Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရန်ကို ရန်ချင်း...

$
0
0

ရန်ကို ရန်ချင်း...

ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့ မေ့စကားနားထောင်....သားရဲ့

(ဒီစကားက ကျနော့်အမေ ကျနော့်ကိုပြောခဲ့တာမဟုတ်ပါဘူး)

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ကျနော်ကြည့်ခဲ့တဲ့

မဟာဇနက ရုပ်သေးပြဇာတ်ထဲက ဇနကရဲ့မိခင်က မဟာဇနကကို ဆုံးမတဲ့စကားတစ်ခွန်းပါ

ကျနော့်အမေကိုယ်တိုင် ပြောခဲ့တာမဟုတ်ပေမယ့်

ဒီစကားလေးဟာ ကျနော့်စိတ်ထဲမှာ စွဲစွဲမြဲမြဲ တည်ရှိနေပါတယ်

ရန်ကိုရန်ချင်း မတုံ့ နှင်းနဲ့တဲ့ ဒါကတော့ရှင်းပါတယ်

ဒါပေမယ့် တကယ်တမ်း ရန်ဘက်တွေ့လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကိုမပြောခင်

ရန်သူဆိုတာ ဘယ်သူလဲလို့ မေးခွန်းထုတ်ကြည့်ရမယ်

ရန်သူဆိုတာ ခိုက်ရန်ဒေါသဖြစ်ပွားစေရန် စေ့ဆော်မှုပေးနိုင်သူ လို့ပြောရမယ်

နောက်တစ်ချက်က ရန်သူက စေ့ဆော်မှုပေးတိုင်း ဒေါသနဲ့ တုံ့ပြန်ဖို့မလိုဘူးဆိုတာပြောချင်တယ်

ဥပမာ ခေါင်းလောင်းသံကြားတိုင်း အမြီးနံ့တတ်တဲ့ခွေးဟာ ခေါင်းလောင်းသံဆိုတဲ့ စေ့ဆော်မှုရတိုင်း အမြီးနံ့ခြင်းဆိုတဲ့ အမှုကိုပြုလုပ်ပါတယ်

ဒါပေမယ့် လူတွေကျတော့ အသိဥာဏ်ရှိတဲ့အတွက် စေ့ဆော်မှုပေးတိုင်း မတုံ့ပြန်တော့ဘူးဗျ

တုံ့ပြန်တဲ့အခါမှာလည်း တုံ့ပြန်တဲ့ပုံစံတွေအမျိုးမျိုး ကွဲပြားသွားကြတယ်

အဲဒီတုံ့ပြန်တဲ့ပုံစံတွေကလည်း လူတွေရဲ့ အဆင့်အတန်း ယုတ်ညံ့မှု နဲ့ မြင့်မြတ်မှုတွေကို ဖော်ပြပေးတယ်

တုံ့ပြန်မှုတွေအများကြီးရှိတဲ့ထဲက ဥပမာတစ်ချို့ကိုပြောပြမယ်

ဥပမာ - အမျိုးသမီးတစ်ယောက်က ၅နှစ်အရွယ်ကလေးတစ်ယောက် အငမ်းမရမုန့်စားနေတာကိုကြည့်ရင်း 

ညဉ်းသားကလေ ငတ်ကြီးကျနေတာပဲ စားနေတာပလုပ်ပလောာင်နဲ့အေ

ဒီလိုပြောလိုက်တာနဲ့

မိခင်ဖြစ်သူက ချက်ချင်းပဲ.... ဟဲ့ ငတ်ကြီးကျတယ်ဆိုတာ နာမည်သာဆိုးတာ ဗိုက်ဝတယ်ဟဲ့ ဆိုပြီး တုံ့ပြန်ပါတယ်

ခလေးကို ဆုံးမရမယ့်အစား ဒီလိုတုံ့ပြန်ခြင်းနဲ့ မိခင်က သူ့အရှက်ကို ရုတ်တရက် ကာကွယ်နိုင်ခဲ့ပေမယ့်

အဓိပ္ပါယ်ကိုကြည့်ရင်တော့ ယုတ်ညံ့တဲ့တုံ့ပြန်မှုလို့ပြောလို့ရတယ်...

နောက်ထပ်ဥပမာ တစ်ခုထပ်ပေးပါမယ်

မြို့စားမင်းဟာ သူ့မြို့ရဲ့အကြောင်းကို ကိုယ်တိုင်သိချင်တဲ့အခါ

အရပ်ဝတ်အရပ်စားနဲ့ ရုပ်ဖျက်ပြီး ဘေးမှာကိုယ်ရံတော်တစ်ပါးနဲ့

မြို့တွင်းကိုလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့တယ်

တစ်နေရာရောက်တဲ့အခါမှာတော့

အရက်မူးနေတဲ့ လူတစ်ယောက်ဟာ မြို့စားမင်းရှေ့မှာအော့အန်ပြီး မြို့စားမင်းကို ပေကျန်စေခဲ့တယ်

ဒီအချိန်မှာ ကိုယ်ရံတော်က ချက်ချင်း ဓါးကိုထုတ်ပြီး အမူးသမားလည်ကိုခုတ်မယ်လုပ်တယ်

ဒီအချိန်မှာ အမူးသမားပြန်လည်အသိဝင်ပြီး မြို့စားမင်းမှန်းသိတဲ့အခါ အသက်ကိုသနားရန်တောင်းပန်တယ်

ကိုယ်ရံတော်ကတော့ သတ်မယ်တကဲကဲလုပ်နေချိန်မှာ မြို့စားမင်းကချက်ခြင်း ခွင့်လွတ်တယ်လို့ပြောလိုက်တယ်

နောက်နေ့မှာ အမူးသမားဟာ မြို့စားမင်းဆီသွားပြီး သားစဉ်မြေးဆက်ကျွန်ခံခဲ့တယ်

ဒီဖြစ်ရပ်လေးကိုကြည့်ရင်...

မြို့စားမင်းရဲ့ တုံ့ပြန်ပုံက အမြော်အမြင်ရှိကြောင်းသိနိုင်တယ်

ကိုယ်ရံတော်က သတ်မယ်ဖြတ်မယ် တကဲကဲလုပ်ရမှာ သူ့အလုပ်ဆိုပေမယ့်

(အံဖတ်ပေခြင်းနဲ့ လူ့အသက်တစ်ချောင်းရဲ့တန်ဖိုးခြားနားမှုကို သူမမြင်ဘူး)

(အကြောင်းကတော့ ထမင်းကျွေးတဲ့အလုပ်အပေါ် မသိစိတ်က ဘက်လိုက်နေတဲ့အတွက်ဖြစ်တယ်)

ဥပမာ နောက်တစ်ခုထပ်ပေးမယ်ဗျာ

အဲဒါကတော့ အားလုံးသိပြီးသား စိန္စမာန မိန်းမယုတ်ရဲ့စွပ်ဆွဲမှုကို ဘုရားရှင်တုံ့ပြန်တဲ့ပုံစံပါပဲ။

မင်းနဲ့ငါနဲ့အကြောင်းကို မင်းနဲ့ငါသာအသိဆုံးပဲလို့ ဘုရားရှင်တည်ငြိမ်စွာပြောလိုက်တဲ့အချိန်မှာ

စိန္စမာနဟာတုန်လှုပ်ခြောက်ခြားပြီး ပျဉ်နဲ့လုပ်ထားတဲ့ ကိုယ်ဝန်အတုဟာ ပြုတ်ကျခဲ့တယ်လို့သိရတယ်

ဒီလိုတုံ့ပြန်မှုတွေဟာ ပညာရှိတို့ရဲ့တုံ့ပြန်မှုပဲဖြစ်တယ်

ပညာရှိအားဟာ စကားလည်းဖြစ်ပါတယ်

ဇာတ်ဆရာ ပြန်လို့ မှတ်စရာကျန်ခဲ့တာတွေဟာလည်း

စကားတွေနဲ့ လုပ်ရပ်တွေပဲဖြစ်တယ်

ကျနော်တို့အနေနဲ့ ရန်သူနဲ့တွေ့တဲ့အခါ ခုတ်မယ်ထစ်မယ် တကဲကဲလုပ်နေခြင်းထက်

ပညာရှိပညာရှင်တို့ရဲ့ တုံ့ပြန်ပုံမျိုးကို ရှိခိုးအတုယူကြရမယ်လို့ ပြောချင်တယ်

နှစ်ဦးနှစ်ဖက် အဆင်ပြေအောင်ညှိနှိုင်းကြရလိမ့်မယ်

မြွေ မသေ တုတ် မကျိုး ဆိုတာထက်

ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာမျိုးသာ

လောကအတွက် အမှန်တကယ် အကျိုးပြုနိုင်မှာဖြစ်ကြောင်း

သဘောထားရေးရာ မတူညီခြားတာနဲ့

တုတ်ဓါးကိုကိုင်ကာ လှုပ်ရှားရန်မမူသင့်ကြောင်း

စာဖတ်သူ သူငယ်ချင်းအပေါင်းတို့...

ငြိမ်းချမ်းရေးငှက်ငယ်ကို သိန်းသန်းပေး၍ မရနိုင်တဲ့အကြောင်း

ငြိမ်းချမ်းရေးရဲ့အရသာဟာ မငြိမ်းမချမ်းဖြစ်မှ ပိုထင်ရှားကြောင်း

တခါတရံ ငြိမ်းချမ်းရေးရဖို့ ကြိုးစားရင်း ပိုမို မငြိမ်းမချမ်း ဖြစ်တတ်တဲ့အကြောင်း

ပညာဥာဏ် မြော်မြင်ရှေ့ထားပြီး

ဒေါသတည်းဟူသောဆင်ပြောင်ကို ချွန်းဖြင့်အုပ်ဆောင်နိုင်ရင်ဖြင့်

ကျနော်ရေးတဲ့ ဘလော့တစ်ခု

လောကအကျိုးပြုပြီလို့......

မှတ်လိုက်ပါရစေ...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>