ကိုယ် တို့ အဆုံးသတ် လိုက်ရအောင်
ဒီစကားက သူနှုတ်ခမ်းက ထွက်လာတယ်ဆို တော့ အံ့သြစရာ မရှိပါဘူး။သူမပြောရင် ကျွန်မက စပြောရမယ် စကားပဲ။
ကျွန်မတို နှစ်ယောက်ကြား အေးစက်မှုက လွှမ်းမိုးထားတယ်။ဒီလို အခြေအနေကို မလိုလားပေးမယ့် အခုချိန်မှာ တိတ်ဆိတ်နေတာ အကောင်းဆုံးပဲ။သူ့ရဲ ၀င်သက်ထွက်သက်က ကျွန်မ နဖူးကို လာရိုက်ခတ်တယ်။သူ့နှုတ်ခမ်းတွေက ကျွန်မ အပြုံးတွေကို လာထိတွေ့တယ်။ကျွန်မ မျက်ရည်တွေက သူနှုတ်ခမ်းကို စိုစွတ်စေတယ်
တကယ်တမ်းခွဲခွာရမယ် ဆိုတော့ အရာရာ အားလုံး ဆိတ်သုန်းသွားခဲ့တယ် ။ကြိုတင် စဉ်းစား မျှော်လင့်ထားခဲ့ ပေးမယ် တကယ်တမ်းကြုံ့တွေ့ရတော ကံကြမ္မာကို မုန်းတီးမိတယ် ။ အချစ်စစ်တို မည်သည် မဖြောင့်ဖြူးတဲ့ လူတိုင်းပြောတဲ့ စကားပဲ။ကျွန်မတို့ နှစ်ယောက်လည်း ပြောခဲ့ဘူးတယ်။ နောက်ပိုင်းမှာ ပြန်လည်းပေါင်းစည်းရမယ် ဇာတ်ထုတ် မဟုတ်တာတော့ နှစ်ယောက်လုံး သေချာ သိနေပြီ
နင် တစ်ခုခု ဖွင့်ပြောလိုက်ပါ ငါအဆင်သင့်ဖြစ်နေပြီ
ဒါမဖြစ်နိုင်ဘူး ဒါတွေက နင်လိုသလို ဖန်ဆင်းနေတဲ့ ကဗျာတွေ ၀တ္တုတွေ သီချင်းတွေ မဟုတ်ဘူး
ငါ ဖန်ဆင်းထားတယ် အရာတွေ ဆိုပေမဲ့ ငါပိုင်ဆိုင်ခဲ့လို့လား နင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ အမှတ်တရတွေ မှာ ဘယ်မှာလဲ ပျော်ရွင်မှုဆိုတာ နင်ကို စချစ်မိကတည်း နှစ်ယောက် စလုံး ခံစားလာခဲ့ရတာတောင်မှ မလုံလောက်ဘူးလား
နင် မရင့်ကျက်သေးဘူးလား နင် လည်း သဘောတူတယ်ဆို ဒီလို လမ်းခွဲလိုက်တာ အကောင်းဆုံးဆိုတာနင်လက်ခံတယ်ဆို
ဒါပေမဲ ငါတို ခိုးပြေးလို့ရတယ်လေ ငါ နင့်နောက်ကို လိုက်မယ်လေ အဲဒါလည်း နင်လက်မခံဘူး
နင်ကျောင်းပြီးပြီလား ငါမှာ အလုပ်မရှိဘူးလက်တွေ့ဆန်ဆန်ပဲ စဉ်းစားပါ ငါ့အဖေဆီ လိုက်သွားမယ် ဒါဆို အချိန်တစ်ခုက အကောင်းဆုံး အဖြစ်စောင့်နေမှာပါ
ငါ မသိတတ်တဲ့ ၁၅နှစ်ကျော်ကလေး မဟုတ်တော့ဘူး မောင် နင် ပြန်လာလို့ရမယ်ထင်လား ရခဲ့သည် ရှိသော် ငါတို ပြန်ဆုံမယ်နင်ထင်လား
ယုံကြည်ချက်ကသာ အရေးကြီးတာပါ နင် ကလေး မဟုတ်တော့တာ ငါသိပါတယ်
ကျွန်မ မျက်ရည်တွေ ဘာမှ အသုံးမ၀င်တော့ဘူး။အနမ်းတစ်ရှိုက်အောက်က သူစကားကို နားထောင်ရမှာ သေချာနေပြီ ဘယ်တောမှ ပြန်မဆုံနိုင်တော့တာ သေချာသွားပါပြီ
သူ နဲ့အတူသွားခဲ့တဲ့ နေရာတွေကို ဘယ်လို စိတ်နဲ့များ ဆက်သွားနေနိုင်မလဲ သူပြန်လာချိန်တိုင်း စောင့်နေမယ် ကျွန်မကို သူ မလွမ်းဘူးလား
ကျွန်တော် တို့ နှစ်ယောက် မဆုံနိုင်မှာ ကို သိနေပြီးသားပါ.ကြိုမျှော်မှန်းထားတဲ့ အနာဂတ်လေးက သူ့အလိုလိုပျက်စီးသွားပြီဆိုတာ ဘယ်သူမှ မရှင်းပြပေမဲ့မယ် နှစ်ယောက်လုံး နားလည်နေပါပြီ။ကျွန်တော့် ရှေ့က မျက်ရည် တစ်စက်မှ မကျပဲ ထွက်သွားတဲ့ ကောင်မလေးက သူရင့်ကျက်နေပါပြီတဲ့။ ကျွန်တော် မပါတဲ့ ဘ၀ထဲမှာ သူတစ်ယောက်တည်း ဖြတ်သန်းနေသမျှ ကျွန်တော့်ကို အမှတ်ရနေမှာ မလိုလားပါဘူး ။ဒါပေမဲ့ ကျွန်တော်ကို မေ့မသွားဖို့တော့ တောင်းဆိုချင်တယ်။တကိုယ်ကောင်းဆန်ကျရတဲ့လုပ်ရပ်တွေကို သူမ ရင်နှင့်မမျှအောင် ခံစားရမှာ သိပေမဲ့ ငြိုငြင်မှာ ကင်းမဲ့စွာနဲ့ ကျွန်တော်ကိုချစ်ခဲ့တယ်။အချစ်ဦးမဟုတ်ပေမဲ့ ပထမဆုံး အချစ်တွေ ပေးခဲ့တယ် ။အချစ်ဆုံး မဟုတ်ပေမဲ သက်ဆုံးတိုင် အချစ်တွေ ပေးသွားတယ်။ ကျောခိုင်းသွားတဲ့ သူမ လက်ထဲမှာ ကျွန်တော့ နှလုံးသားပါသွားပြီ ဆိုတာကို ၀န်မခံပေမဲ့ သူမနားလည် နိုင်မယ် ထင်ပါရဲ့.။အနာဂတ် ရဲ့ အိမ်လေးကို လေထဲမှာ တည်ဆောက်ရင် မဖြစ်နိုင်တော့တဲ့ ဘ၀တွေကို မျှော်မှန်းရင်
ကျွန်တော် ချစ်တဲ့ သူမကို ဆုံးရှုံးပြီး ကျွန်တော့ မချစ်မယ့် မိန်းကလေးကို လက်ထပ်ယူရမှာတော့မယ်။သူမ မျှော်မှန်းထားတဲ့ အနာဂတ်ကို တခြားတစ်ယောက်နဲ့ ပုံဖေါ်ရင်း သူမ အနားမှာ ရှိနေဆဲ သူမ လက်ကို တွဲထားဆဲပါ............ကျွန်တော ကထားသွားတဲ့ နေရာမှ နေပြီး ကျွန်တော် ထွက်သွားတာ စောင့်ကြည့်နေတဲ့ သူမ အပေါ် မတရားပေမဲ့ သူက ကျွန်တော့်ကို ကျောခိုင်းသွားမှာ မလိုလားခဲ့ဘူး ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာရတာ ကံတရားပေမဲ့ ကျွန်တော့ မထိန်းချုပ်နိုင်ဘူးတွေ လည်း အများကြီးပါတယ် ။ကလေး မုန့်ပေးကြိုက်တယ်လို ဆိုကျပေမဲ့ အဲဒီကလေးက ကျွန်တော့်ကို အခုလို ရင်ကျက်စွာ စွန့်လွှတ်ဖို့ ဘယ်နှလုံး သားက တိုက်တွန်းထားခဲ့တာပါလိမ့်.။
နှုတ်ခမ်းထော်ထော်လေးရယ် မယုံသကာင်္ကြည့်တတ်တယ် မျက်လုံး တွေရယ် အမြဲအံကြိတ်ထားတတ်တဲ့ နှုတ်ခမ်း တွေ ဘယ်တော့မှ ပြန်တွေနိုင်ပါမလဲ.။၎နှစ်ကြီးပေမဲ့ ကိုကို လို ခေါ်ပါဆို မောင်ပဲ ခေါ်ချင်တယ်တဲ့..အသက်တူတူ ထင်ရအောင်တဲ့။အခုတော့အဲလို အသံတွေ ဘယ်တော့မှ ပြန်ကြားနိုင်ပါတော့မလဲ..
ပြန်လာမယ် စောင့်နေပါဆိုတဲ့ စကားကို မဖြစ်နိင်မှန်း သိပေမဲ့ ယုံယုံကြည်ကြည့် စောင့်နေမယ် သူ့မကို ကျွန်တောရင်ကွဲမတတ်ချစ်ခဲ့တယ်ဆိုတာ သူမ သိနိုင်မှာပါ........
~~~~~~~~~~~~~~~~~~
ကျောခိုင်း လျှောက်လှမ်းလာတာ ခြေထောက်တွေ ပေမဲ့ ဘာလို နှလုံးသားက တဆစ်ဆစ် နာကျင်နေရတာလဲ။အချစ်မှာကျရှံးဖို မကြောက်ပါနဲ့ ဆိုပေမဲ့ သူလောက် ချစ်ရမယ် သူ ကို ထပ်မတွေ့နိုင်တော့ဘူး ။သူနောက်ဆုံး ထားခဲ့တဲ့နေရာမှာ ကျွန်မ နှလုံး သား မြေမြုပ်လိုက်ပြီ ဆိုတာသူ မသိနိုင်ခဲ့ပါဘူး။လွမ်းလိုမှ ဖုန်းဆက်ခွင့်မရှိဘူး ။စိတ်ပူလိုမှ ပူပင်ခွင့်မရဘူး။စိုးရိမ်လို့မှ တားမြစ်ခွင့် မရှိတော့တဲ့ ဘ၀မှာ သူကို လွမ်းမနေပါနဲ့ ဆိုပေမဲ့ ဘယ်နှလုံး သားက လိုက်နာနိုင်ပါမလဲ။တစ်ခဏတာ ဆယ်ကျော်သက် အချစ်နဲ့ရင်ခုန်ခဲ့တာ မဟုတ်တဲ့ အတွက် တစ်သက်တာ ဒီအလွမ်းတွေကိုပဲ အဖော်ပြူနေရမှာပေါ။နောင် တစ်ချိန်မှာ ပြန်တွေ့ရမယ် အချိန်ကို စောင့်ရင် အနာဂတ် အိမ်လေးကို ပုံဖော်စိတ်ကူးထားရမှာပါနော်။သူ ပြန်မလာဘူးလို မပြောပါနဲ့တော့။ကျွန်မ စောင့်နေတာ သူသိပါတယ်။ကျွန်မကို အံ့သြအောင် အမြဲလုပ်တတ်တဲ့သူက ဒီလမ်းလေးမှာ ကျွန်မ စောင့်နေတာသိတဲ့အတွက် အထူးအဆန်းလေးတစ်ခုခု ဖန်တီးပေးမှာပါ။ကျွန်မကို အချိန်အကြာကြီးစောင့်ရအောင်သူမလုပ်ရက်တာ ကျွန်မ သိနေပါတယ်။ အချိန် ၁၀နှစ် လား ၂၀ လား မသိပေမဲ့ ကျွန်မ စောင့်နေမှာ ဖြစ်တဲ့ အတွက် သူပြန်လာမှာ သေချာပါတယ်။
26.8.2011
၃ နှစ်ပြည့် ......အမှတ်တရ..........
တစ်ခု နဲ့ တစ်ခု အဆက်မရှိပေမဲ့ ကျွန်မတို့ အတွက်တော့ နှလုံးသား နှစ်ခု ထပ်တူပြုထားတာပါ....
နီးခြင်း ဝေးခြင်း တစ်နေရာ စီမှာ
တစ်မိသားစု စီ ခွဲသွားရမယ့် ဘ၀ ဆိုတာ ကြိုသိနေပေမဲ့
မိုက်ရူးရဲ ဆန်ဆန်
ကိုယ် အတ္တ ကိုယ် ဆန္ဒကို အမှီပြုလို့
လျှောက်လှမ်း နေတဲ့ ငါတို နှစ်ယောက်အတွက်
ရည်မှန်းချက် ပန်းတိုင်းချင်းတူပေမဲ့
ဘယ်လောက် ဝေးဝေးလျှောက်ရမယ် ဆိုတာ
ဘယ်တော့မှ ပြန်မဆုံနိုင်မယ် ဆိုတာ
ဖယ်ထားရင်
ကိုယ်ဆီ ဆုတောင်း ကိုယ်စီနဲ့
အဝေးတစ်နေရာကနေ လက်ချင်းမြဲမြဲ တွဲရင်........
ပြန်ဆုံမယ် နေ့ကို သက်ဆုံးတိုင် မျှော်နေရဦးမှာပါ..........။