အခုတစ်လော နားထောင်မိနေတာက ချမ်းချမ်းရဲ "မနေ့က အချစ်"ဆိုတဲ့ သီချင်းလေး
တကယ်လည်း ကျွန်မလည်း မနေ့က အတိုင်းပဲ ခံစားနေရတယ်။ပျော်ရွင်ခဲ့တာ ၀မ်းနည်းခဲ့ရတာ စိတ်ညစ်ခဲ့ရတာတွေ အားလုံး အချိန်ဘယ်လောက်ကြာကြာ မနေ့က အတိုင်းပဲ။
သူ ကျွန်မ ဆီ ပြန်မလာပါဘူး ဒါပေမဲ့လည်း စောင့်နေတုန်းပါပဲ။
သူရှေ့မှာ ဟန်ဆောင်မှုတွေနဲ့ ရင့်ကျက်တည်ငြိမ်ဟန်ဆောင်ခဲ့တာက သူကို အရမ်းချစ်ခဲ့လိုပါ။
သူရှေ့ကနေ အပြုံးမပျက်လှည့်ထွက်ခဲ့တာက သူ ကျွန်မကို စိတ်ချစေချင်လိုပါ။
သူကို နောက်ပြန်လှည့်မကျတာ သူမျက်ရည်တွေကိုလည်း ကျွန်မ မမြင်ချင်လိုပါ။
သူထက် အရင် လှည့်ထွက်ခဲ့မိတာက သူ့ရှေ့မှာ ကြာကြာရှိနေရင် သူကို ကျွန်မ ဒီလို စွန့်လွှတ်နိုင်မှာ မဟုတ်လိုပါ.။
သူ ပြန်မလာမှန်း သိပါတယ်။ကျွန်မ စောင့်နေတာက သူကို အရင်ကတည်းက စပြီး အခုချိန်ထိ ယုံကြည့်နေလိုပါ။
အချစ်မှ မိဘ အသိုင်းအ၀ိုင်းရဲ့ စွက်ဖက်မှုတွေ မပါရင် သိပ်ကောင်းမယ်ဆိုတဲ့ စိုင်းစိုင်း သီချင်းကို နားမလည်ခဲ့ဘူး
အရေးမကြီးဘူးပဲ ထင်ခဲ့တာ။လောကမှာ မဖြစ်နိုင်တာ မရှိဘူးပေါ့။တကယ်တော့ မဖြစ်နိုင်ခဲ့တာတွေ ရှိပါတယ်။
ပိုက်ဆံ အသိုင်းအ၀ိုင်း ပကာသန ဂုဏ် အားလုံး အားလုံး။
သူမိဘတွေ ကိုယ်တိုင်က ကျွန်မတိုကို အချိုသတ်ပြီး လမ်းခွဲခဲ့တာပါပဲ။
တကယ်တော့ အနာဂတ်ရော ဘ၀တွေရော အိမ်မက်တွေ ရော မျှော်လင့်ချက်တွေရော ယုံကြည့်မှုတွေ ရော အကုန်ကျိုးပျက်သွားခဲ့အခါ
တကယ်ပါ ကျွန်မ အသက်ရှင် အသားကျဖို တော်တော် ရပ်တည်ခဲ့တာပါ။
သူ မရှိတဲ့ လမ်းမ သူမရှိတော့တဲ့ လက်ဘက်ရည်ဆိုင် မှာ ၃ နှစ်ကျော်ကျော် ကြာတာတောင်မှ ကျွန်မ စောင့်ကြည့်နေတုန်းဆိုရင် လွန်မလား..။။
တကယ်တော့ သူဘက်က ပြတ်သားစွာ ဖြတ်တောက်လိုက်တဲ့ သံယောဇဉ်မှာ ကျွန်မ နှလုံးသားပါ ပြတ်တောက်သွားတာ သူ သိသွားခဲ့တာပဲ ကျွန်မ ကျေနပ်ပါတယ်...။
"ပျော်ရွင်ခဲ့ချိန် ငါတို နှစ်ဦး ထားခဲ့အရင်က ကတိတွေ မျှော်လင့်မိ အချစ်ခရီးကို နှစ်ယောက် အတူတွဲ လျှောက်လှမ်းမယ်ဆို"
ထပ်တလဲလဲ ဆိုနေမိခဲ့တာ....
ကျွန်မလည်း ဆူးခင်းလမ်း ဖြစ်ဖြစ် ခရောင်းလမ်း ဖြစ်ဖြစ် ဘယ်လိုဖြတ်သန်းရပါစေ
ဘ၀မှာ တစ်ခါလောက်တော့ စိတ်ချမ်းသာမှုလေး ရချင်ပါတယ်.....။။။။။
(ကျွန်မ စာအရေးအသားညံပါတယ် ဒါပေမဲ့ တစ်ခါတစ်လေတော့လည်း ဘယ်သူမှ မသိသေးတဲ့ ကိုယ်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ချင်ခဲမိတယ်)