ချစ်ခြင်းမုန်းခြင်းကြားမှာ စည်းပါးပါးလေးခြားထားတဲ့ 
အချစ်မျိုးဟာအချစ်လွယ်သလိုအမုန်းလည်းလွယ်တတ်
ကြပါတယ်...
အမုန်းနဲ့ တွဲ နေသမျှချစ်လွယ်မုန်းလွယ်မေ့ပျောက်လွယ်
နေမှာပါ၊အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ ဆင်ခြေ
စကားဟာတကယ်မချစ်သူတွေရဲ့ အမုန်းဘက်ကအကြောင်း
ပြချက်တွေပါ...
တကယ်ချစ်ရင်အပြစ်မမြင်တတ်ပဲချစ်သူရဲ့ ဆန္ဒအတိုင်း
သူ့ ဘဝပျော်ရွှင်နေရင်ကျေနပ်တဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးနေ
မှာပဲလေ...
အရာရာမှာငါသာပဲဖြစ်ချင်တယ်၊ငါ့ ဆန္ဒငါ့ အလိုတိုင်းမဖြစ်
ခဲ့ ရင်မချစ်ခြင်တော့ဘူး၊ဖြစ်မှချစ်မယ်ဆိုတဲ့ စိတ်ကချစ်ခြင်း
ရဲ့ မွန်မြတ်မူကိုမဖြစ်စေပါဘူး...
အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတဲ့ ဆင်ခြေစကားနဲ့ လမ်း
ခွဲသွားကြသူတွေမရေမတွက်နိုင်အောင်ပါပဲ...
အချစ်ကိုအကြောင်းပြ၊အတ္ထကိုရှေ့ တန်းတင်၊မာနကိုတံခွန်ထူ
နေကြသူတွေအဖို့ ချစ်တယ်လို့ မပြောကြပါနဲ့ ချစ်ခြင်းရဲ့ ဂုဏ်
သိက္ခာသိမ်ငယ်မှာစိုးမိတယ်...
သူကြင်မှကိုယ်ကြင်သူမုန်းရင်ပြင်ပြင်စိမ်းလိုက်မယ်ဆိုတဲ့ စိတ်နဲ့ 
နှလုံးသားရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကိုအခြေမခံအပေါ်ယံရွှေမှုံကျဲတတ်
တဲ့ အချစ်မျိုးနဲ့ တော့နှိုင်းယှဉ်လို့ မရနိုင်ပါဘူး...
ချစ်ခြင်းရဲ့ အမွန်အမြတ်ကခွင့်လွှတ်ခြင်းနဲ့ စွန့် လွှတ်အနစ်နာခံ
ခြင်းပဲလို့ သက်သေပြရရင် မွန်မြတ်စစ်မှန်တဲ့ ချစ်ခြင်းကိုအရှိကို
အရှိတိုင်းတွေ့ ရှိထားသူတာသိနိုင်တောမည်မဟုတ်ကွယ်...