Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူတို့ ၏သွားခြင်းလာခြင်း(၄)မျိုး

$
0
0

ဤကမ္ဘာလောကရှိလူသားတိုင်းသည် လူ့လောကသို့ လာခြင်း ၊ လူ့လောကမှပြန်လည်ထွက်ခွာခြင်းများကို မမြဲသောသဘောအရ သံသရာမဆုံးသမျှ ပြုလုပ်နေကြရသည် ။ ထိုလူတို့လားရာ သွားရာကို လေ့လာသုံး သပ်လျှင် လာခြင်းသွားခြင်း ( ၄ ) မျိုးကိုတွေ့ရပါသည် ။ ( ၁ ) အမှောင်မှလာ၍ အမှောင်သို့သွားသောသူ ဤလောက၀ယ် အချို့သောသူသည် စားသောက်နေထိုင်ရေးအတွက် ဆင်းရဲပင်ပန်းကြီးစွာ ရှာဖွေလုပ်ကိုင်စားသောက် ရသည် ။ ဘ၀ကလည်း ယုတ်ညံ့သောအစေခံဘ၀ ၊ ကျွန်ဘ၀ ၊ လက်လုပ်လက်စားဘ၀ စသည်ဖြင့် ယုတ်နှိမ့်သော ဘ၀၌ ဖြစ်ကြရသည် ။ ထိုသို့ဖြစ်ရသဖြင့် အစာကိုငြိုငြင်စွာစားရသည် ။ အ၀တ်စုတ်ကိုဝတ်ရသည် ။ အဆင်းမလှ ရှုချင်စဖွယ်မရှိ ပုကွ ၊ ကန်း ၊ ခွင် ၊ ဆွံ့အဘ၀ဖြစ်ရသည် ။ အနာရောဂါများသည် ။ ထိုသူသည် - - ကိုယ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ - နှုတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ - စိတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ ထိုသူသည် ဆင်းရဲ၏ ၊ သဒ္ဓါတရားမရှိ ၊ ၀န်တိုတတ်၏ ၊ ကပ်စေးနှဲ၏ ၊ ယုတ်ညံ့သောအကြံရှိ၏ ၊ မကောင်းသောအယူ ရှိ၏ ၊ ရဟန်းသံဃာ ၊ လူကြီး ၊ မိဘ ၊ ဆရာသမားတို့ကို ရိုသေခြင်းမရှိ ၊ ဆဲရေးချုပ်ချယ်တတ်၏ ၊ ထိုသူသည် သေသည့် နောက်ကာလ၀ယ် အပါယ်ငရဲသို့ သွားရသည် ။ ထိုပုဂ္ဂိုလ်သည် --- -- အမိုက်တိုက်မှလာ၍ အမိုက်တိုက်သို့ သွားသူကဲ့သို့လည်းကောင်း -- အမှောင်မှလာ၍ အမှောင်သို့ သွားသည်ကဲ့သို့လည်းကောင်း -- အညစ်အကြေးရှိရာမှလာ၍ အညစ်အကြေးရှိရာသို့ သွားသူကဲ့သို့လည်းကောင်း တူ၏ ။ ( ၂ ) အမှောင်မှလာ၍ အလင်းသို့သွားသောသူ အချို့သောသူသည် ဆင်းရဲ၏ ၊ ယုတ်နိမ့်သောဘ၀ရှိ၏ ၊ ဆင်းရဲငြိုငြင်စွာ စားဝတ်နေထိုင်ရ၏ ။ ထိုသူသည် -- -- ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏ ။ -- နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏ ။ -- စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်၏ ။ ဆင်းရဲ၏ ၊ သို့သော်သဒ္ဓါတရားရှိသည် ၊ ၀န်တိုခြင်းမရှိ ၊ ပေးလှူတတ်၏ ၊ မြတ်သောအကြံကိုကြံ၏ ၊ တည်ကြည် သောစိတ်ရှိ၏ ၊ ရဟန်းသူတော်ကောင်းတို့ကို ရှိခိုး၏ ၊ ပေးလှူ၏ ၊ ရိုသေ၏ ၊ သူတောင်းစားစသည်တို့ကို ပေးကမ်း ၏ ၊ မကြိမ်းမောင်း ၊ မရှုတ်ချတတ် ၊ မတားမြစ်မပိတ်ပင်တတ် ၊ ထိုပုဂ္ဂိုလ်သည် သေသည့်နောက်ဝယ် နတ်ပြည်သို့ လားရ၏ ။ ထိုပုဂ္ဂိုလ်သည် ---- -- မြေမှသည်ပလ္လင်ထက်သို့ တက်သူကဲ့သို့ လည်းကောင်း -- ပလ္လင်မှသည် မြင်းကျောကုန်းသို့ တက်သူကဲ့သို့ လည်းကောင်း -- မြင်းကျောကုန်းမှ ဆင်ကျောကုန်းသို့ တက်သူကဲ့သို့ လည်းကောင်း -- ဆင်ကျောကုန်းမှ ပြာသာဒ် ထက်သို့ တက်သူကဲ့သို့ လည်းကောင်း တူ၏ ။ ( ၃ ) အလင်းမှလာ၍ အမှောင်သို့သွားသောသူ အချို့သောသူသည်အဆင်းလှ၏ ၊ ရှုချင်စဖွယ်ရှိ၏ ၊ ကြည်လင်၏ ၊ ချမ်းသာကြွယ်ဝ၏ ၊ မြင့်မြတ်သောအမျိုးတို့၌ ဖြစ်ကြ၏ ၊ များမြတ်သောအသုံးအဆောင် ၊ အနေအထိုင်ရှိ၏ ။ ထိုသူသည် --- -- ကိုယ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ -- နှုတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ -- စိတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ ကြွယ်ဝချမ်းသာ၏ ၊သို့သော် သဒ္ဓါတရားမရှိ ၊ ၀န်တို၏ ၊ ကပ်စေးနဲ၏ ၊ ယုတ်ညံ့သောအကြံရှိ၏ ၊ မကောင်းသော အယူရှိ၏ ၊ ရဟန်းသူတော်ကောင်းတို့ကိုမရိုသေ ၊ မပေးလှူ ၊ အစာတောင်းသူတို့ကိုမပေး ၊ ကြိမ်းမောင်းရေရွတ် တတ်၏ ၊ ချုပ်ချယ်တတ်၏ ။ ထိုသူသည် --- -- ပြာသာဒ်မှ ဆင်ကျောကုန်းသို့ -- ဆင်ကျောကုန်းမှ မြင်းကျောကုန်းသို့ -- မြင်းကျောကုန်းမှ ပလ္လင်သို့ -- ပလ္လင်မှမြေသို့ -- မြေမှအမိုက်တိုက်သို့ သက်ဆင်းသူနှင့်တူ၏ ။ ( ၄ ) အလင်းမှလာ၍ အလင်းသို့သွားသောသူ အချို့သောသူသည် အဆင်းလှ၏ ၊ ရှုချင်စဖွယ်ရှိ၏ ၊ ကြည်လင်၏ ၊ ချမ်းသာကြွယ်ဝ၏ ၊ မြင့်မြတ်သောအမျိုးတို့၌ ဖြစ်ကြ၏ ၊ များမြတ်သောအသုံးအဆောင် ၊ အနေအထိုင်ရှိ၏ ။ ထိုသူသည် --- -- ကိုယ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ -- နှုတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ -- စိတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၏ ။ ကြွယ်ဝချမ်းသာ၏ ၊ သဒ္ဓါတရားရှိ၏ ၊ ၀န်တိုမှုမရှိ ၊ ပေးကမ်းလှူတန်းမှု၌ ရက်ရော၏ ၊ မြင့်မြတ်သောအကြံရှိ၏ ၊ မှန်သောအယူရှိ၏ ၊ ရဟန်းသူတော်ကောင်းတို့၌ ရိုသေ၏ ၊ ရှိခိုး၏ ၊ အစာတောင်းသူတို့ကိုပေးကမ်း၏ ၊ မညှင်း ဆဲ မချုပ်ချယ် ၊ မကြိမ်းမောင်း ၊ မပိတ်ပင်တတ် ။ ထိုသူသည်သေသည့်နောက်ဝယ် ချမ်းသာရာနတ်ပြည်သို့ ရောက်ရ၏ ။ ထိုသူသည် --- -- ပလ္လင်တစ်ခုမှ ပလ္လင်တစ်ခုသို့ -- မြင်းကျောကုန်းတစ်ခုမှ မြင်းကျောကုန်းတစ်ခုသို့ -- ပြသာဒ်ထက်မှ ပြသာဒ်တစ်ခုထက်သို့ ပြောင်းရွှေ့ကူးသူနှင့်တူ၏ ။ (သူငယ်ချင်းများအားလုံးနေကောင်းကျန်းမားပြီးဘေးအန္တရယ်ကင်းရှင်းကြပါစေ)

@ခင်မင်လျှက်@

 ဝဏ္ဍစိုး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...