ပထမဦးဆုံး လွှင့်ထူခဲ့ကြပါတယ်။
          ထိုအချိန်က သာသနာ့အလံကို ဒေသအတွင်းတွင်သာ အသုံးပြုခဲ့ကြပါသည်။ နောင်တွင် အရှင်အနာဂါရိကဓမ္မပါလသည် ဂျပန်နိုင်ငံ စသော နိုင်ငံအသီးသီးကို သယ်ယူဖြန့်ချီခဲ့ပါတယ်။ သို့သော် အစတွင် များစွာမတွင်ကျယ်ခဲ့ချေ။ ၁၉၅၀ ခုနှစ်တွင် သီဟိုဋ္ဋ်နိုင်ငံလုံး   ဆိုင်ရာ ဗုဒ္ဓဘာသာကိုယ်စားလှယ်များကို ဖိတ်ကြားပြိး မတ်လ ၂၅ ရက်နေ့တွင် ကန္ဒီမြို့တွင် ကမ္ဘာဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။
တူညီသောအမှတ်လက္ခဏာအဖြစ် သီဟိုဋ်နိုင်ငံတွင် အသုံးပြုလျက်ရှိသော ဗုဒ္ဓသာသနာ့အလံကို တညီတညွတ်တည်း လက်ခံအ သုံးပြုကြရန် နိုင်ငံပေါင်း ၂၀ မှ ကိုယ်စားလှယ် အားလုံးကလည်း လက်ခံကြသဖြင့် ၁၉၅၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင် ထိုအလံကို သာသနာ့အလံအဖြစ် လွှင့်ထူခဲ့ကြပါတယ်။
    ထိုအချိန်မှစတင်ပြီးနောက် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာအသင်းအဖွဲ့များသည် မြတ်စွာဘုရားရှင်၏ ရောင်ခြည်တော် ခြောက်ပါးကို ဒီဇိုင်းပြုလုပ်ထားသော အလံကို သာသနာ့အလံတော်အဖြစ် အထိမ်း အမှတ်ပြုကာ အသုံးပြုခဲ့ကြခြင်းပင် ဖြစ်ပါတယ်။
(သကျဝံသ၏ မြန်မာ့ယဉ်ကျေးမှု စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။)         
                                                                                             ရွှေပန်းချီ (21-2-13) 6း00 PM။
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>