စိတ္တေန နီယတိ လောကော လို့ သဂါထာဝဂ္ဂသံယုတ် မှာ ဟောကြားထားခဲ့ပါတယ်
လောကေ= လောကသုံးရပ် ကာမဘုံ ရုပဘုံ အရူပဘုံ ဆိုတဲ့ဘုံသုံးရပ်ကို၊
စိတ္တေန=စိတ်သည်
နီယတိ=ပြုစုဆောင်ယူတတ်လေ၏
လောကကြီးကို ဦးဆောင်နေတာ စိတ်ပါ လောကကြီးနဲ့ပြောရတာ ဝေးလွန်းပါတယ် ဒီတော့ မိမိနေ့စဉ်လုပ်နေတဲ့ ကာယကံအမှု
ဝဇီကံအမှု မနောကံ အမှု ဒါတွေကို ပြန်လည်ဝေဖန်ကြည့်မယ်ဆိုရင်လည်း စိတ်ကဦးဆောင်နေတာပါ ကိုယ်နဲ့မလုပ်ခင် ဘာလုပ်လိုက်ဦး
မယ်လို့ စိတ်က အရင်တွေးပါတယ် မပြောခင်လည်း ဘာပြောလိုပ်မယ်လို့ စိတ်ကအရင်တွေးပါတယ် မနောကံအမှု မပြုလုပ်မှီလည်း စိတ်က
အရင်တွေးပါတယ် သေသေချာချာသတိထားကြည့်ရင် စီတ်ကဦးဆောင်နေတာကို ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ ဒီလိုဆို ကျွန်တော်တို့
ပါတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်း တိုးတက်ဘို့ ဆုတ်ယုတ်ဘို့ ဆိုတာ စိတ်ထားကောင်းမကောင်းနဲ့ အများကြီးသက်ဆိုင်သွားပြီပေါ့
စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိသ်သန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ၀ိသုဇ္ဈ န္တိ
ဘိက္ခဝေ ချစ်သားတို (လူသားအပေါင်းတို့) အသိဟူသော စိတ် ညစ်နွမ်းခြင်းကြောင့် သတ္တာ သတ္တ၀ါတို့သည် သံကိလိသ်သန္တိ ညစ်နွမ်း
ကုန်ရာ၏ စိတ္တဝေါဒါနာ စိတ်ဖြူစဉ်ခြင်းကြောင့် သတ္တာ သတ္တ၀ါတို့သည် ၀ိသုဇ္ဈန္တိ ဖြူစင်ကုန်၏ လို့ ခန်ဓာဝဂ္ဂသံယုတ်မှာ ဟောခဲ့ပါတယ်
ဒီတော့ ကမ္ဘာလောကကြီး တစ်ခုလုံးအေးချမ်းသာယာဘို့ စိတ်ကောင်းရှိဘို့ အရေးကြီးဆုံးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပါ
ပြီ စိတ်ဆိုတာက သူဖာသာသူကတော့ သန့်ရှင်းစင်ကြယ်ပြီးသားပါ အဲဒီစိတ်ကလေးကိုပဲ လောဘ ဒေါသ အာဂါတ မောဟတွေက
အရောင်ဆိုးလိုက်တာပါ ကိုင်းဗျာ မြင်လိုက်တုန်းကတော့ မြင်သိစိတ်လေးဘဲရှိတာပေါ့ ကိုယ်နဲ့သဟဇာတဖြစ်တော့ လိုခြင်လာတယ်
လိုခြင်တယ်ဆိုတာ လောဘ ၀င်လာတာပါ သတိမထားမိလိုက်တာနဲ့တပြိုင်နက် တရားတာတွေ မတရားတာတွေကို မစဉ်းစားနိုင်တော့ပါ
ဘူး ကိုင်းဗျ ရှာလိုက်ကြတာ လောဘကခိုင်းလိုက်တော့ ဘယ်သူမှမလွန်ဆန်နိုင်တော့ပါဘူး နေပူမရှောင် မိုးရွာမရှောင် သားတကွဲ
မယားတကွဲ မိဘနဲ့လည်းကွဲ နိုင်ငံရပ်ခြားကိုသွား ဘာလို့ဒီလောက်တောင်ဖြစ်နေရတာတုန်းဆိုတော့ လောဘ ဆူးကစူးနေပြီလေ
ရှာလိုအဆင်မပြေတာတွေဖြစ်လာတော့ ဒေါသ မြင်ကြည့်ကြစမ်းပါ အသားတွေ တစ်ဆတ်ဆတ်တုန်လို့ မျက်နာတွေများနီရဲလို့
အကောင်းကြီးကနေ ဘာဖြစ်သွားတာတုန်းဆိုတော့ ဒေါသဆူး စူးခံလိုက်ရတာလေ ဒီကောင်ကွာ အခြင်းခြင်းတွေကို လုပ်ရက်တယ်
မင်းမှတ်ထားဦးပေါ့ကွာ ဆိုတော့ ဖြေလို့ မပြေနိုင်ဘူးဟေ့ဆိုတဲ့ အာဂါတ ငါ့အလှည့်ရောက်လို့ကတော့ သေဘို့သာပြင်ထားတော့
အာဂါတ ဆူးကလည်းစူးလိုက်ပြန်ပါပြီး မိမိကိုယ်ကိုယ် မလိမ်တမ်း ဝေဖန်ကြည့်ကြစမ်းပါ ဒီလိုအဖြစ်ဆိုးတွေနဲ့ နေ့တိုင်းနေံတိုင်း
ကြုံတွေ့နေရတာ သိရော သိကြရဲ့လားလို့ ငါ့သားဘို့ ငါ့သမီးဘို့ ငါဘိုဆိုပြီး တော့ သားဆိုတဲ့အရုပ်ကလေးကိုပြ သမီးဆိုတဲ့အရုပ်ကလေး
ကိုပြ လင်အရုပ် မယားအရုပ် အိုအိမ်တိုက်တာဆိုတဲ့ အရုပ်ကလေးတွေနဲ့ ချော့ထားလိုက်တာ ကိုယ်ဆူး စူးလို့ ဒုက္ခရောက်နေမှန်းမသိ
တော့ဘူး အဲဒီလို မသိစေအောင် ဖုံးပိတ် ချော့ ထားတာ မောဟ ဆိုတဲ့ အကြီးဆုံးဆူးကြီးပါ ဒီဆူးတွေမနုတ်နိုင်သေးသမျှ လောကကြီး
ဘယ်လိုနည်းနဲ့မှ မအေးချမ်းနိုင်ပါဘူး ကလေးတွေက သူတို့ကြိုက်တဲ့အရုပ်ကလေးတွေနဲ့ဆော့ရင် အလွန်ဆုံး တစ်လပေါ့ ဆော့လို့အား
ရရင် လွန့်ပြစ်ကြတာပါ ကိုင်း ကျွန်တော်တို့ဆော့နေတဲ့ အရုပ်တွေနဲ့ ဆော့လိုဝကြပါပြီလား ဘယ်တော့မှ မ၀ဘဲနဲ့ သေသွားရင်တော့
ငတ်သေဘဲဖြစ်တော့မှာ ကိုယ်နဲ့မခွဲနိုင်တောင် အသိဥာဏ်လေးနဲ့ စိတ်ကောင်းလေးထားဖြစ်အောင် ဆူးစူးခြင်းမှကင်းဝေးအောင်
ဥာဏ်နဲ့ခွဲကြတာပေါ့ဗျာ
အကြောင်းအကျိုးများတိုက်ဆိုင်ခဲ့ရင် ဥာဏ်နဲ့ခွဲပုံလေးကို ဆက်လက်တင်ပြဆွေးနွေးသွားပါမယ်
အားလုံး အားလုံး အေးချမ်းကြပါစေ