အဆင့် (၁) အချိန် ၁၀မိနစ် ယူပါ။
အဆင့် (၂) ဒီဆောင်းပါးကို ဖတ်ကြည့်ပါ။ စိတ်သစ် လူသစ် ဖြစ်လာပါလိမ့်မယ်။
ပျော်ပျော်ရွှင်ရွှင် အားရပါးရ ရယ်ခဲ့တာ နောက်ဆုံး ဘယ်အချိန်ကလဲ။ စဉ်းစားနေရတယ် ဆိုရင်တော့
ရယ်ခဲ့ရ တာ ကြာပြီ ဖြစ်မယ်။ ဒါပေမဲ့ သတင်းကောင်းက ဒီအခြေအနေကို ပြောင်းလဲ
ပစ်နိုင်တယ် ဆိုတာပါပဲ။ ပညာရှင်တွေ သဘောတူထားတဲ့ အချက် တစ်ချက်က
ပျော်ရွှင်မှုရဲ့ အဓိကက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို နားလည်တတ်ဖို့ ပါပဲ။
တစ်နှစ်ပတ်လုံး ပျော်ရွှင် ချမ်းမြေ့စေရေး ရိုးရှိးးရှင်းရှင်း
နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။
နှစ်စဉ် လုပ်ရမှာက
မိတ်ဆွေတုတွေကို ဖယ်ပစ်ပါ။
ကုန်ခဲ့တဲ့နှစ်မှာ ဘယ်သူငယ်ချင်းက ကိုယ့်ကို ခံစားရအောင် လုပ်ခဲ့သလဲဆိုတာကို ပြန်တွေးကြည့်ပါ။ သူတို့ ဟာ ကိုယ့်အပေါ်
ကောင်းခဲ့သလား။ ဆိုးခဲ့သလားပေါ့။ သူတို့ ကို တွေ့ လိုက်လို့  ကိုယ့်မှာ
စိတ်မသက်မသာ ဖြစ်ရသလား။ အဲဒါဆို ဒီသူငယ်ချင်း တွေကို ကိုယ့်ရဲ့
မိတ်ဆွေကောင်းစာရင်းထဲကနေ ထုတ်လိုက်ပေတော့။
လိုအပ်ချက်တွေကို ဦးစားပေး အစီအစဉ်အတိုင်း စီပါ။
“ကိုယ့်ချစ်ဖော်ဟာ ကိုယ်ရဲ့ စိတ်ခံစားမှုချင်း တူတယ်လို့ ပဲ ထင်တတ်ကြတယ်” လို့  အိမ်ထောင်ရေး စိတ်ပညာရှင် မက်စ်ဘလမ်းက ပြောပါတယ်။
စိတ်ခံစားမှု လိုအပ်ချက်တွေကို တစ်ယောက်နဲ့ တစ်ယောက် သိအောင် လုပ်ဖို့ ဟာ
ဒီလို နှစ်ကူးရာသီချိန်ဟာ အကောင်းဆုံးပါပဲလို့  သူက ဆိုပါတယ်။
လိုအပ်ချက်တွေကို စာရင်းချကြည့်။ အဲဒီမှာ ဦးစားပေး အစီအစဉ်အတိုင်း
စီပါတဲ့။ ပြီးတော့ ဒီလိုအပ်ချက်တွေ ပြည့်ဝအောင် ဘယ်လို လုပ်ရမလဲဆိုတာ
နည်းလမ်းရှာ၊ လက်တွေ့ အကောင်အထည် ဖော်ပါလို့  သူက ပြောပါတယ်။
အလုပ်ထက် လူကို တန်ဖိုးထားပါ။
“အဆုံးစွန်သော ဘ၀ကိုပဲရှာ၊ အဆုံးစွန်သော အလုပ်ကို မရှာပါနဲ့ ” တဲ့။ ကိုယ့်ရဲ့
စိတ်ခံစားမှု လိုအပ်ချက် တွေကို တစ်နှစ်တစ်ခါ ပြန်စိစစ်ဖို့  လိုပါတယ်တဲ့။
ပြီးရင် အလုပ်ခွင်ပြင်ပ လှုပ်ရှားမှု တစ်ခုခု လုပ်ပေးပါတဲ့။
“ကိုယ်က အပြိုင်အဆိုင်များနေတဲ့ အရောင်းဝန်ထမ်း လုပ်နေတယ်ဆိုရင် အားကစား
အသင်းတစ်သင်း ၀င်လိုက်၊ ကိုယ်က တီတွင် ဖန်တီးတတ်တယ်ဆိုရင်လည်း
ကြော်ငြာလိုမျိုး၊ ၀တ္ထုရေးနည်းလိုမျိုး သင်တန်း တစ်ခုခု တက်လိုက်ပါ” တဲ့။
ဒါဆို အလုပ်ခွင် ပြင်ပ စိတ်ချမ်းသာရတဲ့ ဘ၀ကို ရနိုင်ပါလိမ့်မယ်တဲ့။
↧
ပျော်ရွှင်ခြင်း၏ လျှို.၀ှက်ချက်များ
↧