မိစ္ဆာဒိဋ္ဌိ ဆိုတာ ဖောက်ပြန်စွာ မြင်ခြင်းကို ခေါ်တာပါ အမှန်တရားကို အမှားတရားတွေပဲလို စိတ်ထဲ စွဲပီးမြင်နေတာ ကိုဆိုလိုတာပေါ့
ကောင်းတဲ့တရားတွေ ရဲ့ ဆန့် ကျင်ဘက်က ရပ်တည်တာပေါ့ နားလည်အောင် ရေးရရင် သူ့ အသက်ကို သတ်တဲ့သူ ကောင်းတဲ့ ဘ၀ရောက်တယ်လို့ စိတ်ထဲကနေ လက်ခံ ကျင့်သုံးနေတဲ့သူကို မိစ္ဆာအယူရှိ သူလို့ခေါ်ပါတယ် မိစ္ဆာ ဆိုတာ လွဲမှားတာ
ဒိဋ္ဌိ ဆိုတာ မြင်တာ ကိုပြောတာ မိစ္ဆာဒိဋ္ဌိ လွဲမှားစွာ မြင်တာ ပေါ့ အမှန်တိုင်း မမြင်တဲ့ သူပေါ့
မိစ္ဆာ ဒိဋ္ဌိ ရဲ့ အဓိပ္ပါယ်တွေေ၇း၇င် မင်းမင်း ကတော့ ပြည့်စုံအောင်မရေးနိုင်သေးပါဘူး
ဘာလို့ ရေးချင်မိသလဲ ဆိုရင် ခု လောက ကြီးထဲမှာ မိစ္ဆာအယူဝါဒ လို့ ပြောလို့ ရတဲ့ အကျင့်ဆိုးတွေ ရှိနေတယ် ကြားနေရတယ် အဲဒီ အယူ ၀ါဒ ရှိတဲ့ သူတွေ ကြောင့် လောကကြီးထဲမှာ ရှိနေကြတဲ့ လူတွေ အသက်အိုးအိမ်စိုးရိမ်းပူပန်နေကြရတယ်ရင်နာမိတယ်ဗျ
အဖွဲ့ စည်းတစ်ခု မှာ လူကြီး က အယူ မှားနေရင် နောင် ပြန်ပွားလာမယ့် မျိုးဆက်တွေ ဟာ မှားဖို့ ၉၉ ရာခိုင်နှုန်းထားရှိတယ်
ဒါကြောင့် အကြီးတွေ မှား ယူမိသလို နောက်လူတွေ အမှားကို မယူမိအောင် သိထားသင့်တယ် လေ့ လာ ထားသင့် တယ်
လူ တစ်ယောက်ဖြစ်ချင်ပီ ဆို ရင် အတတ်နိုင်ဆုံး ကောင်းတာရော မကောင်းတာရော လေ့ လာ နိုင်ရမယ် လေ့လာလဲ လေ့လာရမယ် အုပ်ထိန်းသူတွေ ကလဲ လူငယ်တွေ ရဲ့ အသိ ဥာဏ်တံခါးပေါက်ကို ပိတ်မထားရဘူး အဲလို ပိတ်ထားတဲ့ သူ ။ ဘာသာ ။ ၀ါဒ တွေဟာ လွတ်လပ်မူ့ မရှိဘူး
ကောင်းတာ မကောင်းတာကို သိမှ လူ လို့ ခေါ်တယ်
နောက်တမျိုးက အကျိုးရှိတာ အကျိုးမရှိတာ ကို သိမှ လူ လို့ခေါ်တယ်
ဒါက ကိုယ့်အတွေးနဲ့ ပြောတာ မဟုက်ပါဘူး စာပေ မှာ ရှိပီးသား ကို ပြန်ပြောပြတာ ဒါကြောင့်  လူလောက ကြီး ထဲ ရောက် တဲ့ အခိုက် ကိုယ့် ကျင့် သုံးနေတဲ့ အကျင့် က မိစ္ဆာ ဘက်ရောက်နေသလား ဆိုတာ ကိုယ်ကိုယ့် လေ့လာသုံးသပ်ဝေဖန်နိုင်ဖို့ မင်းမင်း က မိစ္ဆာ ဒိဋ္ဌိ အကြောင်းကို ပြည့်စုံ တဲ့အထိ ဖက်တဲ့ သယ်ရင်းများ နားလည်နိုင်လောက်တဲ့အထိ အတတ်နိုင်ဆုံးကြိုးစားရေးသွာမှာပါအကြောင်းကို ရေးသွားမှာပါ
ဘာလို့ ရေးရတာလဲ ဆိုတာ
လောကကြီးထဲမှာ ရှိတဲ့ အပြစ်တွေအားလုံးထဲမှာ အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိ အပြစ် က အကြီးဆုံး ဖြစ်နေလို့ပါပဲ
မိစ္ဆာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂို လ် တွေ သေရင် နောက်ဘ၀မှာ မကောင်းတဲ့ ဘ၀ လို့ ခေါ်တဲ့ ငရဲ ပြည်ကို သေပြီးတဲ့ နောက်ဘ၀ တန်းရောက်ရတာမို့ပါ အရမ်းကြီးတဲ့ အပြစ် ကို သိစေချင် လို့ပါ ဘွဲ့ တွေ ဘယ်လောက်ရရ ပညာ ဘယ်လောက်တော်တော် တတ်တတ် ဥစ္စာ တွေ ဘယ်လောက်ချမ်းသာသာ မိစ္ဆာအယူဝါဒ ကို လက်ခံ ကျင့်သုံးနေရင် လူဖြစ်ရှုံးတာပါပဲ ကိုယ်တစ်ယောက်ထဲ ရှုံးတာမဟုက်ပါဘူး နောက်လိုက်တပည့်တွေ ရှုံးတာ
ဆက်လက်ရေးပါမည်
↧
မိစ္ဆာဒိဋ္ဌိ နှင့် အကျိုးဆက်
↧