ကိုကို့ကိုချစ်တယ်လို့ ကျွန်မပြောမိရင် သေချာတယ် သူစုတ်တချက်သပ်လိုက်လိမ့်မယ်…
ကျန်းမာရေးကိုဂရုစိုက်နော်လို့ ပြောမိရင် သေချာတယ် ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါလို့ ပြန်ပြောလိမ့်မယ်…
အသံလေးကြားချင်တယ်လို့ ပြောမိရင် သေချာတယ် ဘာအတွက်လဲလို့ ပြန်ပြောလိမ့်မယ်..
စကားလုံးတိုင်းမှာ ဘာပြောရင်၊ ဘာလာမယ်ဆိုတာ
တတ်အပ်သိနေပေမဲ့ ပြောချင်နေတဲ့စကားလုံးတွေက ရင်ထဲမှာ ပြည့်သိပ်ကျပ်ညပ်လွန်းတယ်…
** ကျွန်မ မရှိလည်းသူဖြစ်တယ်၊ သူမရှိရင် မဖြစ်တဲ့ ကျွန်မကသာ ရူးနေတာ…
** ကျွန်မနဲ့ မတွေ့ရလည်းသူဖြစ်တယ်၊ သူနဲ့မတွေ့ရရင် မဖြစ်တဲ့ ကျွန်မကသာ ရူးနေတာ…
** ကျွန်မနဲ့ စကားမပြောရလည်းသူဖြစ်တယ်၊ သူနဲ့စကားမပြောရရင် မဖြစ်တဲ့ ကျွန်မကသာ ရူးနေတာ…
** ကျွန်မ မချစ်လည်း သူဖြစ်တယ်၊ သူမချစ်ရင်မဖြစ်တဲ့ ကျွန်မကသာ ရူးနေမိတာ…
ယုံချင်ယုံ၊ မယုံချင်နေ အဲ့ဒီအရူးပါးစပ်က ရင်ခုန်လိုက်တိုင်းရွတ်နေတဲ့ တခုတည်းသောစကားစုက
♥ ကိုကို့ကိုချစ်တယ် ♥
↧
ကိုကို့ကို....
↧