Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လေလှိုင်းမှ ချစ်ခြင်း...............

$
0
0
         ကောင်မလေး တယောက်တည်း နေစဉ် အလုပ်တွေကြား စိတ်ပင်ပန်းမောဟိုက်နေပေမယ့်   ရွှေမြို့ တော် မှ သူငယ်ချင်းများနဲ့  စာပေကဗျာတွေက စိတ်အမောတွေ ပြေစေခဲ့ပါတယ်။
          တစ်ခါတစ်လေ အပျင်းပြေ ချက်ခန်းဝင်ပြီး သူငယ်ချင်းများနှင့် စနောက်စကားပြော ရတာ ပျော်ရွှင်စရာတွေပါ။
              ဒါပေမယ့် နေ့ တိုင်းတော့ တစ်နာရီတောင် မဝင်ဖြစ်တယ့် ကောင်မလေး တစ်ညတော့  အပြန်စောလို့  ချက်ခန်းဝင် သူငယ်ချင်း တွေ နဲ့ စကားပြော နေတယ့် ကောင်မလေးပေါ့..
ကောင်လေး။ ။               ဟိုင်း .. နေကောင်းလား?
ကောင်မလေး ။ ။            ဟုတ်.. ကောင်းပါတယ် ။
ကောင်လေး ။ ။              ခင်မယ်နော်။
ကောင်မလေး ။ ။            ဟုတ်။
ကောင်လေး ။ ။              နင်ရေးတယ့် စာတွေဖတ်လို့ ကောင်တယ်နော်ကဗျာတွေလည်း                       
                                          အားပေးနေတယ်နော်..
ကောင်မလေး ။ ။                    ဟုတ် ကဲ့  ။ ကျေးဇူးတင်ပါတယ်။
ကောင်လေး။ ။               ဟိုင်း.. ပြန်လာပြီလား။ စောင့်နေတာလေ။
ကောင်မလေး။ ။             ဟုတ်.. အလုပ်က နောက်ကျလို့ လေ။
နှစ်ပတ်မျှကြာသော်…..
                                 ကောင်လေး နဲ့  ကောင်မလေး ခင်မင်မှုတွေ ပိုလို့  သူငယ်ချင်းတွေ ဖြစ်။ နေ့ တိုင်း ချက်ခန်းဝင် ခင်မင်ရင်းနဲ့  တစ်နေ့ ပေါ့...
ကောင်လေး။ ။               ကောင်မလေး တယောက်ကို ချစ်မိတာ ဖွင့်ပြောရင် ကောင်းပါ့မလား။
ကောင်မလေး။ ။             သူငယ်ချင်းက တကယ်ချစ်ရင်တော့ ပြောပေါ့။
ကောင်လေး။ ။               ဟုတ်ကဲ့ ချစ်မိနေပြီလေ။
ကောင်မလေး။ ။             ဟုတ်။
ကောင်လေး။ ။               ကျွန်တော်ချစ်တာ မ ကိုလေ။
ကောင်မလေး။ ။             ရှင်….
 
                              ကောင်မလေး က ကောင်လေး အလိုပြောတော့ ပျော်သွားတယ်ပေါ့နော်။
ကောင်မလေး ။  ။       ဘာလို့ ချစ်တာလည်းဟင်။
ကောင်လေး ။  ။         တစ်ခါတစ်ရံ မှာအချစ်က အဓိပ္ပာယ်ပြန်ရခက်တယ် သိလား။
     
                       ကောင်လေး နဲ့ ကောင်မလေး ချစ်သူ တွေ ဖြစ်တော့ နေ့ တိုင်း စကားတွေ ပြောဖြစ်ကြတယ်ပေါ့။
ကောင်လေး။ ။               ညဘက်တွေ အလုပ်များတယ်.. မအားရင် မစောင့် နဲ့ နော်။
ကောင်မလေး။ ။             အရင်က အလုပ်များတာတောင် ချက်ခန်းက နေစောင့်နေပြီးတော့။
ကောင်လေး။ ။               မနက်တွေ့ မယ်လေ နော်။ မအားလို့ ပါ။
ကောင်မလေး ။ ။             အဒါဆိုလည်း ပြီးရော ။ ဘယ်တော့မှ အားတယ် မရှိဘူး။ အလုပ်က အချိန်ပြည့်
                                    များနေတာပဲ။
ကောင်လေး။ ။               မ ကလည်းကွာ။ အလုပ် များတာသိရက်နဲ့ ။ စိတ်မဆိုးနဲ့ နော်။
ကောင်မလေး။ ။            ဆိုးတယ် ။ မောင်က အရေးကို မလုပ်ချင်တော့ဘူး။ မပြောတော့ဘူး မနက်ကို ။
                                  ဒါပဲ။
ကောင်လေး။ ။               မောင် ဖုန်းခေါ်တာ ဘာလို့ မရတာလည်း ။ 
ကောင်မလေး။ ။             မ ဖုန်းပိတ်ထားတယ်လေ။ မောင် ကမှ မအားတာများတာကို
ကောင်လေး။ ။               ဟားဟား။ မ ကလေးကျနေတာပဲ။ ခိခိ။။
                           ကောင်မလေး ဘာပဲ လုပ်လုပ် ဘယ်လောက်စိတ်ဆိုးဆိုး ကောင်လေးက အလျှော့ ပေး နားလည်လို့ ပျော်ရွှင်စေတယ့် ချစ်သူ တွေပေါ့။
                       
ကောင်လေး ။ ။            မ က .. အချစ်ကို ဘယ်လို မြင်လည်းဟင်။ လိုင်းပေါ်က မို့  ချစ်တာကို ယုံကြည်
                                လားဟင်။
          
ကောင်မလေး။ ။            မ ပြောမယ် သိလား မောင်။ တကယ်တော့ အချစ်ဆိုတာ ထက် ခံစားမှု နဲ့ 
                                 နားလည်မှု က အဓိကပါ။ မောင် ကလေ မကို အချိန်တွေပေး မအားလပ်တယ့်
                                 ကြားကနေ စကားတွေပြော အဒါတွေက မောင် မ ကို ထားတယ့် စိတ်ကြောင့်လေ
                                 မ ကလည်းယုံကြည်တာက တဦနဲ့ တစ်ဦးထားတယ့် ဖြူစင်တယ့် မေတ္တာစိတ်ပေါ့။
ကောင်လေး။ ။               အင်းနော်။ မောင်လည်း မ ကြောင့် လိုင်းမတက်ပဲ မနေနိုင်
                                   ဘူး။ မနက်တိုင်း စကားပြောချင်တယ်။ တွေ့ ချင်မြင်ချင်
                                   တယ်။ မ ကို မောင် တကယ်ချစ်သွားတာပါ။ သိလား။
ကောင်မလေး။ ။             မ ယုံပါတယ်။ မောင်ရယ်။

                               တကယ်တော့ ချစ်ခြင်းဆိုတယ့် ခံစားမှုဟာ လူချင်းတွေ့ မြင်နေရမှ ဖြစ်ပေါ်လာခဲ့ တယ့် အရာလို့ မဆိုလိုပါဘူး။

                    ဟိုတုန်း က ကျွန်မ တို့ ငယ်ငယ် လေးတုန်းကဆို စာရေးဆရာမတွေ နဲ့ စာဖတ်ပရိတ်သတ်တွေ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မိတ်ဆက်စာတွေရေး ခံစားချက်တွေ မျှဝေလို့ ခင်မင်မှုတွေ ကြာရှည်ပြီး သံယောဇဉ်တွေ ခိုင်မြဲလို့ ချစ်ခြင်းတွေ ဖြစ်တည်ခဲ့တာတွေ အသိပါ။

               ကောင်မလေး နဲ့ ကောင်လေး ကလည်း လေလှိုင်းကနေ တွေ့ ခင်မင်မှုတွေနဲ့  သံယောဇဉ်တွေ တွယ်ငြိလို့  နားလည်မှုတွေ နဲ့ တည်ဆောက်ခဲ့တယ့် အချစ်ခရီးလမ်း ဟာ ခုဆို သုံးလဆို တယ့် အချိန်ကို ရောက်ရှိခဲ့ပြီပေါ့။

                     ကံကြမ္မာဆို တာ မမြင်ရ၊ အနာဂတ်ဆိုတာ မသိသေးပေမယ့် ယုံကြည်မှုတွေ ခိုင်မြဲလို့  တစ်ဦးနဲ့ တစ်ဦး သစ္စာရှိကြမယ်ဆိုရင် နားလည်တယ့် ချစ်ခြင်းနဲ့  ပျော်ရွှင်တယ့် ချစ်ခရီး ကို လျှောက်လှမ်း နိုင်မယ်ဆိုတာ ကောင်မလေးက ယုံကြည်နေပါတယ်။

                    မိမိရဲ့  အချိန်တွေကို ဖဲ့ပေးလို့  အားပေးခဲ့တယ့် ကောင်လေး။

                    အထီးကျန်တယ့် စိတ်နဲ့  အားငယ်တတ်တယ့် ကောင်မလေးကို အချိန်တိုင်း အားပေး လို့  ဖေးမခဲ့တယ့် ကောင်လေး။

                မဝေးတော့တယ့် တစ်နေ့  တူတူ တွေ့ ဆုံလို့  အတွေးစိတ်ကူးတွေ         မျှော်လင့်နေတယ့်   ကောင်မလေး။

                    နှစ်ဦးသား နားလည်တယ့် ချစ်ခြင်းများနဲ့  သာယာတယ့် ဘဝခရီး ပျော်ရွှင်စွာ လျှောက်လှမ်း ဖို့  ဆုတောင်းရင်း .....

     ဆုတောင်းရင်း......

                                                                                       ခရေ

                                                                             (ကြိုးစားပါအုံးမည်)

                                                                 ၇ ရက်၊ မတ်လ ၊ ၁၃ခု

            တစ်နေ့ မပျက် အချိန်တွေ ပေးလို့  အားပေးကူညီခဲ့တယ့် ချစ်သူအား ကျေးဇူးတင်စွာဖြင့်...

( ၇ ရက်၊ ၁၂ လ ၊ ၂၀၁၂ ခု )

ခရေရဲ့  ကိုယ်ပိုင်အတွေးများ...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>