မောင် သိပ်ချစ်ရတဲ့ မ ရေ မောင် လေ မ ကို အရမ်းချစ်ခဲ့ပါတယ်
ဘယ်လောက်ထိချစ်လည်းလို့  မမေးပါနဲ့ နော် ။ ဥပမာ နှိုင်းပြရရင်
** ဘက်ထရီအိုး တစ်လုံး မ က ဖြစ်ခဲ့ရင် လူတွေကို သာဒုက္ခ ပေး
နိုင်ပြီး မ အတွက် ထာဝရ အားအင်တွေ ပေးစွမ်းနိုင်မဲ့  အက်စစ်က
မောင် ပဲ ဖြစ်ပါရစေ ။
** ကတ်ကြေးတစ်လက် မ က ဖြစ်ခဲ့ရင် လိုသလို ဖြဲနိုင် စုနိုင် ပြီး အဆင်
ပြေပြေ ညှပ်နိုင် ကိုက်နိုင်အောင် ထိန်းကြောင်းပေးမဲ့  ဆုံချက် မူလီလေး
မောင် ဖြစ်ပါရစေ။
** ဘောလုံးကစားကွင်းထဲက ဂိုးတိုင်ကြီး မ ကဖြစ်ခဲ့ရင် ဘယ်အလုံးမှ
မ၀င်နိုင်အောင် တားဆီးပိတ်ပင်ပေးမဲ့ ဂိုးသမား မောင် ဖြစ်ပါရစေ။
** သော့ခလောက်တစ်လုံး မ ကဖြစ်ခဲ့ရင် လိုသလိုဖွင့်နိုင် ပိတ်နိုင်
တဲ့ သော့တံတစ်ချောင်း မောင် ဖြစ်ပါရစေ ။
** လမ်းဘေးကွမ်းယာ ဆိုင်က ထုံးအိုးကြီး မ ဖြစ်ခဲ့ ရင် စိတ်တွေ
အနည်မထိုင်အောင် မွှေ ပေးနေတဲ့ တုတ်တံ မောင် ဖြစ်ပါရစေ ။
**စတီးပိုက်တစ်ချောင်း မ ဖြစ်ခဲ့ရင် ၊ ဂုဏ်အရှိန် ၀ါ မညှိုးနွမ်းရအောင်
ပေါ်လစ်တင်ပေးမဲ့ ကော်ပတ်စ မောင် ဖြစ်ပါရစေ။
** ငါးပိအိုးကြီး မ ဖြစ်ခဲ့ရင် ယင်ကောင်တွေ တလောင်းလောင်း နဲ့ 
မနားရအောင် ဖုံးအုပ်ပေးမဲ့ ဇကာဘန်းခုံး မောင် ဖြစ်ပါရစေနော်။
** ခွေးလှေးယားသီး မ ဖြစ်ခဲ့ရင် အနားကပ်တဲ့ သူတွေ မနေနိုင်နိုင်
အောင် ယားစေတဲ့ ခွေးလှေးယားသီး အမွှေး မောင် ဖြစ်ပါရစေ ။
တစ်ကယ်ပြောတာပါနော် ၊ အဲလောက်ထိကိုချစ်
တာပါ ။
မောင့် ချစ် မမ အတွက်
သူငယ်ချင်းအားလုံးပျေုာ်ရွှင် ရယ်မောနိုင်ကြပါစေ။
ကိုငွေစိုး ( ဟင်္သာတ )
ဒါလေးက ကျွန်တော်ရဲ့  ကိုယ်ပိုင် ပို့ စ် အဟောင်းလေးပါ ။
အားပေးကြပါအုံးနော်။