လူသားတိုင်းအတွက်…မြတ်စွာဘုရားက..မေတ္တာတရား၊ချစ်ခြင်း၊မုန်းခြင်းတွေကိုကိုယ်စီကိုယ်စီ
ထည့်ပေးလိုက်တယ်။ယောကျာ်းလေးတိုင်း၊မိန်းကလေးတိုင်းအတွက်.......မေတ္တာတရားသည်
မင်္ဂလာတပါးပါပဲ။ မြန်မာဓလေ့ထုံးစံမှာ…လွတ်လပ်တဲ့ယောကျာ်းပျိုတိုင်း လွတ်လပ်တဲ့မိန်းမပျိုကိုချစ်ခွင့်ရှိတယ်။ကိုယ်တကယ်ချစ်နှစ်သက်တဲ့.......လူကိုတကယ်နှစ်သက်မှ
သဘောတူချစ်ကြိုက်သင့်တယ်။ အပျော်သဘောထားပြီး ....မိန်းကလေးတွေဘက်ကလည်း.....အညှာမလွယ်သင့်သလို၊ယောကျာ်လေးများဘက်ကလည်း
မိန်းကလေးတယောက်ကိုချစ်ရေးဆိုတော့မယ်ဆို ....ကိုယ့်ညီမ ...၊ကိုယ့်အမသဖွယ် ...သတိပြုဆင်ခြင်သင့်တယ်။ ကိုယ့်ကတော့အပျော်ချစ်လိုက်တာပဲ..တဘက်လူစိတ်ထဲမှာ
တကယ်ချစ်မိသွားလို့အချစ်ဒဏ်ရာရသွားရင် ကိုယ့်အတွက်လည်း နောင်တတရားကလွဲပြီး
တဘက်မိန်းကလေး ဖြစ်ဖြစ်ယောကျာ်းလေးဖြစ်ဖြစ် သေတဲ့အထိဖြစ်ခဲ့မယ်ဆို
ဘယ်သူဘက်မှမကောင်းပါဘူး။ ၀ဋ်ဆိုတာ .....နောင်ဘ၀မကူးပါဘူး..... ဒီဘ၀မှာချက်ချင်း....၀ဋ်လည်တတ်ပါတယ် ။
ထပ်ချပ်ကိုမကွာလိုက်နေတာ.... ဘုရားသာသနာခေတ်မှာလေ။မိန်းကလေးများအနေနဲ့ကလည်း လက်မထက်ခင်......အထိကိုယ့်အပျိုစဉ်ဘ၀ ......ကိုထိန်းသိမ်းသင့်တယ် ။ယောကျာ်းလေးများဘက်ကလည်း ကိုယ်လက်မထက်ရသေးပဲနဲ့..... ကိုယ်ချစ်သူကို.... ပန်းအညွန့်မချိုးသင့်ဘူး ။ ကိုယ်ချစ်သူကို ကိုယ်တန်ဖိုးထားမယ်ဆို ....ကိုယ်ကတော့ယူမှာပဲလိုသတ်မှတ်လို့ ...အညွန့်ချိုးလိုက်တယ်ပဲထား ကံကြမ္မာဆိုတာ .....ဘာမှပြောလို့မရပါဘူး ....နေ့မြင်ညပျောက် ဘုရားသာသနာခေတ်မှာ... အခုထိုင်နေပေမယ့် .....ထသွားရင်ကျိုးတာမျိုး ....အသက်အရွယ်လိုက် ....အိုမှသေမယ် မရှိပါဘူး ငယ်ရင်လည်းသေကြတာပဲ ......ကြီးရင်သေကြတာပဲလေ...... အဲဒီတော့ ကိုယ့်ကံကြမ္မာကိုယ်တောင်ကိုယ်မသိနိုင်တာ လေ ပန်းညွန့်ချိုးခံရတဲ့ကိုယ်ချစ်သူကိုလူအလယ်မှာမျက်နှာမပြရဲလောက်အောင်
မလုပ်သင့်ဘူးထင်ပါတယ် ။ အဲဒီနေရာငါညီမလေးသာဆို၊
ငါအမသာဆို အဲလိုစဉ်းစားသင့်တယ် ။ကိုယ်ချစ်ကြိုက်နှစ်သက်ပြီဆိုမှ
တာာဝန်ယူလက်ထက်ပြီး ဘယ်လူမျိုးဘယ်ဘာသာမဆို တစ်လင်၊တစ်မယားစနစ် ကျင့်သုံးသင့်တယ်။
ကြိုးစားနေဆဲ
လေးစာလျှက်
ရှင်းသန့်မေ