Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လွတ်လပ်စွာ တွေးခေါ်ခြင်း

$
0
0

လွတ်လပ်စွာ တွေးခေါ်ခြင်း

မေး ။ ။ ကော်ဖီ ခွက်ထဲကို နို့ဆီထည့်လို့ ရမလား

(အဖြေတွေကို ဆင်ခြေနဲ့တကွဖော်ပြထားပါတယ်)

 

(၁) ရတယ် (ကော်ဖီခွက်ပါဆိုမှ နို့ဆီထည့်လို့ရတာပေါ့)

(၂) မရဘူး (ခွက်ပြည့်နေပြီ)

(၃) ရတယ် (ငါကအချိုကြိုက်တယ်)

(၄) မရဘူး (ငါက ပလိန်းပဲသောက်တာ)

(၅) ရတယ် (ခွက်ပါဆိုမှ ထည့်လို့ရတာပေါ့)

(၆) ………..

 

မေး ။ ။ ကော်ဖီခွက်ထဲကို ဓါတ်ဆီထည့်လို့ရမလား

 

(၁) ရပါတယ် (ခွက်ပါဆိုမှ ဘာပဲထည့်ထည့် ထည့်လို့ရတာပေါ့)

(၂) မရပါဘူး (ကော်ဖီခွက်က ဓါတ်ဆီထည့်တဲ့ခွက်မဟုတ်ဘူး)

(၃) ရပါတယ် (ဒီခွက်နဲ့မှ မထည့်ရင် ထည့်စရာခွက် မရှိတော့ဘူး)

(၄) မရပါဘူး (ကော်ဖီတွေရှိနေတယ်လေ… မင်းရူးနေလား)

(၅) ရပါတယ် (အဲဒီကော်ဖီတွေ သွန်ပြီးထည့်လိုက်ပေါ့)

(၆) ……………

…………………………………………………………………………………………………………………..

စာစုပ်ကောင်တို့ခင်ဗျာ…(စာဖတ်သူတွေကို ချစ်စနိုးနဲ့ခေါ်တာပါ)

စာချစ်သူတို့ခင်ဗျာ… ဘာသဘောတရားရလိုက်ပါသလဲ

အကြောင်းအရာတစ်ခုမှာ အခြေအနေဟာ ကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေသလို

အခြားသောအကြောင်းအရာတွေဖြစ်တဲ့ ကြိုက်မကြိုက်၊ သင့်မသင့်၊ ထုံးစံရှိမရှိ၊ ယဉ်ကျေးမှုရှိမရှိ၊…

စတဲ့ အကြောင်းအရာပေါင်းစုံနဲ့ ပတ်သက်နေတယ်။

(ကာလ၊ ဒေသ၊ ပယောဂ…လို့ပြောကြတာလည်းရှိတယ်)

 

နည်းနည်းထပ်မြှင့်ပြီးတွေးကြည့်ရအောင်ဗျာ….

မျက်နှာသုတ်ပုဝါကို ခြေသုတ်လို့ရမလား

ခြေသုတ်ပုဝါနဲ့ရော မျက်နှာသုတ်လို့ရမလား

သောက်ရေနဲ့ ခြေဆေးလို့ ရမလား

နွားလှည်းတွေဖြတ်သွားလို့ နောက်ကျိညစ်ပတ်နေတဲ့ဗွက်အိုင်ထဲက ရေကိုရော သောက်လို့ရမလား

….

အခြေအနေအရပ်ရပ်ပေါ်မှာ အသေအချာသုံးသပ်ပါ

သင့်မသင့်မစဉ်းစားနိုင်တဲ့ အခါ ပညာရှိကိုချဉ်းကပ်ပါ

 

လင်္ကာတိုလေး လက်ဆောင်ပေးရင်း နိဂုံးချူပ်ပါမယ်

 

ပညာရှိထံနည်းမခံ

ဂုဏ်မာန် တတင်းတင်း

သုတ နဉ္စမရှိက

တွေးဆ အယွင်းယွင်း

ဝိစိကိစ္ဆာရှိသောခါ ပါယ်ရွာမလွတ်ကင်း တဲ့

အားလုံးပဲ သဘောထားမှန်လို့ ချမ်းသာကင်းရာ အပါယ်ရွာမှ လွတ်မြောက်ကြပါစေ

လွတ်လပ်စွာ တွေးခေါ်နိုင်ကြပါစေ…


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>