Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်

$
0
0
Yel Win and တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက် shared Khin Hnin Kyi Thar's photo.
စိတ်ချမ်းမြေ့စရာတွေက အဖော်အပေါင်းနဲ့ ရောက်လာတတ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲဘက်ကို ရောက်နေတဲ့ ကျွန်မတို့ ကူညီနေတဲ့ တောင်တန်းပေါ်က ကံကွက်ကျောင်းလေးမှာ ကလေး ၁၀၀နီးပါးရှိပါတယ်။ ကျောင်းလေးက ပြိုလုဆဲဆဲနဲ့လေ။ သူတို့ဆီရောက်တော့ ကျောင်းဆိုတာ ကျောင်းနဲ့ တူဖို့ ပြင်ဆောက်သင့်တယ်ဆိုတော့ ဒေသခံတွေက မျက်ရည်ဝဲကြတယ်။ အကျီနွမ်းနွမ်းတွေအောက်မှာ စေတနာသာပါနိုင်ကြတဲ့ သူတို့ဆီမှာ ကြိုးစားပါ့မယ်ဆိုတာထက် စကားမဆက်နိုင်ကြဘူး။ ကျွန်မတို့ကလည်း အားပေးရုံသာ တတ်နိုင်ပါတယ်။ ကျောင်းတစ်ကျောင်းဆောက်ဖို့ဆိုတာ လခစား ကျွန်မတို့အတွက် ဘယ်တော့မက်မက် မပြီးမယ့် အိပ်မက်မျိုးပဲလေ။ ကျွန်မတို့ မက်နေတဲ့ အိပ်မက်တွေကို အနားသတ်တွေနဲ့ အပြီးသတ်ပေးတာက ဂျပန်ကို ရောက်နေတဲ့ မြန်မာတွေပါပဲ။ သူတို့က မြန်မာပြည်ကို ပြန်မလာခင် ဂျပန်နိုင်ငံကနေ ကျောင်းတွေကို အပြီးဆောက်ချင်ပါတယ်တဲ့။ ဆပ်လူးအိုင်ကျောင်းလေးကို အုတ်ဖိနပ်နဲ့ အိမ်သာအပါအ၀င် ၁၅သိန်းအကုန်ခံပြီး ဆောက်ပေးတယ်။ အခုလည်း ဂျပန်အခြေစိုက် APEBC အဖွဲ့ရယ်.. အခြားမြန်မာတွေရယ် ပေါင်းပြီး ကံကွက်ကျောင်းလေးကိုလည်း ဆောက်ပေးမယ်တဲ့။ စိတ်ချမ်းမြေ့စရာတွေက အဖော်အပေါင်းတွေနဲ့ လာတတ်ပါတယ်။ ဆပ်လူးအိုင်ကျောင်းလေးအပြင် ကံကွက်ကျောင်းလေးပါ ပြီးရင် ကျောင်းရေစက်ချပွဲအဖြစ် တရားပွဲ လုပ်ပါမယ်။ ကျောင်းနှစ်ကျောင်းလုံးကို ဆောက်ပေးခဲ့တဲ့ APEBCနဲ့ ဂျပန်ရောက်မြန်မာတွေကိုလည်း အထူးဖိတ်ကြားပါတယ်။ မြိုင်မှာ ကျင်းပဖြစ်မယ်လို့ ရည်စူးထားတဲ့ တရားပွဲလေးကို အားလုံးကို ဖိတ်ပါတယ်ရှင်။

စိတ်ချမ်းမြေ့စရာတွေက အဖော်အပေါင်းနဲ့ ရောက်လာတတ်ပါတယ်။ စစ်ကိုင်းတိုင်း ပုလဲဘက်ကို ရောက်နေတဲ့ ကျွန်မတို့ ကူညီနေတဲ့ တောင်တန်းပေါ်က ကံကွက်ကျောင်းလေးမှာ ကလေး ၁၀၀နီးပါးရှိပါတယ်။

ကျောင်းလေးက ပြိုလုဆဲဆဲနဲ့လေ။ သူတို့ဆီရောက်တော့ ကျောင်းဆိုတာ ကျောင်းနဲ့ တူဖို့ ပြင်ဆောက်သင့်တယ်ဆိုတော့ ဒေသခံတွေက မျက်ရည်ဝဲကြတယ်။

အကျီနွမ်းနွမ်းတွေအောက်မှာ စေတနာသာပါနိုင်ကြတဲ့ သူတို့ဆီမှာ ကြိုးစားပါ့မယ်ဆိုတာထက် စကားမဆက်နိုင်ကြဘူး။ ကျွန်မတို့ကလည်း အားပေးရုံသာ တတ်နိုင်ပါတယ်။ ကျောင်းတစ်ကျောင်းဆောက်ဖို့ဆိုတာ လခစား ကျွန်မတို့အတွက် ဘယ်တော့မက်မက် မပြီးမယ့် အိပ်မက်မျိုးပဲလေ။

ကျွန်မတို့ မက်နေတဲ့ အိပ်မက်တွေကို အနားသတ်တွေနဲ့ အပြီးသတ်ပေးတာက ဂျပန်ကို ရောက်နေတဲ့ မြန်မာတွေပါပဲ။ သူတို့က မြန်မာပြည်ကို ပြန်မလာခင် ဂျပန်နိုင်ငံကနေ ကျောင်းတွေကို အပြီးဆောက်ချင်ပါတယ်တဲ့။

ဆပ်လူးအိုင်ကျောင်းလေးကို အုတ်ဖိနပ်နဲ့ အိမ်သာအပါအ၀င် ၁၅သိန်းအကုန်ခံပြီး ဆောက်ပေးတယ်။

အခုလည်း ဂျပန်အခြေစိုက် APEBC အဖွဲ့ရယ်.. အခြားမြန်မာတွေရယ် ပေါင်းပြီး ကံကွက်ကျောင်းလေးကိုလည်း ဆောက်ပေးမယ်တဲ့။

စိတ်ချမ်းမြေ့စရာတွေက အဖော်အပေါင်းတွေနဲ့ လာတတ်ပါတယ်။

ဆပ်လူးအိုင်ကျောင်းလေးအပြင် ကံကွက်ကျောင်းလေးပါ ပြီးရင် ကျောင်းရေစက်ချပွဲအဖြစ် တရားပွဲ လုပ်ပါမယ်။

ကျောင်းနှစ်ကျောင်းလုံးကို ဆောက်ပေးခဲ့တဲ့ APEBCနဲ့ ဂျပန်ရောက်မြန်မာတွေကိုလည်း အထူးဖိတ်ကြားပါတယ်။

မြိုင်မှာ ကျင်းပဖြစ်မယ်လို့ ရည်စူးထားတဲ့ တရားပွဲလေးကို အားလုံးကို ဖိတ်ပါတယ်ရှင်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>