Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♫ မှန် ♫ ...ကြည့် သူများသို့ ... !

$
0
0


မှန် .... လူတိုင်း ကြည့်ဖူး ကြပါသည် ။


ဘာလို. ကြည့်တာလဲ လို့ ဆိုပါ လျှင် ..


အမှန်အတိုင်း မြင်ချင်လို့ ကြည့်တာ ဟု ဖြေရ ပေမည် ။ ကိုယ့် ကို ကိုယ့် အမှန်အတိုင်းမြင်ချင် ၊ သိချင်သည်မှာ လူတိုင်းပင် ။ သို့ သော် အမှန်ကို ကြည့် ချင်၍ မှန် ကြည့် ပြီး ၊ အမှန်ကို ဖုံးကွယ်ပစ်တတ်သည်မှာလဲ လူ့ သဘာဝ တစ်ခုပဲ ဖြစ်နေပြန်ပါသည် ။
ကျမတို့ မိန်ခလေးများတွင် မျက်လုံးနှစ်လုံး ပွင့်တာနှင့် ပထမ ဦးဆုံး အလုပ်သည် မှန်ကြည့်ခြင်းဖြစ်ပါသည် ။
မှန်လေး ပြေးကြည့်ပြီးမှ မျက်နှာသစ် ၊ အိမ်သာတက် ဆက်လုပ်ကြပါသည် ။ မျက်နှာသစ်ပြီးတော့လဲ မှန်ကို သေချာကြည့်၍ ပြင်ဆင်ကြသည်မှာ သဘာဝပင် ။


နေ့တနေ့ လုံးကုန်ဆုံးသွားပါ လျှင် မှန်ကြည့် ခြင်းသည် အခါရည် ရေတွက်လိုပင်မရနိုင်ပါ ။ ဒီလောက် နေ့တိုင်းကြည့်နေကြသော မှန် ။ မှန်အောင်ကြည့်တတ်ခြင်း မ၇ှိခြင်းကို ကျမ ယခုမှ ရိပ်မိခဲ့ပါသည် ။
လူတစ်ယောက်ကို လောကုတ္တရာ အရ ခွဲမည်ဆိုပါလျှင် ရုပ်၊နာမ် နှစ်ပါးပဲ ရမည် ဆိုတာ လူတိုင်းနီးပါး သိပြီးသားပါ ။ ရုပ်တရား ကလည်း သင်္ခါရ တရားပဲ ၊ နာမ်က လဲ သင်္ခါရ ပဲ ဆိုတာ လဲ တရားနာဖူးသူတိုင်းသိပါသည် ။ သင်္ခါရ တရားသည် ဖောက်ပြန်ပျက်စီး ပြုပြင်စေ့ဆော်တတ်သော သဘောဆိုတာလဲ သိပြီးကြပါပြီ။ သို့သော် ...
တစ်နေ့တာရဲ့ အစ မိုးလင်းတာနဲ မှန်ကြည့်သည် ။ မှန် ထဲတွင် မနေ့ကထက် အိုမင်းသွားသော ကိုယ့်မျက်နှာကို မြင်ရမည် ။ သင်္ခါရ တရား ကြောင့် အိုမင်းသွားခဲ့ပြီ ၊ စက္ကန့် မလပ်လဲ အဖန်ဖန် ဖောက် ပြန်၍ နေပေသည် ။

သို့သော် မိတ်ကပ် ၊ သနပ်ခါးတို့နှင့် ဖုံးကွယ်ခါ ပြုပြင်ကြပါသည် ။ ကိုယ့် ကို ကိုယ်လဲ လှတယ်ထင်ပါသည် ။ သူများတွေက လဲ ..
“ အမ တို့များတနေ့တခြား နုလာတယ်နော် ၊ ဘာဆေးတွေများစားထားလဲ မသိဘူး ၊ မျက်နှာလေးကို နုဖတ်နေတာပဲ ”
အဲ့လိုလေးများ ကြားလိုက်ရရင် ပါးစပ်းက နားရွက်တက်ချိတ်အောင်ပင် သဘော ကျခဲ့ ပါသည် ။ စိတ်ထဲက လဲ ငါ နုတယ်ဆိုတာ ဟုတ်မယ် ။ မာနတွေ တက်လို့ ပေါ့ ။ မှန် ကြည့်လိုက် သဘောတွေ ၊ ကျလိုက်နှင့် နေ့ရက်တွေ ကုန်ဆုံးခဲ့သည်မှာ များလှပြီ ။

မှန်က ပြနေသည်မှာ ရုပ်တရားကြီး ဖောက်ပြန်ပျက်စီးနေသော သင်္ခါရတရား ၊
မြင်နေသည်က ငါ့ မျက်နှာလေး ဆိုသော ဒိဌိ ။ မှန်ကြည့် ၍ အမှန် မမြင်နိုင်ခြင်းပင် ဖြစ်ပါသည် ။
မှန် ဆိုတဲ့ အတိုင်း သူတာဝန် သူကျေပါသည် ။ သူပြတာက လဲ အမှန်ပါပဲ ။ သို့သော် ကျမ အလိမ် ခံခဲ့ရပါသည် ။ ကျမကို လိမ်ခဲ့သူမှာ အ၀ိဇ္ဖာ ဖုံးနေသော စိတ်ပါပဲ ။ အ၀ိဇ္ဖာဟူသည် အကုသိုလ်တရားတို့ကိုသာပေးစွမ်းသော အမှောင်တရားပါ ။


မှန်ထဲမှာ မြင်နေရတာ ငါ့မျက်နှာလေး ပဲ ဆိုတော့ ...
ရုပ်တရားပေါ်တွင် စွဲလမ်းခြင်းမှ ငါ့ဟာ ဟူသော သက္ကာယ ဒိဌိ လာပါသည် ။ ဤသည်ကို နာမ်တရား စိတ်က
ငါ လှတယ်ဆိုသော တဏှာ နှင့် မာန ပါ ရော လာသော အခါ ပို ၍ လှချင်သော လောဘ ပါ ထပ်ပေါင်း ခံခဲ့ရပြန်ပါသည် ။
အညစ်နွမ်းဆုံး အကုသိုလ် စိတ် သို့ ရောက် ၇ှိသွားခဲ့ပါပြီ ။
မှန်တစ်ခါ ကြည့်တိုင်း အမှန်မမြင်ခဲ့ပါ လျှင် အကုသိုလ် စိတ်များသာ ဖြစ်၍ နေပါတော့ သည် ။
ကျမတို့ လူသား များသည့် ကံကောင်းထောက်မ၍ အသိဥာဏ်ပညာရှိသည် ။ ၇ှိသော အသိ ဥာဏ်ကို အကျိုးရှိအောင် အသုံးချ သည့်ပေသည် ။ အ၀ိဇ္ဖာဖုံးတဲ့ ရေစုန် လမ်းတွင် ပျော်ပျော်ကြီး အမျော ခံခဲ့သည်မှာ ကြာ ခဲ့ပါ ပြီ ။


အမှောင်ကို အမှောင်မှန်း မသိ အမှောင်ထဲတွင် ပျော်ခဲ့ သည်မှာ ဘ၀ ပေါင်းများလှပါ ပြီ ။
အမှောင်ကို ဖြိုခွင်းနိုင်တာ အလင်းရောင်ပါ။ လူတို့ရဲ့ အ၀ိဇ္ဖာအမိုက်မှောင်ကို ဖြိုခွင်းနိုင်တာကတော့ ဥာဏ်ပညာ အလင်းရောင်ပါပဲ ။
အလင်းရောင် လာ ချိန် လေး ယခု အခါ တွင် မှန် ကို မှန်နေအောင် ကြည့် တတ်ဖို့ လို ပြီ ဟု ကျမ ထင်မိပါသည် ။
ဥာဏ် အလင်းရောင် ဆိုသည် သာသနာတွင်းကာလ၌သာ ထွန်းလင်းနိုင်ပေသည် ။ သစ္စာလေးပါး တရားများ ပြန်ပွားနေချိန် ယခု အခါတွင် အ၀ိဇ္ဖာ အမိုက်မှောင်မှ လွတ်မြှောက်နိုင်ရန် အခွင့်အရေးကြီးပင် ဖြစ်သည် ။
မှန်ကြည့်တိုင်း တွင် အကုသိုလ် စိတ်မှ ကင်းလွတ်၍ ကုသိုလ်စိတ် ဖြစ်စေရန် ဥာဏ်ပညာ ဖြင့် ဆင်ခြင် သင့်ပေသည် ။


မှန်ထဲတွင်မြင်နေရတာ ရုပ်တရားကြီးပါပဲ ။ ရုပ်ဆိုသည် ဖောက်ပြန် ပျက်စီးတတ်သော သဘောတရား သာတည်း ။ ယခုပင် လက်တွေ့ ကြည့်ပါလျှင် မနေ့က ထက် အိုမင်း သွားခဲ့ပါ ပြီ ။ ဒါက သင်္ခါရ တရားပါပဲ ။
ဒီဖောက်ပြန် နေသော ရုပ်တရားကြီးကို ခင်တွယ်နေလျှင် ဘာမှ အနှစ်သာရမရှိ ။ ဒီလို ခင်တွယ်ခဲ့လို့ သံသရာမှာ ကျင်လည်ခဲ့ရသည့် ဘ၀ပေါင်းများခဲ့ပြီ ။
ယခုမြင်နေရသော မှန် မှ ရုပ်တရားကြီးကို လက်တွေ့ကြည့်၍ သံဝေဂယူကာ
တဏှာ ၊မာန ၊ ဒိဌိ တရားတို့ မတိုးပွားအောင် ကြိုးစား အားထုပ်သင့်ပေသည် ။


နေ့တိုင်းကြည့်နေသော မှန်ကို အသုံး ချ ၍...
မှန်ကြည့် ခြင်းဖြင့် အမှန် တရားများကို မြင်နိုင်ပါစေ ဟု တောင်းဆု ပြု ခဲ့ပါသည် ။


ခင်မင်လေးစား လျှက် ...
ဆန္ဒမွန်ဖြင့်
မှုံနံ.သာဖြူ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...