ကျွန်မတို့ကျင်လည်ရာလူပတ်ဝန်းကျင်မှာ နေစဉ်တွေ့ကြုံနေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊
ဘာသာရေးစသော ပတ်ဝန်း ကျင် နယ်ပယ် အသီးသီးရှိ လူပုဂ္ဂိုလ်များ၏ ရပ်တည်ချက်
သဘောထား တွေ့ရှိချက်များအမျိုးမျိုးတွေရှိရပါတယ်။
လူဆိုတာမွေးလာသည်မှ သေဆုံးကြသည်အထိ လူနှင့် လူမှုပတ်ဝန်းကျင်တွင် ရှင်သန် နေ ထိုင်ကြရာ အစုအဖွဲ့
အသေးမှ အစအကြီးအထိနယ်ပယ် အသီး သီးတွင် လူအများနှင့် ထိတွေ့ဆက်ဆံကြရာတွင်
အများ၏ချစ်ခင်လေးစား ယုံကြည်မှုရရှိရန်အတွက်
၁။ ကိုယ်ကျင့်တရားကောင်မွန်မှု
ငွေကြေးစည်းစိမ်ဥစ္စာ ၊အာဏာအတွက်မဟုတ်ပဲအများအကျိုးအတွက် စံအဖြစ်သတ်မှတ်ထားကိုယ်ကျင့်တရားကို ရိုးသားစွာဖြင့်
ကြိုးစားစောင့်ထိန်းဖို့လိုအပ်ပါသည်။
အများအကျိုး ဆက်ဆံလုပ်ကိုင် နေသောလူများအနေဖြင့် အာဏာ ငွေကြေးအတွက်
မဟုတ်ပဲအတ္တ.ပရခွဲကာအထူးရှောင်ကျဉ် စောင့်ထိန်းဖို့ လိုအပ်ပါသည်။
သို့မှသာ မိမိပါဝင်သော အစုအဖွဲ့သာမက အခြားသောအစုအဖွဲ့ ပုဂ္ဂ္ဂိုလ်များမှပါ လေးစားယုံ ကြည်မှု ရရှိနိုင်မည်ဖြစ်ပါသည်။
၂။ ရိုးသားဖြူစင်မှု
အများအကျိုးအတွက်လုပ်ဆောင်ရာတွင် ပွင့်လင်းပြီး မိမိ၏ ပုဂ္ဂ္ဂိုလ်ရေး ထင်ပေါ် ကျော်ကြားမှု၊ အခွင့်အရေး ရာထူးနေရာ ရရှိမှုအတွက်
အခြေမခံဘဲ စေတနာအရင်းခံ ပါဝင်ဆောင်ရွက်မှုကို ဆိုလိုပါသည်။ မိမိ၏ စိတ်ရင်းစေတနာအမှန်ကို အခြေမခံဘဲ မရိုးသားသော ရည်ရွယ်ချက် အကြံအစည်ကိုအခြေခံပြီး ထင်ပေါ်ကျော်ကြားလိုရေး အာဏာကိုအသုံးချ၊ အများကို ခုတုံးလုပ်အသုံးချ၍ မိမိနေရာရရှိရေး၊ ထင်ပေါ်ကျော်ကြားရေး အတွက် ဆောင်ရွက်ခြင်းဖြင့် မည်သို့မှ အများ၏ စစ်မှန်သော ချစ်ခင်လေးစားမှု၊ ထောက်ခံမှုကို ရရှိမည်မဟုတ်ပါ၊ ၄င်း၏ အခြေအနေ အရပ်ရပ်ကို မသိသေးသော သူများကသာ ထောက်ခံမည်ဖြစ်သော်လည်း ရေရှည်တွင် လူအများ လေးစားမူကိုမှတ်ကျောက်တင်ခံနိုင် မည်မဟုတ်ပါ။
၃။ စွန့်လွတ်အနစ်နာခံနိုင်မှု
မိမိပါဝင်ပတ်သက်နေသော အဖွဲ့အစည်း ဆောင်ရွက်ရာ၌ ထိုက်သင့်သော ပေးဆပ်မှု အနစ်နာခံမှု ရှိရမည်။ အချို့သော ပုဂ္ဂ္ဂိုလ်များမှ အခွင့်အရေး၊ ရာထူး၊ နေရာ မိမိအတွက် အကျိုးအမြတ်ကို စဉ်းစားပြီးမှ ပါဝင်ဆောင်ရွက်သူများလည်းရှိရာ ထိုပုဂ္ဂ္ဂိုလ်များအနေဖြင့် အများအတွက် ကူညီဆောင်ရွက် နေသည်ဟု အပေါ်ယံ မည်ကဲ့သို့ပြောဆိုလုပ်ဆောင်နေပါစေ ကိုယ်ကျိုးရှာ အချောင်သမားများသာဖြစ်နေမည်။
အမြဲတမ်းလိုလို ကြားသိတွေ့ကြုံနေမှုများအရ လူတဦးတယောက် (သို့) အဖွဲ့အစည်းတခုခုမှ ငွေကြေးတစုံတရာ ထောက်ပံ့ ပေးကမ်းမှု၊ ရရှိမှု မရှိဘဲ ဖရီး( free ) အနေဖြင့် လူမှုရေး အကူအညီ တောင်းခံလာခဲ့သော် အကြောင်းအမျိုးမျိုး ပြ၍ ငြင်းပယ်မှုများ ရှိပါသည်။
မိမိတတ်နိုင်သောအချိန်၊ အကြံဥာဏ်၊ ငွေကြေးစသည်ဖြင့် စေတနာသန့်စွာ အခြားရည်ရွယ်ချက်မပါပဲ ပေးဆပ်ကူညီ မှုကိုဆိုလိုပါသည်။ သိုမှသာထိုပုဂ္ဂ္ဂိုလ်သည် အများ၏ လေးစားယုံကြည်မှုကို ရရှိမည်ဖြစ်ပါသည်။
၎။လေ့လာမှတ်သားမှု
မည်သည့်ကိစ္စ အကြောင်းအရာမဆို တသမှတ်တည်းအမြဲမနေ၍ စဉ်ဆက်မပြတ်ပြောင်းလဲ တိုးတက် နေသော အကြောင်းအရာ၊ နည်းပညာ၊ အတွေးအခေါ်များကို နေရာဒေသအလိုက် အံဝင်ဂွင် ကျအသုံးပြုနိုင်ရန် အတွက် အစဉ်အမြဲ လေ့လာမှတ်သားဖို့လိုအပ်ပါသည်။ သို့မှသာ ရရှိထားသော အတွေ့အကြုံ ဗဟုသုတများကို အသုံးချနိုင်မည်ဖြစ်သည်။
မိမိ ရောက်ရှိနေထိုင်ကျင်လည်သော အ၀န်းအ၀ိုင်းတွင် သက်ဆိုင်ပတ်သက်သည့် အရာများကို လေ့လာဆည်းပူးမှုမရှိဘဲ မသိသလို နေထိုင်ခြင်းဖြင့် အချိန်ကိုဖြုန်းတီးနေသကဲ့သို့၊ အကြောင်း ကိစ္စ တစုံတရာပေါ်ပေါက်လာသောအခါ မည်သို့မျှ ဦးဆောင်ပါဝင် ဆွေးနွေးနိုင်မည်မဟုတ်ပါ။ မသိလျှင်မေး မစင်ဆေးဆိုသကဲ့သို့ လေ့လာသင်ယူတဲ့အခါ ရှက်ကြောက်မနေဘဲ
လေ့လာမှတ်သားသင့်ယူသင့်သည်။
၅ဝေဖန်ထောက်ပြမှု
မိမိ၏လေ့လာသင်ယူ မှတ်သားထားသော အသိဥာဏ်ပညာဖြင့် သုံးသပ်ဆုံးဖြတ်၍ ယူသင့်သည်ကိုယူပြီး၊ ပယ်သင့်သည်ကို ပယ်နိုင်ပါသည်။
အခြားသူ၏စိတ်ဓါတ်သဘောထားကို သိရှိနိုင်ပြီး ကောင်းမွန်သော အကြံဥာဏ်အချို့ ရရှိနိုင်သည်။ ကိုယ်ကိုဝေဖန်တာကိုလည်း
လက်ခံဆန်းစစ်ပြီးသူများအတွက်လည်းမှန်ကန်တဲ့ ဝေဖန်ထောက်ပြမူကိုပြုသင့်ပေသည်။
၆ လက်ရှိအခြေအနေအပေါ် ဆုံးဖြတ်နိုင်မှု
နေရာဒေသ အချိန်အခါ၊ အကြောင်းအရာလိုက်ဖြစ်ပေါ်နေမှုကို အခြေခံ၍ တသမတ်တည်းမထားဘဲ သင့်တော်သလို သုံးသပ်ဆုံးဖြတ်နိုင်ရမည်။ တခါတရံ သဘောတရား (Theory) အရ မှန်ကန်သော်လည်း မြို့ရွာ (သို့) လူပုဂ္ဂ္ဂိုလ် (သို့) လက်ရှိ အခြေအနေပေါ်မူတည်၍ အခြေအနေနှင့်အချိန်အခါ ကိုက်ညီအောင် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းရှိရမည်။
၇ သဘောထား ရပ်တည်မှု
တဦးချင်းအရသော်လည်းကောင်း အစုအဖွဲ့အရသော်လည်းကောင်း ကိုယ်ပိုင်သဘောထား ရပ်တည် ချက်များ ရှိကြရာ မိမိတို့၏ ခံယူချက်သဘောထားအတိုင်း စွဲမြဲစွာဆုပ်ကိုင်၍ ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်သွားဖို့လိုအပ်သည်။ သွားရာလမ်း ခရီးတွင် မည်သည့်အတိုက်အခိုက် ခလုပ်ကန်သင်းတွေ့ပါစေ မလျှော့ပဲ စွဲမြဲစွာဖြင့် မိမိတို့၏ ယုံကြည်ချက်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်များကို တိကျခိုင်မာစွာဖြင့် စွဲကိုင် ထားဖို့လိုပါသည်။ ပြတ်သားတိကျသော ဦးဆောင်မှုဖြင့်သာ အောင်ပွဲရရှိမည်ဖြစ်သည်။
အစုအဖွဲ့များဖြင့်လည်း ဤကဲ့သို့ ပုဂ္ဂ္ဂိုလ်များဦးဆောင်မှသာ အများ၏ လေးစားယုံကြည်မှု ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက တဦးချင်း သော်လည်းကောင်း အစုအဖွဲ့အလိုက် သော်လည်းကောင်း အပေါ်ယံဆက်ဆံရေး မှလွဲ၍ လေးနက်သော ယုံကြည်အားထားမှုမရပဲ အထင်သေးရှုံ့ချမှုကို ခံရလိမ့်မည်။ မည်သူ၏ လေးစားမှုကိုမှ ရနိုင်မည်မဟုတ်ပါ၊ ထိုကြောင့် ရပ်တည်ချက်သဘောထားသည် အများနှင့် ဆက်ဆံရာတွင် လွန်စွာ အရေးကြီးပါသည်။
၈။ လိုက်နာကျင့်သုံးမှု
မည်သည့်အကြောင်းအရာကိစ္စမဆို မိမိအပါအ၀င် အများဆန္ဒအရ သဘောတူဆုံးဖြတ် ထားသော ကိစ္စများကို တဦးချင်းစီိမှအပြန်အလှန် လေးစားသောအားဖြင့် ဆုံးဖြတ်သတ်မှတ်ထားသည့်အတိုင်း လိုက်နာ ကျင့်သုံးကြရန်လိုအပ်ပါသည်။ ထိုနည်းဖြင့်လည်း အများ၏လေးစားယုံကြည်မှုရရှိနိုင်သော ပုဂ္ဂ္ဂိုလ် ဖြစ်သည်။
၉။ အဖွဲ့အစည်းစိတ်ဓါတ်
မိမိအစုအဖွဲ့အပေါ်သစ္စာရှိ၍ မိမိစိတ်ဆန္ဒနှင့်မတူသော်လည်း အများ၏ဆုံးဖြတ်ချက် သဘောထား အတိုင်း ပြတ်သားခိုင်မာစွာ ရပ်တည်ပေးရမည်။
အစုအဖွဲ့များအနေဖြင့် တိုင်ပင်နှီးနှောခြင်း ၊စည်းလုံးမူအဖွဲအစည်းစိတ်ဓါတ် ၊စိတ်ဓါတ်ပြင်းပြမှသာ အောင်မြင်တဲ့အဖွဲ့အစည်းတခု
အဖြစ်ရပ်တည်နိုင်မည်ဖြစ်သည်။
ဒါကြောင့် အောင်မြင်တဲ့ အဖွဲ့အစည်းတခုရပ်တည်နိုင်ဖို့ ပြင်းပြသောစိတ်ဓါတ် ရှိမှသာ အောင်မြင်တဲ့အဖွဲ့အစည်းတခုအဖြစ်
အဖွဲ့များအလယ်ရပ်တည်နိုင်မည်ဖြစ်သည်။
ဒါကြောင့် အောင်မြင်တဲ့ အဖွဲ့အစည်းတခုရပ်တည်နိုင်ဖို့ ပြင်းပြသောစိတ်ဓါတ် ရှိမှသာ အောင်မြင်တဲ့အဖွဲ့အစည်းတခုအဖြစ်
အဖွဲ့များအလယ်ရပ်တည်နိုင်မည်ဖြစ်သည်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ