တစ်နေမှာပေါ့ နံရံမှာချိတ်ထားတဲ့လယ်အိပ်လေးကိုယူပြီး ရေးပြီးသားစာမူလေးကို
သေသေချာချာထည့်ကာ ကားလမ်းမအတိုင်းလမ်းလျှောက်ပြီးတော့ စာနယ်ဇင်းတိုက်ကို
ထွက်လာခဲ့တာပေါ့ ။ ကားစီးဖို့ပိုက်ဆံကို ကားမစီးပဲနဲ့ ထမင်းတစ်နှပ်ဖိုးပဲရရဆိုတဲ့အတွေးနဲ့ပေါ့ ၊ စာနယ်ဇင်းတိုက်က အယ်ဒီတာရဲ့စကားသံအောက်မှာ ခေါင်းမဖော်ရဲ့တဲ့ကျွန်တော် လူပုံအလယ်မှာ
မျက်နှာငယ်ရတဲ့ဘဝပေါ့ ဘယ်လိုလူတွေကများ အနုပညာသမားဆိုရင်
ဆင်းရဲ့၇မယ်လို ထင်မှတ်လိုက်ထားကြတာများမသိပါဘူး ။ ကားအကောင်းစားနဲ့
တိုက်လေးတစ်လုံးရဖို့ဆိုတာ ဒီလိုဘဝနဲ့တော့ဘယ်လိုမှကို မလွယ်ကူတာတော့
သေချာပဲလေ။ ခင်ဗျားတို့ပဲစဉ်းစားကြည့်ပေါ့ ၊ လူတွေ လူတွေ ခက်ပါတယ်လေ။
ဒီလိုနဲ့ပဲ ကျွန်တော်ရဲ့အပြန်လမ်းဟာလည်း မရေရာမှုတွေအောက်မှာ
စတေးလိုက်ရတဲ့သဲပွင့်လေးတွေလိုပါပဲ ၊ ရေးထားတဲ့ ကဗျာတွေ ၊ ရေးထားတဲ့စာမူတွေနဲ့
ထမင်းစားနေတဲ့ကျွန်တော်ဟာ ဘယ်လိုအချိန်မှာ လူတွေရဲ့အလယ်မှာ ကားအကောင်းစားကိုစီးပြီး တိုက်နဲ့နေနိုင်မှာလဲလိုတွေးမိလိုက်တိုင်း ဝမ်းနည်းနေရတဲ့ဘဝမို့ မသေချာတဲ့လမ်းဟာ မကောင်းနိုင်ဘူးဆိုတာကိုကြိုတွေးနေမိတာတော့အမှန်ပါပဲ။ တစ်ခါတစ်လေမှာ တစ်ကိုယ်တည်းနေ့နဲ့ညစာကို အတူပေါင်းပြီးစားခဲ့တဲ့ ရက်ပေါင်းဟာ များနေတော့
မမှတ်မိတော့ပါဘူး ။ စာမူခလေးရမှ စားရတဲ့ ကျွန်တော်လို ကလောင်ရှင်လေးအတွက်
လူတွေသတ်မှတ်ပေးတဲ့ လောကအလယ်မှာ မာစတာလင်းသူဆိုတဲ့ နာမည်လေးတစ်လုံးရဖို့ကို ဟောဒီကရင်တွင်းခံစားချက်ကို လူတွေပျော်ရွင်အောင်
လူတွေနားလည်ခံစားနှိုင်အောင်လိုဖန်တီးပေးနေရတဲ့ ရင်ထဲကဒဏ်ရာတွေဟာ
အနာကျက်ဖို့တော့ မလွယ်လှပါဘူး။ ကျွန်တော်ရဲ့ထမင်းအိုးလေးဟာ အားပေးတဲ့သူတွေရှိမှ လွယ်ကူနေတော့ ပိတီကိုစားပြီးအားအင်ရှိနေတဲ့ကျွန်တော်ဟာ
လေတိုက်ရင်တောင် လွင့်မထွက်တက်ပါပဲ ။ ဒါပေမဲ့လာခဲ့ကြပါ လိုကျွန်တော်အိမ်လေးကို
အလည်ခေါ်ပါတယ် မိတ်ဆွေတို့ကို ................လေးစားလျှက်
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ မာစတာလင်းသူ ၊၊၊၊၊၊၊၊၊၊၊၊
↧
ကလောင်ရှင်ရဲ့ထမင်းအိုး
↧