Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အုတ်မြစ်ဟောင်းပေါ်မှာ..တိုက်သစ်ဆောက်မှာလား

$
0
0

ကျွန်တော်..ဒီဆောင်းပါးကိုရေးဖို့ရာ..အတော်ပင်ချိန်ဆခဲ့ရပါတယ်..၊
ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆောင်းပါးဆန်မှာ စိုးလို့ဖြစ်ပါတယ်၊
ပညာရေးလောကသားတစ်ယောက်အဖြစ်အသက်မွေးဝမ်းကြောင်းနေရသူမို့ ရေးချင်စိတ်ကိုထိန်းမရဖြစ်ရပြန်ပါတယ်။
ဒီရက်ထဲမှာ..forever friends ဆိုက်က ရင်းနှီးခင်မင်ရပါသော အက်မင် ဆန်းစုနိုင်ရဲ့ ပညာရေးဆောင်းပါးတစ်ခုကို
ပူပူနွေးနွေးဖတ်လိုက်ရတော့..ဒီဆောင်းပါးကိုရေးဖို့ ဆုံးဖြတ်မိပါတယ်။

ကိုးတန်း၊ဆယ်တန်းကျောင်းသားတွေကိုစာသင်ပေးနေရသူတစ်ယောက်အနေနဲ့
မြန်မာနိုင်ငံရဲ့အခြေခံအဆင့်ပညာရေးအခြေအနေကို စိတ်ပျက်ဖွယ်တွေ့မြင်နေရပါတယ်။
တခါတရံ ကျူရှင်အလုပ်ကိုတောင်စွန့်ပစ်ချင်လာပါတယ်။

ကိုးတန်း၊ဆယ်တန်းကျောင်းသားများရဲ့တတ်မြောက်မှုအခြေနေဟာ..အံ့အားသင့်ရလောက်အောင်နိမ့်ကျလျက်ရှီပါတယ်။ ဥပမာတစ်ခုပြောပြပါရစေ..
ကျွန်တော်က English သင်နေတာပါ..ကြုံကြိုက်တဲ့အခါ..
မြန်မာနိုင်ငံရဲ့ သမိုင်း၊ ပထ၀ီ တွေကို..စပ်မိစပ်ရာပြောပြဖြစ်ပါတယ်..
ဝိဇ္ဇာကျောင်းသားတွေမြန်မာနိုင်ငံရဲ့အထိကရမြစ်ကြီးများကိုမသိကြပါ.လောင်ဂျီကျု.လတ္တီကျုဆိုတာမသိကြပါခင်ဗျာ..
သမိုင်းဆိုလဲ..သမိုင်းဝင်နေ့ထူးနေ့မြတ်တွေကို မသိကြပါခင်ဗျာ..
ပြင်ပစကားလုံးအဖြစ်..အိုင်တီခေတ်..ဂလိုဘယ်လိုက်ဇေးရှင်း..စသည်လဲမကြားဘူးကြပါခင်ဗျာ..
ဒါပေမဲ့..ကျွန်တော်တို့မြို့က..ကျောင်းသားတွေ..မနက်၇နာရီကျူရှင်ပြေး..၈နာရီကျောင်းကြီးအပိုချိန်ပြေး.
.ညနေ၄နာရီခွဲထိအပိုချိန်ဆက်တက်..ကျောင်းဆင်းတော့ကျူရှင်ဆက်ပြေးကြ..နားရတယ်မရှိကြပါ..။
နားချိန်မရှိ..ကစားချိန်မရှိ..ခြေသလုံးပေါင်လုံးလေးတွေ ကြွက်သားမရှိကြပါ..။
ဒါပေမဲ့..သင်သလောက်လဲမရကြပါ..။
လွယ်အိပ်အလေးချိန်ကြောင့် ပုခုံးတစ်ဖက်တောင် နိမ့်ကျလုဖြစ်နေကြပါရဲ့..။

ရူပ..ဓါတု နားမလည်ပဲ..အလွတ်ကျက်..အသံထွက်တွေက ထွက်ချင်သလိုထွက်နေကြရပါတယ်..။
ဘာသာရပ်လည်းနားမလည်..ဘာသာစကားလည်းပျက်။ ခက်ကုန်ပါပြီခင်ဗျာ..။
ကျွန်တော်သင်နေရတဲ့Englishကြည့်ပြန်တော့အခြေခံဝါကျဖွဲ့ထုံးကိုမသိ..
Letter,Essayကိုအလွတ်ကျက်နေကြရပါတယ်။
Grammar ဆိုတာ ၀ါကျရေးဖွဲ့တတ်စေဖို့သင်နေရတာကိုလဲ မသိရှာ..10မှတ်ရဖို့တွက်ပဲသိနေကြပါတယ်..။

တိုက်တိုက်ဆိုင်ဆိုင်..ထိုင်းတက္ကသိုလ်တစ်ခုမှာ..စကော်လာနဲ့..ပညာသင်နေတဲ့..မြန်မာနိုင်ငံက
လက်ထောက်ကထိကဆရာမလေး တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်..
ဒီကနေ..သူက..ရူပဗေဒနဲ့သွားတာပါ..ရောက်ရောက်ချင်းပဲ..သူကို ဆားကစ်တစ်ခု..လက်တွေ့ဆင်ခိုင်းပါသတဲ့..
ချပေးတဲ့..ပစ္စည်းတွေ..ဥပမာ..ရီစစ္စတာတန်ဘိုး သူမဖတ်တတ်ဖြစ်ရပါသတဲ့..
အကြောင်းကတော့..ဒီက ကျောင်းသုံးစာအုပ်တွေအားလုံးက..ေ၇ာင်စုံမဟုတ်..အဖြူအမဲနဲ့သာရိုက်ထားတာပါတဲ့..
ဒါတက္ကသိုလ်က..လက်ထောက်ကထိက တစ်ယောက်ရဲ့ ကိုယ်တွေ့ပြောပြချက်ပါ..

ကိုယ်ပေါင် ကိုယ်လှန်ထောင်းရတာလဲမကောင်းလှပါ..
ပြင်သင့်နေမှန်း အားလုံးလည်းသိနေကြတာပါ..ဂျာနယ်တွေထဲလည်းရေးနေကြတာ..ဖန်တစ်ရာတေနေပါပြီ..
ပညာရေးမှ မကောင်းပဲ..ပြန်လည်ထူထောင်ရေး..လုံးလည်လိုက်နေမှာပါ..။

အစိုးရသစ်လည်းပေါ်လာပြီ..လောင်းရိပ်အောက်ကလည်း..လွှတ်သင့်သလောက်လွှတ်ပြီ ထင်ပါတယ်..
ပြုပြင်ချင်တဲ့ သူတွေလည်း လွှတ်တော်ထဲ ရောက်နေကြပါပြီ..
အနည်းဆုံးတော့လက်ရှိပညာရေးအခြေနေကို သိအောင်ဆန်းစစ်..တွေ့ရှိချက်ကို..အမှန်တိုင်းလက်ခံရဲဖို့လိုပါတယ်..
ဒုတိယတန်းကျောင်းသားမပြောနဲ့စတုတ္ထတန်းကျောင်းသားတောင်..သတင်းစာမဖတတ်ဖြစ်နေရတဲ့ အဖြစ်ပါခင်ဗျာ..

မြစ်ဆုံကိစ္စကြီး ရပ်ပေးခဲ့ပါတယ်..ကျေးဇူးတင်ပါတယ်..ပညာရေး ပြန်လည် တည်ဆောက်သင့်နေပါပြီ..
အနောက်နိုင်ငံများနဲ့ပြန်လည်သင့်မြတ်ရေး ကောင်းပါတယ်. .ပညာရေး ပြန်လည် တည်ဆောက်သင့်နေပါပြီ..
တွေ့ဆုံဆွေးနွေးရေးကောင်းပါတယ်.. .ပညာရေး ပြန်လည် တည်ဆောက်သင့်နေပါပြီ..

ပညာရေးလုပ်ငန်းကို..အငြိမ်းစားယူထားတဲ့တကယ်တတ်တဲ့ပညာရေးနယ်ပါယ်ကပညာရှင်ကြီးတွေ
သက်ရှိထင်ရှားရှိနေဆဲပါ..ကိုယ်နားမလည်တာကြီးကို..ဆုပ်ကိုင်မထားစေချင်ပါ..
ဆရာကြီး ဦးအောင်သင်း ပြောသလိုပါ..အနည်းဆုံးပညာတတ်မှ..ကျန်းမာအောင်နေတတ်ပါမယ်..

ကျွန်တော်အစိုးရီမ်ဆုံးအချက်က..
ခုကျောင်းသားမျိုးတွေ..တစ်ခေတ်မှာ..လွှတ်တော်အမတ်တွေဖြစ်လာကြပါလိမ့်အုန်းမယ်..
အပြိုင်အဆိုင်..ကမ္ဘာ့နိုင်ငံရေးမှာ..ကျားထိုးကြရပါလိမ့်မယ်..ပါးစပ်ဟောင်းလောင်းကြီးတွေနဲ့..
စာသင်ခန်းထဲမှာလို..နားလည်သလိုလို..နားမလည်သလိုလိုကြီးတွေနဲ့သာဆို ဒုက္ခပါလားဗျာ..
ကျွန်တော်..ပြောမိတာတွေ လွန်နေပါလားဗျာ..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>