ယွန်း= 10 နာရီထိုးရင်မောင်အိပ်တော့ ကျမလည်းအိပ်တော့မယ် မနက်အလုပ်ဆင်းရမယ်ဆိုတောမောင်အိပ်ရေးပျက်လို့မဖြစ်ဘူး မောင်ဘာတွေလုပ်နေလဲ
မောင်= ချစ်သူအိပ်ပီလားဟင် ဆောရီးနော် အလုပ်ကိစ္စပြောနေတာနဲ့ ကြာသွားတယ်
ယွန်းကို မောင်ပြစ်ထားသလိုဖြစ်သွားတယ် မွ မွ မွပေးမယ် ချစ်အိပ်တော့
၁၀ နာရီထိုးနေပီမဟုတ်လား
ယွန်း= မောင်ကတော့ချက်အုံးမယ်ပေါ့ဟုတ်လား
မောင်= မချက်ပါဘူး ချစ်အိပ်ရင် မောင်လဲ အိပ်တော့မယ်လေ ယုံဘူးလား
ယွန်း= ယုံပါတယ်
မောင်= မောင့်ကိုဘယ်လိုမြင်လဲဟင်
ယွန်း= ဘာကိုမေးတာလဲ စိတ်ဓါတ်လား
မောင်= အော် လူရှုပ်လို့များထင်နေမလားလို့ပါ မောင့်ဘက်က ကြည့်တော့ ရိုးရှင်းတယ် သိလား
လူတစ်ယောက်အနေနဲ့ ပြောချင်တာတော့ ပြောခွင့်ရှိတယ်လို့ထင်တာပဲ
အချစ်ကို ဖြူဖြူစင်စင်လေးချစ်လို့ ရတယ်ထင်တာပဲ
ယွန်း= မထင်ပါဘူးမောင်ရယ် လူရှုပ်ဆိုရင်ဘယ်အကပ်ခံပါ့မလဲ
မောင်= ဖောက်ပြားတဲ့ အကျင့်ဆိုး(အခွင့်အရေးယူခြင်း) မိန်းကလေးတကာအပေါ် မရှိရင်
လမ်းမှန်တယ်ထင်တာပဲ ဒါပေမယ့် လူတိုင်းကိုတော့ ချစ်လို့မရဘူးယွန်းရဲ့ ခင်လို့လဲမရဘူး
အခွင့်ရေးယူရမှာ ရှက်တယ်
ယွန်း= မောင်အခွင့်ရေးမယူတတ်မှန်းသိပါတယ်
မောင်= ချစ်ယွန်းငယ်လေး အိပ်တော့မှာလား
ယွန်း= မောင်အိပ်ရင်အိပ်မယ်လေ
မောင်= ချစ်သူနဲ့စုံတွေ့ချိန်ဆိုတာ အိပ်ငိုက်မယ်မထင်ဘူး
ယွန်း= ဟုတ်တယ်နော်
မောင်= ဗိုက်လဲမဆာဘူး ရေလဲမသောက်ဘူး ရှုးရှုးလဲထမပေါက်ဘူး
အောင့်မနိုင်မှပြေးတာ ဟီးးးး တလလောက်သာ နေ့တိုင်းစုံကြရင်
ဆီးချုပ်ဝမ်းချုပ်ဖြစ်ပြီး ဆန့်မယ်နဲ့တူတယ်
ယွန်း= နက်ဘိုးဘဲကုန်တယ်မဟုတ်လား ယွန်းဆိုရင် စားစရိတ်မကုန်သလောက်ဘဲ
မောင်= မုန့်သာ ၀ယ်စားမထွက်တာ ချစ်သူနဲ့တွေ့ဖို့ဆိုရင် ဘာပဲကုန်ကုန် တွေ့ရဖို့ပဲ သိတော့တယ်နော် အရမ်းစွမ်းတယ်နော်
ယွန်း= ဟုတ်တယ်
မောင်= အိပ်ရေးပျက်လဲ ခံနိုင်တယ် ဒါပေမယ့်လေ သူများစိတ်ဆိုးနေသလားလို့
တွေးမိတဲ့အခါဆိုရင်လဲ နေမထိထိုင်မသာပဲ စိတ်လွတ်နေတတ်တယ် ချစ်တယ်ယွန်းလေးရယ်
ယွန်းလေး အိပ်ငိုက်နေပီထင်တယ် ဒါဆိုရင်မောင်လဲအိပ်တော့မယ်လေ အိပ်ပျော်မယ်တော့မထင်သေးပါဘူး ယွန်းလေးကိုသတိရနေတာ
ယွန်း= မငိုက်သေးဘူး အိပ်ပျော်ဖို့တောင်မနဲကြိုးစားရမယ်မောင်
မောင်= လိုင်းကျလို့လား ဘာလို့လဲချစ်သူရဲ့ မောင့်လိုပဲလား
ယွန်း= အခုမကျတော့ဘူး ခုဏကကျတာ
မောင်= အစောကြီးတုန်းက ဘာလို့ အချစ်မရှာတာလဲဟင်
ယွန်း= ရှာပါတယ်မတွေ့ဘူးလေ အခုမှတွေ့တာ
မောင်= ယွန်းလေး မမြင်ယောင်ဆောင်နေလို့ဖြစ်မှာပေါ့ ဒါပေမယ့် ယွန်းရဲ့အချစ်ခံစားမှုကို
မောင်ပြောကြည့်မယ် ခွင့်ပြုလား
ယွန်း= ဟုတ်မယ်ထင်တယ် အမှန်တိုင်းနော် ……. ပြောလေ
မောင်= ယွန်းလေးရဲ့စိတ်အနေအထားက မသတိမထားမိတဲ့လူတစ်ယောက်က
ချစ်တယ်လာပြောလို့လဲ ရင်သိတ်ခုန်မယ်မထင်ဘူး ပြန်ချစ်ဖို့အရေးကိုလဲ
ဟိုတွေး ဒီတွေးကြားထဲမှာ ပျောက်သွားတတ်တယ် ယွန်းလိုမိန်းကလေးတစ်ယောက်အတွက် အချစ်စစ်တခုဖြစ်ပေါ်လာနိုင်တဲ့ အနေအထားက သံယောဇဉ်နဲ့တွဲမှ ယွန်းရင်ထဲမှာစွဲလမ်းတဲ့ အချစ်တခုဖြစ်ပေါ်လာတယ်လို့ထင်တာပဲ မြင်မြင်ချင်းချစ်တဲ့အရွယ်က လွန်ခဲ့တော့
ဒီအရွယ်မှာ သံယောဇဉ်ပါမှ ယွန်းလေးအတွက် အချစ်စစ်ဖြစ်နိုင်မှာ
ယွန်း= ရွာမှာနေတုန်းကရည်းစား စကားလိုက်ပြောခံရဘူးတယ် ယွန်းမှမကြိုက်ပဲ
မောင်= ဆက်ပြောလေ
ယွန်း= အိမ်ရှေ့ကနေတိုင်းဖြတ်သွားတယ်လေ ရင်မခုံခဲ့ပါဘူးလို့
မောင်= သူလဲ လက်လျော့သွားတယ်ပေါ့
ယွန်း= အင်း …. အခုထိမိန်းမ မရသေးဘူးလေ
မောင်= မောင် အချစ်အကြောင်းလေးတစ်ဆောင် ရေးခဲ့ဖူးတယ် ဟုတ်မဟုတ်တော့မသိဘူး
အရင်ကရေးခဲ့တာပါ ယွန်းရဲ့အချစ်ကို မောင်ရခဲ့လို့ မောင့်ကိုမောင် အထင်မကြီးပါဘူး
ဒါပေမယ့် ယွန်းက မောင့်ကိုတကယ်ချစ်တယ်ဆိုတာတော့ မောင်ယုံတယ် မောင်နဲ့
ပက်သက်ပြီး မရင်ထဲမှာ သံယောဇဉ်ကြိုးဖြစ်တည်နေလို့သာ ယွန်းအချစ်ကို မောင်ရတာ
မောင်= မောင်ရေးခဲ့တဲ့စာထဲမှာ လူသားတွေရဲ့စိတ်ခံစားမှုသည် ကလေးတစ်ယောက်၏စိတ်နှင့်တူ၏ အချစ်သည်လည်းကလေးတစ်ယောက်နှင့်သာတူ၏ အဘယ့်ကြောင့်ဆိုသော်
အပြိုင်အဆိုင် ချစ်ခွင့်ပန်ကြသောအခါ အချစ်သည် သည်းခံခြင်း အနစ်နာခံခြင်း ကြင်နာသနားတတ်ခြင်းရှိသောလူတစ်ဦးအပေါ် ကလေးငယ်တစ်ယောက်ကဲ့သို့
လက်သာယာကို လိုက်တတ်သည်သာတဲ့
ယွန်း= ဘာဖြစ်လို့ …. ယွန်းကိုရောအထင်မသေးဘူးလား
မောင်= ယွန်းလေးကို မောင်က အထင်သေးတယ်ဆိုတာ ဘာကိုစဉ်းစားပြီး သေးရမယ်ကိုမသိဘူး မောင်လက်ခံထားတာက ချစ်တယ်ဆိုတဲ့စကားကို မိန်းကလေး
ဘက်ဖြစ်ဖြစ် ယောက်ျားလေးဘက်က ဖြစ်ဖြစ်အရင်ပြောခွင့်ရှိတယ်လို့ ထင်တယ်
လွတ်လပ်ခွင့်နဲ့ ထိန်းသိမ်းမှုကို မောင်တော့ ခွဲခြားထားတယ် မောင်ခံယူတာက
မှန်တာကိုပြောရရဲရမယ် မကောင်းမှုကို မလုပ်မိအောင် ထိန်းသိမ်းနိုင်ရမယ်လို့ မောင်ခံယူတယ်
တကယ်တော့ ကိုယ်က အရမ်းချစ်လျှက်နဲ့ ငါကမိန်းကလေးပဲဆိုတဲ့ အတွေးနဲ့
ဖွင့်မပြောတာမျိုးကိုတော့ မောင်လက်မခံဘူး။ ဒါပေမယ့် တစ်ဖက်သူက တန်ဖိုးထားတတ်မှု
အပေါ်မှာလဲ မူတည်တယ် အဲဒါကြောင့် မိန်းကလေးတွေ ထိန်းသိန်းနေကျတယ်ထင်တာပဲ
ယွန်း= ယောက်ျားလေးဘက်ကတော့ ဟုတ်တာပေါ့ ယွန်းတို့ကမြန်မာမိန်းကလေးလေ
မောင်= လူသားတွေအားလုံး ဒီကမ္ဘာကြီးပေါ့နော် စစ်တွေ အရေးအခင်းတွေဘာ
လို့ဖြစ်နေကြသလဲဆိုရင် နားလည်မှု မပေးတတ်ကြလို့ထင်တာပဲ သွေးမတော်သားမစပ် လူနှစ်ဦး လက်တွဲတဲ့အခါ နားလည်မှုက ပိုအရေးကြီးတာပေါ့
ယွန်း= နားလည်ပေးတယ်ဆိုတာလည်း ချစ်မှဘဲနားလည်ပေးလို့ရမှာပေါ့
မောင်= အဲဒါမှန်တယ် မောင်လဲ နားလည်မှုတော့ပေးတတ်ပါတယ် ဒါပေမယ့်
အပြစ်မမြင်တာဘာကြောင့်ဆိုတာလဲကိုတော့ ယွန်းလေးနဲ့ ခင်ခွင့်ရခဲ့မှ အဖြေရတာ
ချစ်ခင်လို့ ဘာပဲပြောပြော အပြစ်မမြင်ဘူးဆိုတာ မောင်သိလိုက်ရတာ ချစ်ခြင်းအစ
မျက်စိကတဲ့ တကယ်ချစ်တော့မိတော့လဲ အမှားမမြင် အမှန်မသိကြတော့ဘူးလို့ မောင်ရေးဖူးတယ်။ ဒါပေမယ့် သံယောဇဉ်နဲ့ ဖြစ်ပေါ်လာတဲ့ အချစ်က ပိုခိုင်မြဲမယ်ထင်တာပဲ
မောင်တို့လို ၃၀ကျော်အရွယ်က သံယောဇဉ် အရင်းမတည်ပဲနဲ့တော့ ချစ်သူတွေ ဖြစ်မယ်လို့ မောင်မထင်ဘူး။
ယွန်း= ဟုတ်တယ်နော်
မောင်= ဟုတ်တယ်ယွန်းလေးရဲ့ အချစ်ဆိုတာ ကြည်းနူးဖို့လဲကောင်းတယ် ကြောက်စရာလဲကောင်းတယ် သေလဲ သေစေနိုင်တယ် လောကဓံကိုလဲ ရင်ဆိုင်ရဲပြန်ရော
အဲ } ဒါပေမယ့် အချစ်က အသက်အရွယ်မရွေးဒုက္ခပေးနိုင်ဆိုတာတော့ လူတွေ သိတ်မသိကြဘူး အရမ်းချစ်တဲ့သူလောက် မိုက်တဲ့သူ မရှိဘူးလို့ မောင်ရေးခဲ့ဖူးပြန်တယ်
အချစ်စိတ်က အသိစိတ်ကိုစိုးမိုးသွားပီဆိုရင် ရှိသမျှကို စွန့်လွှတ်ဖို့ ၀န်မလေးတော့ဘူးလို့ မောင်ယုံတယ် သတိရှိတဲ့လူတော့မပါဘူးပေါ့နော် ဒါပေမယ့် အဲဒီသတိရှိတဲ့သူလဲ
ကြေကြေကွဲကွဲ ခံစားရမယ်လို့ မောင်တော့ ရေးမိပါရဲ့
ယွန်း= မောင်လဲတော်တော်ရင်းလိုက်ရတယ်ပေါ့ မောင်ကအချစ်ဒဿနဆရာကြီးကျနေတာဘဲ
ယွန်းရောသတိလွတ်နေပြီလား သတိတော့မလွတ်သေးဘူးထင်တာဘဲ။
မောင်= ယွန်းကိုယ်ယွန်း ညာလိုက်ပီ သတိတော့မလွတ်သေးဘူး
ယွန်း= ဘာလွတ်လဲ ဒါဆို
မောင်= မောင် အသေချာမသိသေးဘူး ယွန်းလေးရဲ့စိတ်လဲ တရားစခန်းစ၀င်နေတဲ့ ယောဂီလိုဖြစ်နေမယ်လို့ မောင်ထင်တာပဲ တရားတော့ ထိုင်ချင်တယ် အာရုံစုလို့ ရတစ်ချက် မရတစ်ချက်ဖြစ်နေတယ် မောင့်ကို ချစ်တယ် ဒါပေမယ့် အဖြေမပေးသေးဘူးလို့ တင်းခံထားတယ် ဒါပေမယ့် အာရုံစုမရဖြစ်သွားပြန်ရော ဟီးးးးး
ယွန်း= ပြန်ပြီးကြိုးစားရမှာပေါ့လေ မောင်ကအပြောကောင်းတော့ပါသွားတာပေါ့။
မောင်= ဒါပေမယ့်ယွန်းလေးကို မောင်က တန်ဖိုးထားတယ်လေ
အပြောကောင်းတာမဟုတ်ပါဘူးယွန်းလေးရယ် ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေကို ရင်ဖွင့်ချတဲ့အခါ
အကောင်းပြောသလိုဖြစ်သွားတာပါ မိန်းကလေးတွေနဲ့ ပက်သက်လာရင် အထားတော့
မောင်မကျွမ်းပါဘူး ဒဿနလို့ ခေါ်တဲ့ အတွေးအမြင်တော့ မောင်စူးစမ်းပါတယ်
မြင်တာကို ခရေစေ့တွင်းကျ တွေးတာပေါ့ စာရေးဝါသနာပါတာကို
ယွန်း= ဟုတ်တယ် ယွန်းမာနကြီးတယ်ဆိုတာလည်းသိပါတယ် မောင်နဲတွေ့မှဘဲမာနတွေ
အရည်ပျော်သွားတယ်
မောင်= အချစ်စစ်ဆိုတာ ရေလိုလဲ အေးတယ် သီတာရေစင်ဆိုတာ အပြစ်မမြင် အရမ်းချစ်ကြတဲ့ချစ်သူတွေရဲ့ အေးမြမှုကိုမမှီဘူး အဲ…..ပူပီဆိုရင် ငရဲမီးက
အေးသေးတယ်လို့ ထင်ကြပြန်ရော အချစ်စစ်မှာ မာနတွေ ဂုဏ်တွေ ပညာတွေ အဆင့်အတန်းတွေ မရှိဘူးမရဲ့
ယွန်း= သေချာတာပေါ့ တခါတခါ မောင့်ကြောင့် ယွန်းလဲပူနေရတာဘဲ
မောင်= ဟီးး ဒါဆိုရင် မောင်တွေးတာမှန်တယ်ပေါ့
ယွန်း= အဲဒါမောင့်ကြောင့်ဘဲလေ
မောင်= ကလေးရှက်တော့ငိုတယ်တဲ့လူကြီးရှက်တော့ရယ်တယ် ချစ်သူရှက်တော့ အဲဒါမောင့်ကြောင့်တဲ့……။
ယွန်း= မဟုတ်လို့လား
မောင်= ဟီးးးး တိဘူး
ယွန်း= အခုမှ မသိချင်ယောင်ဆောင်တယ်
မောင်= ၁၂ ကျော်ပီ ချစ်သူအိပ်တော့နော် အိပ်ရေးပျက်ရင် စိတ်မလန်းဖြစ်မယ်
အချစ်ဆိုတာကလေ တွေ့နေရင်သာ ခွန်းအားပြည့်တာ မတွေ့ရရင် နုံးချိချိနဲ့
မနက်ကျရင် နုံးချိချိဖြစ်နေဦးမယ်
ယွန်း= ဟုတ် မောင်လဲအိပ်တော့နော် မောင်ကပိုအရေးကြီးတယ်
မောင်= အိပ်ကြစို့နော် အဖြူစင်ဆုံး အိမ်မက်တွေနဲ့အတူပေါ့ မွ } မွ } မွ }
ယွန်း= မောင် ………… ဒီတစ်ခါပါးစပ်ကခေါ်ကြည့်တာနော်
မောင်= ဗျာ …….. ယွန်းလေး
ဘာရယ်တော့မဟုတ်ပါဘူး မမေသဇင်ရဲ့ ဒီပိုစ့်လေး ဖတ်မိပြီး စိတ်ကူးယဉ်ကြည့်တာပါ့
ရင်မောင်နှင့် မေသဇင် ပြောဖြစ်တဲ့ အချစ်အကြောင်း
အားပေးသူအပေါင်း စိတ်အစဉ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ...