Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နင့်ကို ငါချစ်တယ်

$
0
0

ဘာကြောင့် နင့်ကို ချစ်မိသွားလဲ မစဉ်းစားနိုင်ခင်မှာ 

ငါသိလိုက်ရတာက နင့်ကို ငါချစ်တယ် ။

ဘယ်လိုမှ မဖြစ်နိုင်တော့မှန်း  သိပေမယ့်

ချစ်မိသွားတဲ့ငါ့စိတ်ဟာ

ရင်ထဲရုတ်တရက် ရောက်လာတဲ့အခါ

ငါ့မှာအံ့သြရုံသာ  တတ်နိုင်တော့တယ်။

အချစ်ဟာ အသံတိတ် ကိရိယာတပ်ထားတဲ့ သေနတ်က ပစ်လွတ်လိုက်တဲ့

ကျည်ဆန်လို ငါ့ရင်ကို လျင်လျင်မြန်မြန်နဲ့ငြိမ်ငြိမ်သက်သက် ဖောက်ဝင်ခဲ့တယ် ။

တစ်ခါတစ်လေ မှန်ထဲပြန်ကြည့်ရင်တောင်မှ ငါ့ကိုယ်ငါ မမြင်ဘဲ

နင့်ပုံရိပ်ကို မြင်မိတယ် ။

စွဲလမ်းခြင်းဆိုတာ  ဘာလဲ မမေးနဲ့...အဲဒါဟာ နင်ပဲ ။

အချစ်ဆိုတာကိုလည်း ရှည်ရှည်ဝေးဝေး ဋီကာမချဲ့နဲ့...

နင်ဟာ  အချစ်...

အချစ်ဟာ  နင်ပဲ .....ဒါကြောင့်  နင့်ကို ငါချစ်တယ်...။

နင့်ကိုငါ့မျက်နှာထက်က ဒဏ်ရာအမာရွတ်လေးတစ်ခုလို  စိတ်ရှုတ်နေရင်းက

အဲဒီအနာတရလေးကိုပဲ စွဲစွဲလမ်းလမ်း  ခုံမင်နေမိပြန်တယ် ။

အခါများစွာ နင်ဟာ ငါ့ကို စိတ်အထားအသို လွဲစေခဲ့သူပေါ့ ။

နင့်ကို ငါချစ်တယ် ...

ဒါဟာ ငါ့ကို ကြိမ်ဖန်များစွာ ညှို့နေတဲ့ အရှုံးခေါ်သံ  ဖြစ်တယ် ။

ဘ၀မှာ တစ်ကြိမ်တစ်ခါလောက်တော့

မာနတွေမပါဘဲ

ပတ်ဝန်းကျင်မပါဘဲ

ပညတ်ချက်နဲ့ ဥစ္စာဓနတွေ မပါဘဲ

လောဘ ဒေါသ မောဟ မပါဘဲ

နင်  ဘာဆိုတာ  ငါ  ဘာဆိုတာ မပါဘဲ 

နင်နဲ့ နှလုံးသားချင်း တိုက်ရိုက်ဆက်သွယ် စကားပြောခွင့် ရချင်မိတယ် ။

ရင်ထဲက ထွက်လာတဲ့ စကားလုံးချည်းသက်သက်ကို

အဲဒီစကားလုံးတွေရဲ့ ဆင့်ပွားအနက်အဓိပ္ပာယ်တွေ မပါဘဲ

နင်နဲ့စကားတွေ အများကြီး ပြောခွင့်ရချင်နေမိတယ် ။

တကယ်တော့ ဘ၀မှာ ကုန်ဈေးနှုန်းလဲ အရေးမကြီးပါဘူး။

လေထုညစ်ညမ်းမှုလဲ  အရေးမကြီးပါဘူး ။

ကမ္ဘာ့ဖလားဘောလုံးပွဲလဲ အရေးမကြီးပါဘူး ။

ဆူနာမီလဲ အရေးမကြီးပါဘူး ။

နာဂစ်မုန်တိုင်းလဲ အရေးမကြီးပါဘူး ။

တကယ်တမ်းတော့ ဘ၀မှာ ဘာဆိုဘာမှ အရေးမကြီးပါဘူး ။

နင်နဲ့ငါရဲ့ကြားမှာ    နင်နဲ့ငါပဲ အရေးကြီးပါတယ် ။

လဲလှယ်လို့သာရမယ်ဆိုရင်.....

နင့်ပခုံးကိုမှီ  နင့်လက်မောင်းလေးဆုပ်ကိုင်ပြီး

နင်နဲ့စကားပြောခွင့်ကို

လောကကြီးရဲ့ ဂုဏ်ပကာသန အားလုံးနဲ့ လဲလှယ်ချင်တယ် ။

ဖြည့်ဆည်းလို့သာ ရမယ်ဆိုရင်.....

နင့်နား ထာဝရ နေထိုင်သွားခွင့်အတွက် အရိုးတွေအမှုန့်ဖြစ်လို့

ငါ့သွေးစက်တွေ အငွေ့ပျံသွားတဲ့အထိ  ကြိုးစားလိုက်ချင်တယ် ။

ဆုတောင်းလို့သာ ရမယ်ဆိုရင်.....

နင်နဲ့စက္ကန့်တိုင်း ပေါင်းဆုံခွင့်ရဖို့ကို 

စက္ကန့်တိုင်း  ဆုတောင်းနေချင်တယ် ။

တကယ်လို့သာ.....

ငါနဲ့နင်ကြား  နှုတ်ဆက်ခွဲခွာခြင်းဆိုတဲ့  သူစိမ်းဟာ

အလျင်အမြန်  ရောက်ချမလာခဲ့ဘူးဆိုရင်

အရာရာဟာ  မပြောင်းမရွေ့ဘဲ  ဆက်ရှိနေဦးမှာပါ ။

ငါ့ရင်ထဲက ခံစားချက်ကို  တစ်ခုမှ ထည့်မတွက်ဘဲ ကျန်ခဲ့စေဆိုပြီး 

နင်ချန်ထားခဲ့ပေမယ့်လည်း နင့်ကို စိတ်မနာနိုင်ဘဲ ချစ်မြဲချစ်နေဆဲပါဘဲ။

တကယ်တော့လည်း.....

ဘ၀ကြီးကိုယ်တိုင်က အသိရခက်လွန်းတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲလေ .....

အဲဒီပုစ္ဆာမှာအချစ်ဆိုတာ  နားမလည်နိုင်လွန်းတဲ့အဆင့်တစ်ဆင့်ပေါ့ ။

တကယ်တော့သာ  ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ...

လောကကြီးထဲက တခြားသူတွေအားလုံးကို

အဝေး  ပြောင်းရွေ့လို့ .....

နင်နဲ့ငါ နှစ်ယောက်တည်းပဲ ထာဝရ နေထိုင်သွားချင်တယ် ။

နင့်ကို  ငါ  ချစ်တယ်...

နင့်ကို  ငါ  အရမ်းချစ်တယ်...

ဒီစကားကလွဲ...  ငါ ဘာမှ ထပ်မပြောချင်ဘူး ။

ပြောလည်း မပြောချင်ဘူး ။

ပြောလည်း မပြောတတ်တော့ဘူး ။

ဒါမှ .....

မဖြစ်နိုင်တော့ဘူးရင်လည်း နှုတ်ဆိတ်ပြီးပဲ  နေလိုက်တော့မယ်...

တစ်သက်လုံးအတွက်ပေါ့  ချစ်သူ ။

ဖြူဖြူ(ကိုယ်ပိုင်အိမ်).....24.2.2012(1း00AM)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>