Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကောင်းတာလုပ်ရင်...

$
0
0

က ။ ။ ကောင်းတာလုပ်ရင် ဘာဖြစ်မလဲ

ခ ။ ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာထက် ကောင်းတဲ့သူဖြစ်မယ်လို့ပြောချင်တယ်

က ။ ။ ရှင်းပါဦး

ခ ။ ။ ဥပမာ ရပ်ကွက်ထဲမှာ သန့်ရှင်နေတာ မကောင်းဘူးလား

က ။ ။ ဟ သန့်ရှင်းတာကောင်းတာပေါ့

ခ ။ ။ ဒါဆိုသန့်ရှင်းရေးသမားဟာ ကောင်းတာလုပ်တဲ့သူပေါ့… ဒါပေမယ့်ကောင်းတာဖြစ်လို့လားဗျ

ကောင်းတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်

တစ်ခုက ခံစားချက်ကောင်းတာ၊ နောက်တစ်ခုက လုပ်ရပ်ကောင်းတာဗျ

မြန်မာစကားက ပြည့်ပြည့်စုံစုံ မပြောရင် ပြဿနာတွေ ဒုနဲ့ဒေးပဲ

သန့်ရှင်းရေးသမားဟာ ခံစားချက်ကောင်းမှာမဟုတ်ပါဘူး

ညစ်ပတ်တယ် ပင်ပန်းတယ် ဘယ်သူမှ အကောင်းမမြင်ဘူး

ဒါပေမယ့် လုပ်ရပ်ကောင်းတယ်ဗျ

လုပ်ရပ်ဘယ်လိုကောင်းလဲလို့မေးရင် …

သန့်ရှင်းရေးလုပ်မယ့်သူ တစ်ယောက်မှမရှိတဲ့ အခါမှ

ဒီလုပ်ရပ်ဟာ ကောင်းနေပါလားဆိုတာ သိမှာပါ

မငြိမ်းမချမ်းဖြစ်မှ ငြိမ်းချမ်းရေးဆိုတဲ့ အရသာကို သိကြရသလိုပေါ့

က ။ ။ ဒါဆို မကောင်းတာလုပ်ရင်ရော ဒီသဘောပဲလား

ခ ။ ။ ဟုတ်တယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာထက် မကောင်းသူဖြစ်မယ်လို့ပဲပြောရမှာပါပဲ

က ။ ။ ဥပမာပေးဦး

ခ ။ ။ ဥပမာ ဘိန်းသူဌေးတွေကိုကြည့်… သူတို့ဟာမကောင်းတာတွေလုပ်နေကြတာဗျ

လောကအကျိုးယုတ်စေတဲ့အရာတွေလေ… ဒါပေမယ့်သူတို့ပြည့်စုံ ကုံလုံကြတယ်

ပြည့်စုံမှုနဲ့အတူ ခံစားချက်ကောင်းတွေကို ရနိုင်တယ်

ဒါပေမယ့် သူတို့ရဲ့လုပ်ရပ်တွေဟာ မကောင်းတဲ့အတွက် မကောင်းတဲ့သူလို့ပဲ သတ်မှတ်ရမယ်

………………………………………………………………………………………………………………………..

ဒီတော့ ကောင်းတာ လုပ်ရင် ခံစားချက် ကောင်းကောင်း မကောင်းကောင်း ကောင်းတဲ့လူဖြစ်မယ်

မကောင်းတာလုပ်ရင် လည်း ခံစားချက် ကောင်းကောင်း မကောင်းကောင်း မကောင်းတဲ့လူဖြစ်မယ်

 

ဒါဆို နည်းနည်းမြှင့်ပြီး ဆက်တွေးကြည့်ရအောင်ဗျာ

 

လောကအကျိုးပြုရင် ကောင်းတဲ့လူ လူကောင်းလို့သတ်မှတ်မယ်

အကျိုးမပြုရင် မကောင်းတဲ့လူ လူဆိုးလို့ သတ်မှတ်ရမယ်ဗျ

 

လူတစ်ယောက်ဟာ ဘယ်သူမှမရှိတဲ့ ကျွန်းတစ်ကျွန်း ပေါ်မှာရှိနေမယ်ဆိုပါတော့

သူ့ကို လူကောင်းလို့သတ်မှတ်လို့ မရသလို လူဆိုးလို့လည်း သတ်မှတ်လို့မရဘူး

အကြောင်းကတော့ လူကောင်းလူဆိုး ကိုခွဲခြားပေးတဲ့ ဆက်ဆံရေးလမ်းကြောင်းမရှိလို့ပဲ

တနည်းအားဖြင့် ဆက်ဆံစရာလူမရှိလို့ပဲ

 

တကယ်လို့များ အဲဒီကျွန်းပေါ်ကို နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာခဲ့မယ်ဆိုရင်

သူတို့ ဆက်ဆံကြရတော့မယ်

အဲဒီအခါမှ ဆက်ဆံရေးလမ်းကြောင်းပေါ်လာပြီး တရားမျှတမှုရှိမရှိတွေဖြစ်လာမယ်

အဲဒီဆက်ဆံရေးပေါ်မှာကြည့်မှ လူကောင်းလူဆိုးခွဲလို့ရပါမယ်

ထပ်ပြောပါမယ်

ကောင်းတာလုပ်ရင် ကောင်းတဲ့လူဖြစ်မယ်

မကောင်းတာလုပ်ရင် မကောင်းတဲ့လူဖြစ်ပါမယ်

 

ကောင်းတဲ့လုပ်ရပ်လုပ်တိုင်း ကောင်းတဲ့ခံစားချက်တွေ ကိုပေးမယ်လို့မမှတ်ပါနဲ့

အမှိုက်တွေကြုံးရတာ ကောင်းတဲ့ ခံစားချက်မဟုတ်ပေမယ့် ကောင်းတဲ့လုပ်ရပ်ပါပဲ

ဘီယာအကောင်းစားသောက်လို့ လူကောင်းဖြစ်မသွားပါဘူး

အကောင်းစားဘီယာ သောက်ရတဲ့ ခံစားချက်ကိုတော့ရမှာဖြစ်ပါတယ်

 

စာချစ်သူအားလုံး လုပ်ရပ်ကောင်းတွေလုပ်ပြီး လူကောင်းလူတော်တွေဖြစ်နိုင်ကြပါစေ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>