Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ငြိမ်းချမ်းရေး အတွေး

$
0
0

ငြိမ်းချမ်းရေး လွတ်လပ်ရေး ဘာရေး ညာရေး

ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်အတိမ်အနက်ကိုရှာရင်းနဲ့ပဲ

ငြိမ်းချမ်းမှုနဲ့ လွတ်လပ်မှုတွေကို ဆုံးရှုံးနေကြရတယ်

အနက်အဓိပ္ပါယ် အရကောက်ချင်းမတူတာနဲ့ပဲ ရန်သူလိုလိုဖြစ်သွားတတ်ကြတယ်

ဘယ်သူ့ကိုမှအပြစ်မဆိုချင်ဘူး လောကသဘာဝလို့တောင်ပြောရမလိုဖြစ်နေတယ်

ရှေးက နှာခေါင်းကို ရှက်စရာ အမှတ်နဲ့ ဖုံးအုပ်ကာကွယ်ခဲ့ မယ်ဆိုရင် ခင်ဗျားတို့ ကျနော်တို့ လိုက်အုပ်ကြမယ် လိုက်လုပ်ကြမယ်

စကားလုံး စကားစု လေးတစ်ခုကတောင် အငြင်းပွားစရာ ပဋိပက္ခဖြစ်နိုင်ကြသေးရင်

ကိုယ့်ဘာသာစကားတွေမဟုတ်တဲ့ စာပေတွေ ကျမ်းဂန်တွေဆိုရင်

အဓိပ္ပါယ်ကောက်တဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက်ဘယ်လိုတူနိုင်ကြပါ့မလဲ

တစ်ယောက်နဲ့ တစ်ယောက်ဆို နှစ်ယောက်ပေါ့ နှစ်ယောက်ဆိုတော့ နှစ်စိတ်ပေါ့ နှစ်စိတ်ဆိုရင် ရှုပ်နေပါသေးတယ်

ကိုယ်တစ်ယောက်တည်းတောင် စာအုပ်တစ်အုပ်ကို ဒီတစ်ကြိမ်ဖတ်တာနဲ့ နောက်တစ်ကြိမ်ဖတ်တာ အတိမ်အနက်မတူနိုင်ကြဘူး

ဒါကိုတော့ စာဖတ်သူလက်ခံနိုင်မယ်ထင်တယ်

သဘောတရားရေးရာ ယုံကြည်မှုရေးရာ အကြောင်းအရာတွေဆို ပိုပြီးလေးနက်တယ် ပိုပြီးလည်း ကွဲလွဲနိုင်တယ်

သမိုင်းကာလ ကြာလေ ကွာခြားနိုင်လေပဲ

သမိုင်းကိုပြောရင် တုတ်ထမ်းငြင်းကြရတယ်မဟုတ်လား

ကျန်ာတို့ ဘာလို့အငြင်းပွားနေကြဦးမလဲ မျက်နှာချင်းဆိုင် ထိုင်မယ့်အစား ဘေးချင်းကပ်ပြီး ပုခုံးချင်းဖက်လိုက်တာ ပိုမကောင်းဘူးလား

သဘောထားချင်းမတူရင် တချို့လူတွေဟာ တိရိစ္ဆာန်ဖြစ်သွားတယ်

မယုံဘူးလား ကြည့်လေ…

သဘောထားချင်းမတူတာနဲ့ အင်အားကြီးတဲ့သူတွေက အင်အားငယ်တဲ့သူတွေကို မှားတယ်ဆိုတဲ့ တံဆိပ်တုံးခပ်ကြတယ်

ဆက်လက်ဆွေးနွေးခွင့်မပြုတော့ဘူး လွတ်လပ်ခွင့်တွေကို ဖိနှိပ်ထိန်းချုပ်လိုက်ကြတယ် ဒါဟာ ကြီးနိုင်ငယ်ညှင်းဝါဒပဲမဟုတ်လား တနည်းအားဖြင့် တိရိစ္ဆာန်ဝါဒပဲပေါ့

တိရိစ္ဆာန်ဝါဒကို ကျင့်သုံးမှတော့ တိရိစ္ဆာန်ပဲပေါ့

ဥပမာ - ကမ္ဘာကြီး လုံးသလား ပြားသလားဆိုတဲ့ ကိစ္စတွေ နေက ကမ္ဘာကို ပတ်နေသလား ကမ္ဘာက နေကိုပတ်နေတာလားဆိုတဲ့ ကိစ္စတွေ နှလုံးမှာအသိဥာဏ်ရှိနေတာလား ဦးနှောက်မှာအသိဥာဏ်ရှိနေသလား ဆိုတဲ့ကိစ္စတွေမှာ အမှန်တရားအတွက် အသက်တွေ သွေးတွေနဲ့ ရင်းခဲ့ရတယ်ဆိုတာ အားလုံးလဲ သိကြမှာပါ

အမှန်တရားအတွက် အသက်စွန့်ခဲ့တဲ့ သူရဲကောင်းတွေကို အခုရေးနေတဲ့စာ ခဏရပ်လို့ ရင်ထဲကနေ လေးလေးနက်နက် အလေးပြုမိတယ် …..လေးစားတယ် တကယ်လေးစားတယ်

ကိုင်တွယ်လို့မရတဲ့ သဘောတရားတွေအတွက် အသက်နဲ့ ခန္ဓာကိုယ်စွန့်ရဲတဲ့ သတ္တိရှိတဲ့ သူရဲကောင်းတွေကို ပိုလို့တောင် လေးစားမိသေးတယ်

တရုတ်စကားပုံရှိတယ် လူမိုက် ၁၀၀၀ လွတ်မြောက်သွားပါစေ လူလိမ္မာ ၁ ယောက် မှားပြီး အပြစ်မပေးမိစေနဲ့တဲ့

ငြိမ်းချမ်းရေး ငှက်ငယ်တွေကို လှောင်အိမ်ထဲထည့် မိတဲ့အခါ လောကကြီး အကျည်းတန်နေလိမ့်မယ်

လက်လှမ်းမီရာ ပတ်ဝန်းကျင်ကို နည်းနည်းလောက် လေ့လာကြည့်လိုက်ပါ ငြိမ်းချမ်းရေးငှက်ငယ်တွေ ဘယ်ရောက်နေလဲပေါ့ြ

ငိမ်းချမ်းရေးကို ဆောင်ကျဉ်းလာမယ့် ငှက်ငယ်တွေက ဘယ်သူတွေလဲ

ငြိမ်းချမ်းရေးငှက်ငယ်တွေဟာ သေရမှာမကြောက်ကြဘူး မျိုးတုံးပျောက်ကွယ်မှာ မကြောက်ကြဘူး သူ့အလုပ်သူလုပ်ရင်းနဲ့ အသက်ရှင်တယ်

အမှန်တရားက လူထဲမှာရှိတာမဟုတ်ဘူး

လူကိုထိန်းချုပ်လို့ ရနိုင်ပေမယ့်

အမှန်တရားကိုတော့ ထိန်းချုပ်ခွင့်မရှိဘူး

ထိန်းချုပ်လို့လည်းမရဘူး

တခါတရံမှာ ရန်သူ့လို့မြင်ထားတဲ့ ကိုယ့်ရဲ့သဘောထားကိုပြောင်းလိုက်တာနဲ့

စည်းလုံးခြင်း ဆိုတာ စက္ကန့်မခြား ရောက်လာလိမ့်မယ်

စည်းလုံးခြင်းနဲ့ရောက်လာတာနဲ့ ငြိမ်းချမ်းခြင်း လွတ်လပ်ခြင်းတွေဟာ ပုခုံးချင်းဖက်ပြီး သင့်ထံရောက်လာလိမ့်မယ်

တခါတရံမှာ ရယ်စရာကောင်းတာက

ကျနော်တို့ကရန်သူလို့ထင်ထားတဲ့ သူတွေဆီမှာ အင်အားတွေ မရှိတတ်ကြဘူး

လက်နက်တွေ မရှိကြဘူး ငွေကြေးလည်း မရှိကြဘူး ကိုယ့်ကိုယ်ရန်ုပြုမယ့် ပုံစံလဲမရှိဘူး

လောကအကျိုးယုတ်စရာအချက်အလက်တွေ ဘာမှမရှိကြဘူး တခါတရံ လောကအတွက်များစွာအကျိုးပြုနိုင်တဲ့သူတွေတောင်ဖြစ်နေတတ်ကြပါသေးတယ်

သူ့မှာရှိတာက တခြားမဟုတ်ဘူး ... ကိုယ်နဲ့မတူတဲ့ သဘောထားလေးပဲ

ဒီသဘောထားလေးကိုပဲ ခင်ဗျားတို့ ကျနော်တို့တွေ တော်တော်ကြောက်နေတတ်ကြတယ်

သဘောထားဟာ အရာရာကိုဖြစ်စေတယ်

ဒါ့ကြောင့် သမ္မာဒိဋ္ဌိ - မှန်ကန်သင့်မြတ်တဲ့ အမြင်(သဘောထား) ဆိုတာကို မဂ္ဂင် ၈ ပါးရဲ့ ထိပ်ဆုံးမှာတွေ့ရမှာဖြစ်ပါတယ် သဘောထားဟာ အရေးအကြီးဆုံးဖြစ်လို့သာ ထိပ်ဆုံးမှာ ရှိနေခြင်းလည်းဖြစ်ပါတယ်

ဥပမာ…

- အတန်းကျောင်း ပညာရေးဟာ လက်တွေ့မှာ တကယ်အသုံးမ၀င်ပါဘူးလို့သဘောထဲတဲ့သူဟာ ဘယ်မှာ ပညာရေးထူးချွန်တော့မလဲ

- တစ်ယောက်နဲ့တစ်ယောက် မယုံတဲ့ သဘောထားရှိတဲ့ အိမ်ထောင်ရေးဟာ ဘယ်မှာသာယာမှု တော့မလဲ

- အမှားကိုလက်ခံနိုင်တဲ့ သဘောထားမရှိတဲ့လူတွေမှာ အမှန်တရားဘယ်မှာ ရနိုင်ပါတော့မလဲ (ထားပါ)

စကားလမ်းကြောင်းလွဲမသွားခင် ပြန်ဆက်လိုက်ရအောင်

ငြိမ်းချမ်းမှုတွေ လွတ်လပ်မှုတွေဟာ သိပ်ဝေးလွန်းတဲ့နေရာမှာရှိတာမဟုတ်ဘူးဗျ

သဘောထားပြောင်းလိုက်တာနဲ့ မှောက်ထားတဲ့လက်ကို လှန်လိုက်သလို

လှန်ထားတဲ့လက်ကိုမှောက်လိုက်သလို

မငြိမ်းမချမ်းမှုတွေက ငြိမ်းချမ်းလာမယ်

မလွတ်လပ်မှုတွေက လွတ်လပ်လာမယ်

အသက်ရှိသူတိုင်း လေကိုအခမဲ့ ရှူရှိုက်ခွင့်ရှိသလို

အသိရှိသူတိုင်း သဘောထားပြောင်းလဲခွင့်ရှိတယ်

လေကိုရှူလို့ အခ မပေးရသလို သဘောထားပြောင်းလဲမှုအတွက် အခွန်ဆောင်စရာမလိုဘူး

ကျနော်တို့ဟာ မြန်မာနိုင်ငံမှာ လူဖြစ်ရတာအဆင်ပြေတယ်

မြန်မာနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ပေးထားတယ် ဟိန္ဒူတွေ ခရစ်ယာန်တွေ ရှိသလို အစ္စလာမ်တွေလည်းမနည်းတော့ဘူး

ဘာသာတရားတွေအားလုံးဟာ ငြိမ်းချမ်းမှုကို သူ့နည်းသူ့ဟန်ရှာဖွေနေကြတာချည်းပဲဖြစ်တယ်

သင်လည်း သင့်နည်းသင့်ဟန် ရှာဖွေနေသူ ဖြစ်ပါလိမ့်မယ်

သင်ငြိမ်းချမ်းမှုရတဲ့ အခါ တခြားသူတွေကို မျှဝေပါ

သင့်ငြိမ်းချမ်းမှုကြောင့် သူတကာ မငြိမ်းမချမ်းဖြစ်စေခဲ့ရင်တော့

တရားမျှတသော ငြိမ်းချမ်းရေးမဟုတ်ကြောင်း ပြောကြားရင်း...

တရားမျှတသော ငြိမ်းချမ်းရေး နဲ့ လွတ်လပ်လုံခြုံမှု ကို အသက်ရှင်စဉ် မသေခင်အတွင်း ရရှိခံစား စံစားနိုင်ကြပါစေ…

ရရှိထားပြီးသူများလည်း မရသေးရှိသူများအပေါ် မျှဝေပေးနိုင်ကြပါစေ….လို့ ဆန္ဒပြုပါရစေ…


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>