လူရယ်လို့ဖြစ်လာခဲ့ရင် လူဆင်းရဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဆင်းရဲကြီးမျိုးစုံရဲ့ တိုက်စားမူ့အောက် ခေါင်းမဖော်နိုင်တဲ့လူတွေရှိသလို ရုန်းကန်ကာ လှုပ်ရှားရ ကိုယ်၏ချမ်းသာမူ့ရှိသော်လည်း စိတ်နှလုံး ဆင်းရဲခြင်းမသိ ဆင်းရဲနေတာကို ဓန ငွေကြေးတွေနဲ့ဖုံးဖိလို့ လူတွေမသိနိုင်ကြတဲ့ ဒုက္ခတစ်ချို့ကို ကျောမှာကပ်လျှက် ခွါရခက်သူတွေ လူ့လောကကို ပုံစံအမျိုးမျိုးနဲ့ လျှောက်နေကြသူများထဲက သောကပင်လယ် ဒုက္ခနွယ်ကြားက လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် ခင်ဗျား ဟာ ဟင် ဖြစ်မှဖြစ်ရလေခြင်းဆိုတဲ့ ကွဲလွဲမူ့ နှုတ်ဆက်ခြင်းတွေကြား နေ့နဲ့ညရဲ့ ဖွဲ့ခြွေမူ့အောက် အိုမင်းရင့်ရော်ခဲ့တဲ့ ရုပ်ခန္ဓာကြီးကို ဒေါသ မောဟ မာန်မာနတွေနဲ့ အတိုးချနေမဲ့အစား မြေမြုတ်ပျောက်ကွယ်နေတဲ့ ရိုးသားခြင်းကို တူးဖော်စားသုံးပြီး နောက်ဆုံး ခရီးအထိ ရပ်တည် ရှင်သန် ကြရင်နဲ့ ကျွန်တော့်ရဲ့ ၁၁.၀၃.၂၀၁၃ မှာကျရောက်တဲ့ မွေးနေ့အတွက်လက်ဆောင် အဖြင့် “အို...လူသား”ဆိုတဲ့ ကဗျာ စာတိုလေးနဲ့“ရင်ခွင်သစ်”ဆိုတဲ့ဘ၀ကို ဆက်လက်ရှင်သန်ခွင့်ပြုပါခင်ဗျား.....
ဒုက္ခတွေကြား....မွေးဖွားကြီးလာ
ခြေလက်အင်္ဂါ....တူညီစွာရှိ
ရက်လနှစ်တို့....ပိုင်ဆိုင်ခွင့်တူ
လူရယ်ဟူသည်....မတူညီတာ ကွဲလွဲတာက
သောကတွေဖြား...နေ့ည ကြားမှာ
သူကချမ်းသာ....ကိုယ်ကဆင်းရဲ
ဒွန်တွဲမွေးလာ....ဒုက္ခစာကို
ကျောမှာကပ်လျှက်...ခွါရခက်သည့် လူသားများနှင့်
ချစ်ခြင်းမုန်းခြင်း....သေဆုံးခြင်းကို
ရင်နှီးကျွမ်းဝင်....လူ့လောကတွင်
သောကပင်လယ်....ဒုက္ခနွယ်ကြား
ကူးသူကကူး....စိတ်များကြသူ
“လူတွေ”“လူတွေ”
မခေါ်ပဲလာ....စိတ်ဆင်းရဲစရာ
မကြေငြာပဲရောက်...ဒေါသစိတ်ကြောင့်
မနှင်ခဲ့ပါ ခွဲခွါခြင်းကို....ကိုယ်စီ ကိုယ်စီ
လူတိုင်းမှာရှိ ၊ဆင်းရဲအသိ ၊ဒေါသအသိနှင့်
ခွဲခွာခြင်းပါ မမေ့နိုင်စရာမို့
စိတ်နှင့်တွဲလျှက် မြဲတည်ခဲ့စေ....ဤကမ္ဘာမြေ.....ရင်ခွင်သစ် ။ ။