ချစ်သူနှစ်ဦး လက်လေးတွဲပြီး ကျွန်တော်ရှေ့ကို လျှောက်လှမ်းလာခဲ့တယ်။အဲ့ဒီအချိန်မှာ ကျွန်တော်နှလုံးသားက နာကျင်မှု့ဖြစ်လာတယ်။အရင်ကရင်း ချစ်ခဲ့ရတဲ့ကောင်မလေးက သူ့ချစ်သူနဲ့ ပျော်နေချိန်မှာ ကျွန်တော်ကတော့ မျက်ရည်များစွာနဲ့ သူ့ဘေးမှာရှိနေတယ်ဆိုတာ သူမသိပါဘူး။
အမုန်းပင်လယ် မီးနံရံလယ်မှာ
အမုန်းတရားကို ရင်ဝယ်ပိုက်ပြီး
အချစ်တွေနဲ့ဝေးကွာ
အမုန်းတွေကို လက်ခံပြီး
ကျွန်တော်ရင်မှာ ကြေကွဲစွာနဲ့
နေ့ရက်များစွာကို
ကျွန်တော်ဖြတ်ကျော်ဖူးတယ်
ဒါပေမယ့်
ဒီနေ့လောက် ကျွန်တော်ဘ၀မှာ
တစ်ခါမှ ကြေကွဲဖူးတာ
မရှိပါဘူး...
ကျွန်တော်ချစ်သော ကောင်မလေးကို
တွေ့ကြရင်ဖြင့် ပြောပေးကြပါ
ကျွန်တော်သူ့ကို အရမ်းချစ်တယ်လို့.....
ချစ်သူ့တမ်းတ
ချစ်သူမျက်နှာ မြင်ရရုံနဲ့
ရင်မှာကြည်နူး ပျော်လို့မဆုံး
ဖြစ်နေခဲ့ပြီး
သူ့ရဲ့အသံ သူရဲ့မျက်နှာ
မမြင်မကြားရလည်း
ငါ့ရဲ့ရင်ခွင် ငါချစ်သူကို
ချစ်နေနိုင်တယ်...