မင်္ဂလာပါရှင်
ချစ်သူမြို့ တော်ရဲ့  အင်တာဗျူး အစီအစဉ်လေးကို စောင့်မျှော်နေသူ
မန်ဘာများအတွက်ဒီတခါအလှည့်ကျသူက
ပုသိမ်သားလေးကိုစေပိုင်ထွဋ်ပဲဖြစ်ပါတယ်ရှင်
♥★ ရှင်းသန့်မေမေး၍♥★
♥★စိုးပိုင်=စေပိုင်ထွဋ်(ပုသိမ်)ဖြေသည်♥★ မင်္ဂလာပါရှင့်ရွှေမြို့တော်အင်တာဗျူးကဏ္ဍလေးအတွက်အင်တာဗျူးလေးမေးချင်လို့ပါရှင်။ဟုတ်ကဲ့ပါ။ အတတ်နိုင်ဆုံးကြိုးစားပြီး ဖြေပေးပေါ့မယ်။
အကိုနာမည်နောက်က(ပုသိမ်)ဆိုတာအကိုဇာတိကိုပြောတာလားရှင့်။
ဟုတ်ပါတယ်။
အကိုစေပိုင်ထွဋ်ဆိုတာနာမည်အရင်းလားရှင့်။
အဲ့ဒါတော့ မဟုတ်ဘူးဗျ။ နာမည်အရင်းက စိုးပိုင်ထွန်းပါ။
ကလောင်နာမည်ကိုလည်း (စ၊ပ၊ထ) အကုန်ပါအောင် ကိုယ့်ဘာသာကိုယ် မှည့်ထားတာပါ
ကလောင်နာမည်ကိုလည်း (စ၊ပ၊ထ) အကုန်ပါအောင် ကိုယ့်ဘာသာကိုယ် မှည့်ထားတာပါ
အကိုရဲ့ မွေးရပ်မြေနဲ့ ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်လေးသိပါရစေရှင်။
မွေးရပ်မြေရော၊ ခုလက်ရှိ နေထိုင်တာရောက ပုသိမ်မှာပါ။ အမှတ်(၇၂၄)၊ တဂေါင်းဘုရားလမ်းမှာ နေပါတယ်။
အွန်လိုင်းမှာတော့ soepaingtun@gmail.comမှာ နေပါတယ် :) ။
အွန်လိုင်းမှာတော့ soepaingtun@gmail.comမှာ နေပါတယ် :) ။
အကိုရဲ့လက်ရှိအလုပ်အကိုင်လေးလည်းသိပါရစေရှင်။
လက်ရှိအလုပ်အကိုင်က အမေနဲ့ အရောင်းအ၀ယ်ကူလုပ်ဖြစ်တယ်။ ခုလောလောဆယ်တော့
အကို နားထားရတယ်။ အဘွားကျန်းမာရေး သိပ်မကောင်းလို့ အနီးကပ်ပြုစုနေရတာကြောင့်ပါ။ (အဲသားလိမ္မာလေးပေါ့)
အချိန်ရရင် ရသလိုတော့ အကို ၀ါသနာပါတဲ့ စာတွေကဗျာတွေ ရေးဖြစ်ပါတယ်။
အကို နားထားရတယ်။ အဘွားကျန်းမာရေး သိပ်မကောင်းလို့ အနီးကပ်ပြုစုနေရတာကြောင့်ပါ။ (အဲသားလိမ္မာလေးပေါ့)
အချိန်ရရင် ရသလိုတော့ အကို ၀ါသနာပါတဲ့ စာတွေကဗျာတွေ ရေးဖြစ်ပါတယ်။
အကိုအသက်လေးကိုသိပါရစေရှင့်တိုးတိုးလေးပြောနော်ဘယ်သူမကြားအောင်(တော်ကြာစော်တွေမအီကြမှာစိုးလို)
အကို့ အသက်က ၂၂နှစ်ပါ။ အဟီး ဘယ်သူ့မှ မကြားဘူး ထင်ပါတယ်။ တကယ်လို့ကြားတယ်ဆိုရင်လည်း ၁၆နှစ်လို့ နားကြားလွဲပါစေ :P ။
(အဲမောင်လေးပေါ့..ဟယ်တော့မထင်ရဘူ3း0ကျော်ထင်နေတာခိခိ...စတာနော်စိတ်မဆိုးနဲ့)မောင်လေးရဲ့ အကြိုက်ဆုံးအရာလေးတွေ ဥပမာ- အစားအစာ၊ အရောင်နဲ့ ၀ါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
မောင်လေး အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲ အကိုတွေ့ဘူးတဲ့ အချစ်က ဘယ်လိုမျိုးလဲ။။
ကျွန်တော်ကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ မှတ်ယူထားပါတယ်။ တွေ့ဖူးတဲ့ အချစ်တွေကတော့ အရောင်အမျိုးမျိုးပါပဲ။ စုံတယ်။
ခေတ်လူငယ်တွေနဲခေတ်အခြေအနေပေါ်ဘယ်လိုမြင်ပါလဲ။
ခေတ်က ပျက်စီးခြင်း အောက်ကိုဆင်းမယ့် လှေကားနဲ့ အောင်မြင်ခြင်းအထက်ကို တက်မယ့်လှေကားတို့နဲ့ ဖွဲ့စည်းထားပါတယ်။
ဒါကြောင့် ခေတ်လူငယ်တွေဟာ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်မှုအပေါ်မူတည်ပြီး ငရဲပြည်နဲ့ နတ်ဘုံကွာခြားသွားလိမ့်မယ်။
မောင်လေးချစ်သူမြို့တော်လေးကိုစရောက်ပုံလေးအကြောင်းသိပါရစေရှင့်။၊ ဆိုဒ်ထဲကိုဘယ်သူရဲ့ဒါကြောင့် ခေတ်လူငယ်တွေဟာ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်မှုအပေါ်မူတည်ပြီး ငရဲပြည်နဲ့ နတ်ဘုံကွာခြားသွားလိမ့်မယ်။
ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲ ဆိုတာလေးကိုလည်း သိပါရစေရှင်။
အင်း... အဲ့ဒီအကြောင်း ပြန်စဉ်းစားရရင် ငါးသုံးဆိုဒ်ကနေ စမယ်။ အဲ့ဒီမှာ မောင်လေးရဲ့နောင်တော် ကိုအယ်ထူးကို
မ..မက ချစ်သူမြို့တော်ဆိုဒ် လာလည်ဖို့ ဖိတ်ထားတာ တွေ့မိတယ်။ အဲ့ဒါနဲ့ အကိုလည်း ချစ်သူမြို့တော်ဆိုတဲ့ နာမည်လှလှလေးရဲ့ဆွဲဆောင်မှုကြောင့်
ဒီဆိုဒ်ကို ရောက်ဖြစ်ခဲ့တယ် ဆိုပါတော့။ ဒါကြောင့် ဒီဆိုဒ်ကို ရောက်ဖြစ်တာ မ...မနဲ့ ကိုအယ်ထူး ကျေးဇူးမကင်းဘူး။

မောင်လေးဘလော့ဝတ္ထုတွေဆောင်းပါးကဗျာတွေကိုရေးသားတာတွေ့ရပါတယ်
မောင်လေးအနေနဲ့ဝတ္ထုတပုဒ်ရေးမယ်ဆိုဘယ်လိုစတင်ခံစားပြီးရေးလေ့ရှိတယ်ဆိုတာဝေမျှပေးပါအုန်း။
မောင်လေးကတော့ စာမျိုးစုံးကို ၀ါသနာအရရေးဖြစ်တာပါ။ ၀တ္ထုတိုတွေကတော့ ဇာတ်လမ်းအရင်တွေးပြီးမှ ချရေးဖြစ်ပါတယ်။
သိပ်တော့ မထူးပါဘူး။ အကိုလည်း ရှေးဆရာကြီး ညွှန်ကြားတဲ့အတိုင်း စု၊တု၊ပြုကနေ တဖြည်းဖြည်း အရေးကျင့်ခဲ့တာပါပဲ။
သိပ်တော့ မထူးပါဘူး။ အကိုလည်း ရှေးဆရာကြီး ညွှန်ကြားတဲ့အတိုင်း စု၊တု၊ပြုကနေ တဖြည်းဖြည်း အရေးကျင့်ခဲ့တာပါပဲ။
မောင်လေးသိတဲ့ကဗျာရေးသားနည်းပုံစံများကိုလည်း ရွှေမြို့တော်စာရေးသားသူတွေသိအောင်မျှဝေပေးပါအုန်းရှင်။
ကဗျာကတော့ များများဖတ်၊ များများရေး၊ များများလေ့လာနေမယ်ဆိုရင် များများတိုးတက်လာမယ်လို့ မောင်လေးထင်ပါတယ်။
ဘယ်ကဗျာမဆို ခံစားမှု၊ အတတ်ပညာ၊ ၀မ်းစာသာ သုံးချက်ညီနေမယ်ဆိုရင် ဖတ်ကောင်းနိုင်တာချည်းပါပဲ။
ဘယ်ကဗျာမဆို ခံစားမှု၊ အတတ်ပညာ၊ ၀မ်းစာသာ သုံးချက်ညီနေမယ်ဆိုရင် ဖတ်ကောင်းနိုင်တာချည်းပါပဲ။
မောင်လေးအနေနဲ့အားကျမိတဲ့အတုမြင်အတတ်သင်ဆရာများရှိလည်းဖေါ်ပြပေးပါအုန်း။
မောင်လေးအားကျရတဲ့ စာပေတွေနဲ့ စာရေးဆရာတွေရှိရင်လည်း ပြောပြပေးပါအုံးရှင့်။
မောင်လေးကတော့ ဗိုလ်ချုပ်အောင်ဆန်းကို အထူးအကျ အတုယူမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများအကျိုးအတွက်
ကိုယ်ကျိုးစွန့်ရဲတဲ့စိတ်ကို အရမ်းနှစ်သက်လို့ပါ။ မောင်လေး ကဗျာဆရာထဲမှာဆို ဆရာငြိဏ်းဝေးကို အတော်သဘောကျတယ်။
ရေးသမျှ အပုဒ်တိုင်းဟာ ဆန်းသစ်ပြီး မောင်လေး နှလုံးသားကို ညှို့ယူသွားနိုင်တယ်။ ပြီးတော့ စာပေအမျိုးအစားနဲ့ ပတ်သက်လို့
ဖတ်ပြီးတိုင်း အတွေးစတွေ များစွာချန်တတ်တဲ့ အက်ဆေးခေါ် ရသစာတမ်းကို အကြိုက်ဆုံးပဲ။ ရေးလည်း ရေးတတ်ချင်မိတယ်။
ဘာဖြစ်လို့လဲဆိုတော့ မောင်လေး အဲ့ဒါမျိုးတွေ ဖတ်ပြီးတိုင် ရေးတတ်သူတွေကို အရမ်းအားကျနေမိလို့ပါ။

စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာ ဖတ်ရူ ရေးသားဖြစ်ခဲ့လည်း
ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ဖတ်တာက ပိုစောမယ်။ သုံးတန်းလောက်ကစပြီး ကာတွန်းတွေ အရင်စဖတ်တယ်။ နောက်တော့ သိုင်းဝတ္ထု၊
စွန့်စားခန်း၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါ အစရှိသဖြင့် အစုံဖတ်ဖြစ်လာတယ်။ ရေးတာကတော့
တည်တည်တံ့တံ့စရေးဖြစ်တာ တက္ကသိုလ်ပထမနှစ်က စပါတယ်။
စွန့်စားခန်း၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါ အစရှိသဖြင့် အစုံဖတ်ဖြစ်လာတယ်။ ရေးတာကတော့
တည်တည်တံ့တံ့စရေးဖြစ်တာ တက္ကသိုလ်ပထမနှစ်က စပါတယ်။
မောင်လေးအကြိုက်ဆုံးကဗျာ။ဝတ္ထုများရှိလည်းပြောပြပေးပါအုန်း။
အကြိုက်ဆုံးကဗျာကတော့ ဆရာလူလန်းရဲ့ “ကဗျာဆရာနှင့်သူ၏သမိုင်း“ ဆိုတဲ့ ကဗျာလေးပါ။ အွန်လိုင်းမှာ ဖတ်ခဲ့ရတာကြာပါပြီ။
မှတ်မှတ်ရရဖြစ်နေလို့ပါ။ အကြိုက်ဆုံးဝတ္ထုကတော့ ဆရာမင်းသိင်္ခရဲ့ “ဖြစ်ချင်တာဖြစ် မောင်ဘချစ်” ဆိုတာပဲ။
အဓိကကတော့ အဲ့ဒီမှာ ပါတဲ့ ဒဿနခွန်းအားတွေကို ရရှိမိလို့ နှစ်သက်ရကြောင်းပါ။
မှတ်မှတ်ရရဖြစ်နေလို့ပါ။ အကြိုက်ဆုံးဝတ္ထုကတော့ ဆရာမင်းသိင်္ခရဲ့ “ဖြစ်ချင်တာဖြစ် မောင်ဘချစ်” ဆိုတာပဲ။
အဓိကကတော့ အဲ့ဒီမှာ ပါတဲ့ ဒဿနခွန်းအားတွေကို ရရှိမိလို့ နှစ်သက်ရကြောင်းပါ။
မောင်လေးကအွန်လိုင်းမှာကဗျာဆုတွေခဏခဏရတယ်နော်
မောင်လေးဆုရတဲ့အပေါ်ဘယ်လိုခံစားရလဲကိုယ့်ကဗျာရေးသားမူအတွက်
ဘယ်လိုမျိုးလေးကျေနပ်ပီတိဖြစ်မိလဲ။
ဘယ်လိုမျိုးလေးကျေနပ်ပီတိဖြစ်မိလဲ။
လက်သွေးနိုင်တဲ့ပွဲတွေမို့ နှစ်သက်မိလို့ပါ။ဘာဖြစ်လို့လဲဆိုတော့ ပြိုင်ပွဲဆိုတဲ့အရှိန်နဲ့
ဘယ်သူမဆို ပိုပြီး အားထုတ်ရေးသားကြတာပဲမဟုတ်လား။ အဲ့ဒီလို အားထုတ်ရေးသားတဲ့အခါ
အောင်မြင်မှုအသီးအပွင့်တွေ ထိုက်သင့်အားလျော်စွာရှိတဲ့ အတွက် ကျွန်တော်လည်း
ပုထုဇဉ်ပီပီ ပျော်ရွှင်မိပါကြောင်း။
ပုထုဇဉ်ပီပီ ပျော်ရွှင်မိပါကြောင်း။
မောင်လေးဆုရတဲ့ကဗျာတွေဝတ္ထုတွေကိုအားလုံးသိအောင်ဖတ်လိုအတုယူလိုရအောင်ဝေမျှပေးပါအုန်း။
မောင်လေးဆုရထားတဲ့ ကဗျာ(၅)ပုဒ်၊ ၀တ္ထုတို(၂)ပုဒ်၊ ဆောင်းပါး(၁)ပုဒ် အားလုံးကို
ကျွန်တော့်ရဲ့ ဖေ့ဘုတ်စ်နုတ်စ်(notes)မှာ တင်ထားပါတယ်။ အဲ့ဒါတွေ အပြင် ရေးထားသမျှ
အသစ်အားလုံးလည်း အဲ့ဒီထဲမှာ တစုတစည်း ဖော်ပြထားပါတယ်။ မည်သူမဆို ၀င်ရောက်လေ့လာနိုင်သလို၊
ဝေဖန်အကြံပြုလို့ရပါတယ်။ ဒီနေရာလေးက http://www.facebook.com/saypaing.htutpathein/notes
ကြိုဆိုနေပါတယ်။

မောင်လေးခုခေတ်ပေါ့နော်လူငယ်တွေခေတ်ရှေ့ပြေးနေတာခေတ်ကြောင့်လားစနစ်ကြောင့်လား။
ဒီကိစ္စ မောင်လေးအထင်ပြောရရင် နှစ်ခုစလုံးနဲ့ အနည်းနဲ့အများ သက်ဆိုင်မယ်လို့ထင်ပါတယ်။
အဓိကက ပတ်ဝန်းကျင်ရယ်၊ ကိုယ့်မှာရှိတဲ့ဗီဇတွေက လူငယ်တွေကို အမျိုးမျိုးပြောင်းလဲပစ်တတ်တာပဲ။
အဓိကက ပတ်ဝန်းကျင်ရယ်၊ ကိုယ့်မှာရှိတဲ့ဗီဇတွေက လူငယ်တွေကို အမျိုးမျိုးပြောင်းလဲပစ်တတ်တာပဲ။
လူငယ်တွေအနေနဲ့ခုလိုပေါ့နော်ပွင့်လင်းလာတဲ့ဈေးကွက်စီးပွားစနစ်အပေါ်မှာ
ဘယ်လိုမျိုးကိုအတုယူသင့်ပြီးဘယ်လိုမျိုးကိုအတုမယူသင့်ဘူးလိုထင်ပါသလဲ။
မောင်လေးဒါကို ဥပမာပေးရရင် ဖွင့်ထားတဲ့တံခါးကနေ အမှိုက်ရော အလင်းရော ၀င်နိုင်တာပဲ
မဟုတ်လား။ ဒါကြောင့် လူငယ်တွေကိုယ်တိုင်က အလင်းကိုချည်း ရအောင်ယူနိုင်ဖို့
ဆုံးဖြတ်လုပ်ဆောင်နိုင်စွမ်းရှိရမယ်။ ပြီးတော့ အမှိုက်ဆိုတာလည်း သိပြီးပယ်နိုင်ဖို့ ပညာဆိုတဲ့
ဝေဖန်ပိုင်ခြားနိုင်စွမ်းလည်းရှိရပါမယ်။
မဟုတ်လား။ ဒါကြောင့် လူငယ်တွေကိုယ်တိုင်က အလင်းကိုချည်း ရအောင်ယူနိုင်ဖို့
ဆုံးဖြတ်လုပ်ဆောင်နိုင်စွမ်းရှိရမယ်။ ပြီးတော့ အမှိုက်ဆိုတာလည်း သိပြီးပယ်နိုင်ဖို့ ပညာဆိုတဲ့
ဝေဖန်ပိုင်ခြားနိုင်စွမ်းလည်းရှိရပါမယ်။
တိုင်းတပါးယဉ်ကျေးမူတွေလွမ်းမိုးလာမူအပေါ်ဆိုးတယ်မြင်လားကောင်းတယ်မြင်ပါသလား။
မောင်လေးကတော့ တန်ရင်ဆေး လွန်ရင်ဘေးလို့ မြင်ပါတယ်။ အတုယူသင့်တာတွေ ယူပြီး၊
ပယ်သင့်တာတွေကို ပယ်ရမယ်။ ဒါကို တရားပွဲမှာ ဘုန်းဘုန်းတွေကလည်း
ဟောပြောခဲ့တာ ကြားနာဖူးပါတယ်။ တချို့က အတုမယူသင့်တာကို ယူပြီး အတုယူသင့်တာကျတော့
မျက်စိမှိတ်နေတတ်ကြတယ်။ အဲ့ဒါမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် အားလုံးကို ကောက်ချက်ချရရင်
ကိုယ့်ယဉ်ကျေးမှုကို အပြီးတိုင်စုန်းစမြုပ်စေမယ့် တိုင်းတစ်ပါးယဉ်ကျေးမှုဆိုရင်
ဆိုးတယ်လို့ မြင်ပါတယ်။ ကျန်တာတော့.....။

လူတိုင်းက မိမိတို့ယုံကြည်ရာ ဘာသာကို ကိုးကွယ်ကြည်ညိုနေကြတဲ့အထဲမှာမှမောင်လေးက
ဘယ်ဘာသာကို ယုံကြည်ကိုးကွယ်ပြီး ဘာသာရေးစာပေတွေအပေါ်မှာ
အမြင်လေးကိုလည်းသိချင်ပါတယ်ရှင်
မောင်လေးကတော့ ဗုဒ္ဓဘာသာကို အထူးယုံကြည် ကိုးကွယ်ပါတယ်။ ဘာသာရေးစာပေဆိုတာ
ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေ လေ့လာရမယ့်စာပေပါ။ ကိုယ်တိုင်က မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်အဆင့်ထက် တကယ့်ဗုဒ္ဓဘာသာဝင် ယုံကြည်မှုနက်နဲသူစစ်စစ်ဖြစ်ဖို့
ဘာသာရေးစာပေတွေ လေ့လာဖို့က အရေးကြီးဆုံးအချက်ပါပဲ။
ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေ လေ့လာရမယ့်စာပေပါ။ ကိုယ်တိုင်က မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်အဆင့်ထက် တကယ့်ဗုဒ္ဓဘာသာဝင် ယုံကြည်မှုနက်နဲသူစစ်စစ်ဖြစ်ဖို့
ဘာသာရေးစာပေတွေ လေ့လာဖို့က အရေးကြီးဆုံးအချက်ပါပဲ။
လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါဘယ်လိုအသိစိတ်ကလေးနဲ့
ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်းရွှေမြို့တော်သူငယ်ချင်းများအတွက် မှတ်သားစရာ
စကားလက်ဆောင်လေးအဖြစ်ပြောပေးပါအုန်းရှင်။
လောကဓံဆိုတာ လူတိုင်းကြုံတွေ့ရမှာ ဓမ္မတာပါပဲ။ မောင်လေးကတော့ အဲ့ဒါကို ခေါင်းနဲ့ပန်းလို့
သဘောထားပါတယ်။ ဒါကြောင့် အဆိုးပဲတွေ့တွေ့၊ အကောင်းပဲတွေ့တွေ့ မမြဲတဲ့သဘောတရားတွေပဲမို့
ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်နေဖို့တာ အရေးကြီးဆုံးလို့ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ခေါင်းပြီးပန်းလာ၊ ပန်းပြီးခေါင်းလာမဟုတ်လား။ မြဲမှ မမြဲတာ။

မောင်လေးဘ၀အတွက်အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးများရှိရင်
ရွှေမြို့တော်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးပါအုံးရှင်။
မောင်လေးရဲ့ ဆောင်ပုဒ်ကတော့ “တစ်ကောင်တည်း ဒါပေမဲ့ ခြင်္သေ့”ဆိုတာပဲ။
အွန်လိုင်းအသုံးပြုနေကြတဲ့ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မောင်လေးအနေနဲ့
ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင်ပြောပြပေးပါအုန်း။
ဆိုးခြင်းရောရှိတဲ့ လွယ်အိတ်တစ်လုံးပါ။ ဒါကြောင့် ကောင်းတာနှိုက်ယူတာလည်း ကိုယ်၊
ဆိုးတာနှိုက်ယူတာလည်း ကိုယ်ပဲမို့။ မည်သူမပြု မိမိမှုဆိုတာ မမေ့ပါနဲ့လို့။
ဒီရွှေမြို့တော်ဆိုဒ်မှာမောင်လေးအနေနဲ့ အခင်ရဆုံး သူငယ်ချင်းများရှိရင်
မိတ်ဆက်ပေးပါအုံးရှင်။
ဒီဆိုဒ်မှာ ကျွန်တော်အခင်ရဆုံးက ခုဗျူးနေတဲ့ မမ ရှင်းသန့်မေပါပဲ။ သူနဲ့စကားပြောဖြစ်တာ များလို့နေမယ် :P
(ကျေးဇူးတင်ပါတယ်ရှင်)
(ကျေးဇူးတင်ပါတယ်ရှင်)
ရွှေမြိုတော် အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားခြင်းအပေါ်ဘယ်လိုမြင်ပါသလဲ။
ပရဟိတလုပ်တယ်ဆိုတာ တကယ်လိုအပ်နေသူကို ကိုယ်တတ်စွမ်းသမျှ ကူညီပေးတာလို့ အကို နားလည်ပါတယ်။
ဒါကြောင့် ရွှေမြို့တော် အွန်လိုင်းပရဟိတအသင်းတည်ထောင်ခြင်းဟာ ကောင်းသောရည်ရွယ်ချက်နဲ့ပါ။
ဒါကြောင့်မို့ အားလည်းပေးပါတယ်။ ပြီးတော့ ဆက်ပြီးလည်း ခြေလှမ်းပေါင်းများစွာ
လှမ်းနေအုံးမယ်လို့လည်း ယုံကြည်ပါတယ်။
ဒါကြောင့် ရွှေမြို့တော် အွန်လိုင်းပရဟိတအသင်းတည်ထောင်ခြင်းဟာ ကောင်းသောရည်ရွယ်ချက်နဲ့ပါ။
ဒါကြောင့်မို့ အားလည်းပေးပါတယ်။ ပြီးတော့ ဆက်ပြီးလည်း ခြေလှမ်းပေါင်းများစွာ
လှမ်းနေအုံးမယ်လို့လည်း ယုံကြည်ပါတယ်။
ရွှေမြို့တော်ဆိုဒ်အသုံးပြုနေတဲ့မန်ဘာတယောက်အနေနဲ့ ဆိုဒ်လေးအပေါ်မှာ လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်း
ပြောပြပေးပါအုံးရှင်။
လိုအပ်ချက်က သိပ်ပြောစရာမရှိပါဘူး။ ဆိုဒ်ထဲဝင်ရင် သုံးရတာ လေးနေတာ တစ်ခုပဲ မြင်မိပါတယ်။
(ဟုတ်ကျေးဇူးတင်ပါတယ်)
(ဟုတ်ကျေးဇူးတင်ပါတယ်)
အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ ခင်မင်မူအပေါ်မှာဘယ်လိုမြင်လဲ၊
အွန်လိုင်းခင်မင်မူကိုရော မောင်လေးအနေနဲ့ ယုံကြည်မူရှိလားရှင့်။
ကျွန်တော်ကတော့ ခင်မင်မှုတွေမှာ အရောင်အမျိုးမျိုးနဲ့ကို ကြုံခဲ့ဖူးပါတယ်။ အဖြူရောင်ခင်မင်မှုကိုတော့
အကို တန်ဖိုးအထားဆုံးပါပဲ။ အွန်လိုင်းခင်မင်မှုကိုလည်း ယုံကြည်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စာပေဘော်ဒါ ရေးဖော်ရေးဘက်တော်တော်များများနဲ့ အွန်လိုင်းခင်မင်မှုကနေ
အပြင်မှာထပ်ချိန်းဆိုကြပြီး ခင်မင်မှုတွေပိုပြီး တည်ဆောက်ခွင့်ရခဲ့တယ်လေ။

ရှင်းမေးတာတွေလည်း တော်တော်လေးများနေပြီးဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့
ဆိုဒ်တည်ထောင်သူနဲ့ အက်ဒမင်တွေနဲ့ ပတ်သက်လို့အကြံပြုစကားလေးများရှိမယ်ဆိုရင် ပြောပြပေးပါအုံးရှင်။
အရင်ဆုံး ဂန္တ၀င်ကဗျာပြိုင်ပွဲတွေ လုပ်ပေးတာ ကြိုဆိုကြောင်း ပြောလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ ရှေးကဗျာဟန်များကို စပ်ထုံးစပ်နည်းနဲ့အညီ ထိန်းသိမ်းသောအားဖြင့်
နေရာပေးပြိုင်ပွဲလုပ်ပေးတာကိုပေါ့။ အဲ့ဒီအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်။
ခုပြောလိုတာက ခေတ်ပေါ်/ခေတ်ပြိုင် မြန်မာ့ကဗျာတွေကိုလည်း နေရာပေးသောအားဖြင့်
အဲ့ဒီကဗျာလေးတွေအား ပြိုင်ပွဲလေးတွေ ပြုလုပ်ပေးစေချင်ကြောင်းပါ။
မောင်လေးကိုယ်ပိုင်ဝက်ဆိုဒ်ရှီရင်လည်းမြိုတော်သူငယ်ချင်းများလေ့လာလို့ရအောင်ပြောပြပေးပါအုန်း။
ဝက်ဆိုဒ်က တည်ဆောက်ဆဲပါ။ မပြီးသေးပါဘူး။ ပြီးတော့မှ သူငယ်ချင်းတွေအားလုံးသိအောင်
ဘလော့ဂ်ရေးပြီး ကြေညာပေးပေါ့မယ်။ ရေးသမျှ အရင်ဖတ်ချင်ရင်တော့ ပထမပြောထားတဲ့နေရာမှာ
ကျွန်တော့် ဖေ့ဘုစ်နုတ်စ်(notes) ချပေးထားကြောင်းပါ။
ဘလော့ဂ်ရေးပြီး ကြေညာပေးပေါ့မယ်။ ရေးသမျှ အရင်ဖတ်ချင်ရင်တော့ ပထမပြောထားတဲ့နေရာမှာ
ကျွန်တော့် ဖေ့ဘုစ်နုတ်စ်(notes) ချပေးထားကြောင်းပါ။
မောင်လေးစာပေတွေကိုရွှေမြို့တော်မှာဆက်လက်ရေးသားပါအုန်းလို့တောင်းဆိုပါတယ်ရှင်။အခုလို
အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင် ရှင်းမေးမြန်းသမျှကိုစိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး
ဖြေကြားပေးခဲ့တဲ့ကိုစေပိုင်ထွဋ်(ပုသိမ်)ကိုရွှေမြို့တော်မှအားလုံးကိုယ်စားရှင်းက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ရွှေမြို့တော်ဆိုဒ်နဲ့အတူ အကိုကဗျာတွေ စာတွေ အသက်ရှိနေသေးသရွေ့ ဆက်လက်ရေးသားသွားမှာပါ
ကျွန်တော်ကိုဆိုဒ်မှာ နေရာပေး မေးမြန်းတဲ့ ညီမလေးရှင်းနဲ့ ရွှေမြို့သူ၊ ရွှေမြို့သားအားလုံးကိုလည်း
ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြီးတော့ ဥာဏ်မီသလောက်ဖြေမိထားသမျှ အမှားပါခဲ့ရင်လည်း
ဒီနေရာကနေ တောင်းပန်အပ်ပါကြောင်း အားလုံးကို ပြောကြားအပ်ပါတယ် ရွှေမြို့တော်ဆိုဒ်နဲ့အတူ
အကိုကဗျာတွေ စာတွေ အသက်ရှိနေသေးသရွေ့ ဆက်လက်ရေးသားသွားမှာပါ
ကျွန်တော်ကိုဆိုဒ်မှာ နေရာပေး မေးမြန်းတဲ့ ညီမလေးရှင်းနဲ့ ရွှေမြို့သူ၊ ရွှေမြို့သားအားလုံးကိုလည်း
ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြီးတော့ ဥာဏ်မီသလောက်ဖြေမိထားသမျှ အမှားပါခဲ့ရင်လည်း
ဒီနေရာကနေ တောင်းပန်အပ်ပါကြောင်း အားလုံးကို ပြောကြားအပ်ပါတယ်
မောင်လေးစေပိုင်အတွက်မြို့တော်ကဧည့်ခံတဲ့ကော်ဖီသုံးဆောင်အုန်းနော်:D
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို
မန်ဘာများသည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်တယ်ဆိုလျှင်
နာမည်လေးပေးထားခဲ့ပါရှင် အလျင်းသင့်သလို မေးပေးပါမယ်ရှင့်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို
အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံရင်း
အင်တာဗျုးအစီအစဉ်ပြီး၏။
♥★ ချစ်ခင်လေးစားလျှက်♥★
♥★ ရှင်းသန့်မေ♥★