Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်စရာ့ လက်သုပ်ပုဝါလေး

$
0
0

ချစ်စရာ့ လက်သုပ်ပုဝါလေး

ငိုနေမိသည်

သို့သော် မျက်ရည်မရှိ

ချစ်သူသက်တမ်း

၆ နှစ်ကျော် ၇နှစ်ပြည့်တော့မည်

ချစ်သူသည်

သုခများစွာကိုပေးခဲ့သည်

ဒုက္ခများစွာကိုလည်း ပေးခဲ့သည်

ဒုက္ခတို့သည်

သူ၏ တဇွတ်ထိုးလုပ်တတ်မှုနှင့်

ကျွန်ုပ်၏ ညံ့ဖျင်းမှုတို့ကြောင့်

ဟုယူဆသည်

၁၅နှစ်မိန်းခလေးမှ စတင်

ချစ်ခွင့်ပန်ရန်လမ်းကြောင်းခဲ့သည်

ချစ်သူဖြစ်ခဲ့သည်

အပျိုစင်ဘ၀ကို

လွတ်လပ်စွာဆုံးရှုံးစေခဲ့သည်

ဆန္ဒအားလုံးပြည့်ဝခဲ့သည်

လွတ်လပ်သောသဘောထားနဲ့

လွတ်လပ်စွာချစ်ခဲ့ကြသည်

သို့သော် စည်းလွတ်ဝါလွတ် မဟုတ်ခဲ့

တကယ်လည်းချစ်ခဲ့ကြသည်

ငွေကြေးအတွက်

ကြမ်းတမ်းတဲ့ ဘ၀လမ်းကိုလည်း

အတူလျှောက်ဖူးကြသည်

နှစ်ဦးစလုံး ပင်ပန်းလာကြသည်

ဘ၀ကို သူအရှုံးပေးခဲ့သည်

ပင်ပန်းမှုဒဏ်ကို မခံနိုင်တော့

ဒီလိုအရှုံးပေးဖို့

အခြေအနေများစွာ သူ့တွင်ရှိနေခဲ့သည်

လမ်းကြောင်းများစွာနဲ့

ဖြောင်းဖျသော်လည်း

သူသည် အရှုံထဲမှာပဲနေနေတော့သည်

အသားဖြူသည်

မျက်နှာချိုသည်

ချစ်စရာကောင်းသည်

ခေတ်လွန်အောင် ဟော့ချင်သည်

ဟော့လည်းဟော့သည်

ရှော့လည်း ရှော့သည်

ဗဟုသုတနည်းသည်

တဇွတ်ထိုးသည်

အလွယ်ကြိုက်သည်

ဆုံးဖြတ်ချက်တွေမှားသည်

သဘောထားတွေလွဲသည်

ဖြောင့်ချက်ပေးလို့ မရတော့ပြီ

အသက်အားဖြင့် တူသည်

သို့သော် ညီမလေတစ်ယောက်ကဲ့သို့

သဘောထားသည်

ငွေအလွယ်ရသည့်

အလုပ်ကိုရွေးသည်

မော်ဒယ်လုပ်သည်

ဘဲတွေ ရှုပ်သည်

လွတ်လပ်စွာ ရွေးချယ်ခွင့်ပြုလိုက်သည်

၎ ၅ ၆ လကြာခဲ့ပြီ

အဆက်အသွယ်ပြတ်ခဲ့သည်

တစ်နေ့မှာ

အကြောင်းတစ်ခုကြောင့် ပြန်ဆုံခဲ့သည်

မျက်ရည်များနှင့် သူငိုသည်

သူ့ဘ၀သည်

ပေသူတိုင်းသုတ်နေကြသော

လက်သုတ်ပုဝါဖြစ်နေပြီ

လက်သုတ်ပုဝါသည်

တစ်သျှူးတော့မဟုတ်

ညစ်ပတ်လျှင် လျှော်၍ရသည်

သို့သော် ဟောင်းလာလျှင်

လွှင်ပစ်ခံကြရမည်သာဖြစ်သည်

မျက်စေ့မှိတ် ကြည့်နေရုံမှတပါး

အခြားမရှိပြီ

နောင်တ မရဘူးလို့ကြွေးကြော်ခဲ့သော သူ့ပါးစပ်မှ

နောင်တဆိုသောစကား ထွက်ကျလာသည်

နောက်ဆုံးတွင်

အနမ်းတစ်ချက်တောင်းသည်

ကျွန်ုပ်မပေးခဲ့

သူတော်တော်ခံစားသွားရသည်

သို့သော် ကျွန်ုပ်အား စိတ်ကြိုက်

ပွတ်သပ် နမ်းရှိုက်ခွင့်ပေးခဲ့သည်

နှစ်ယောက်အတူပြန်ခဲ့ကြသည်

ကို ရက်စက်တယ်လို့ပြောသွားသည်

တစ်ညလုံးအိပ်မရတော့

မိုးချုပ် ၁နာရီ ၄၂ မိနစ်မှာ

အဆင့်မရှိဘူး ဆိုတဲ့မက်ဆေ့ ကျနော်ပို့ခဲ့သည်

......အကြောင်းမပြန်သေး

....အကြောင်းမပြန်သေး

ချစ်စရာ လက်သုပ်ပုဝါလေးရေ

လက်သုပ်ပုဝါလေးတွေ

ငွေနောက်ကိုပဲလိုက်နေကြတော့မှာလား

မင်းတို့ရဲ့ ချစ်တဲ့သူတွေ ဘယ်လိုခံစားနေရလဲထည့်မတွက်တော့ဘူးလား

ခံစားချက်ဆိုတာ

ဘာတွေခံပြီး ဘာတွေစားဖို့လဲ

မင်းဖြေလေ.........................................................

အကြင်နာကင်းမဲ့သည်ဟု ထင်ရသော

ကျွန်ုပ်၏ နှလုံးသား သရုပ်မှန်ကို

သူနှင့် စာဖတ်သူ သိချင်မှသိမည်

ရင်နှင့်အမျှရင်းရပါသော

ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလှသည်

မျက်နှာလွှဲပြီး လောကကို သက်ပြင်းအရှည်ကြီးချလိုက်မိတော့သည်..........

(ရသကို ခံစားနိုင်ကြပါစေ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>