2012 တဲ့
မင်းလူဖြစ်ချင်သေးလား၊။
သေချာစဉ်းစား............
ကြားနေရတဲ့ သတင်း
စိတ်မချမ်းသာတဲ့ မြင်ကွင်း
ဖြစ်လိုက်၊ပျက်လိုက်နဲ့
မကြုံဘူးတဲ့အဖြစ်ပြစ်တွေ
ဘာတွေလဲဟ....ဘာတွေဖြစ်ကုန်ပြီလဲ
တစ်သက်နဲ့တစ်ကိုယ်.......
မကြုံဘူးတဲ့အရာတွေ
ကမ္ဘာပျက်နေတာလား
လုယက်မှုတွေ
မုဒိန်းမှုတွေ
ဖျားယောင်းမှုတွေ
လိမ်လည်မှုတွေ
ကားမှောက်မှုတွေ
ဖောက်ပြန်တဲ့ ရာသီဥတုတွေ
အမျိုးမျိုးသော သဘာဝရဲ့ အန္တရာယ်ဘေးက
ကျရောက်လို့လာပါရောလား
မင်းပတ်ဝန်းကျင်၊မင်းရဲ့လောကကို
သေချာကြည့်.........
ငါလည်းဒီလိုပဲလား?
သေချာကြည့်ပါ။
သေချာကြည့်ပါ....
သေချာစဉ်းစား
ဒီဘ၀အတွက်နဲ့ လူဖြစ်ချင်တာလား?
သံသရာအတွက်လူဖြစ်ချိင်တာလား?
ဒီဘ၀အတွက် လူဖြစ်ချင်တယ်ဆိုရင် သူတို့လမ်းကိုလိုက်။
သံသရာအတွက်ဆိုရင် သူကိုဆန့်ကျင်
ဆန့်ကျင်ဆိုတာနဲ့ သူကိုသတ်ခိုင်းတာမဟုတ်........
သင့်ရဲ့စိတ်ကိုပြုပြင်၊ မကောင်းသော
စိတ်ကိုသတ်၊ မကောင်းသောအတွေးကို ဖယ်။
သူများ အတ္တ မင်းအတ္တမဟုတ်
သူများလောဘ မင်းလောဘမဟုတ်
သူများမောဟ မင်းမောဟမဟုတ်
အကြင်နာကင်းမဲ့ တရားမရှိတဲ့ အလုပ်
မင်းအလုပ်မဟုတ်ဘူး။
ခံယူချက်ကမြန်မာ
မြန်မာဆိုတာ ဗုဒ္ဓ
ဗုဒ္ဓဆိုတာနဲ့ မင်းက
ယဉ်ကျေးသိမ့်မွေ့သူဆိုတာမမေ့ပါနဲ့။
လူလိုဖြစ်ချင်ရင်လူလိုကျင့်
လူလိုကျင့်မှ လူပီသ
လူပီသမှ လူဖြစ်မှာ။
မင်းဘယ်လိုဆုံးဖြတ်မလဲ။
ဘယ်လမ်းသွားမလဲ။
ရတောင်ရခဲ့ အဖိုးတန်လူဘ၀က
နိဗ္ဗာန်မရောက်သရွှေ့
ခံစားစံစားနေရဦးမှာပဲ။
လူလိုကျင့်ရင်ပေါ့။
အားလုံးကျန်းမာပါစေ
သူငယ်ချင်းတို့။
မင်းလူဖြစ်ချင်သေးလား၊။
သေချာစဉ်းစား............
ကြားနေရတဲ့ သတင်း
စိတ်မချမ်းသာတဲ့ မြင်ကွင်း
ဖြစ်လိုက်၊ပျက်လိုက်နဲ့
မကြုံဘူးတဲ့အဖြစ်ပြစ်တွေ
ဘာတွေလဲဟ....ဘာတွေဖြစ်ကုန်ပြီလဲ
တစ်သက်နဲ့တစ်ကိုယ်.......
မကြုံဘူးတဲ့အရာတွေ
ကမ္ဘာပျက်နေတာလား
လုယက်မှုတွေ
မုဒိန်းမှုတွေ
ဖျားယောင်းမှုတွေ
လိမ်လည်မှုတွေ
ကားမှောက်မှုတွေ
ဖောက်ပြန်တဲ့ ရာသီဥတုတွေ
အမျိုးမျိုးသော သဘာဝရဲ့ အန္တရာယ်ဘေးက
ကျရောက်လို့လာပါရောလား
မင်းပတ်ဝန်းကျင်၊မင်းရဲ့လောကကို
သေချာကြည့်.........
ငါလည်းဒီလိုပဲလား?
သေချာကြည့်ပါ။
သေချာကြည့်ပါ....
သေချာစဉ်းစား
ဒီဘ၀အတွက်နဲ့ လူဖြစ်ချင်တာလား?
သံသရာအတွက်လူဖြစ်ချိင်တာလား?
ဒီဘ၀အတွက် လူဖြစ်ချင်တယ်ဆိုရင် သူတို့လမ်းကိုလိုက်။
သံသရာအတွက်ဆိုရင် သူကိုဆန့်ကျင်
ဆန့်ကျင်ဆိုတာနဲ့ သူကိုသတ်ခိုင်းတာမဟုတ်........
သင့်ရဲ့စိတ်ကိုပြုပြင်၊ မကောင်းသော
စိတ်ကိုသတ်၊ မကောင်းသောအတွေးကို ဖယ်။
သူများ အတ္တ မင်းအတ္တမဟုတ်
သူများလောဘ မင်းလောဘမဟုတ်
သူများမောဟ မင်းမောဟမဟုတ်
အကြင်နာကင်းမဲ့ တရားမရှိတဲ့ အလုပ်
မင်းအလုပ်မဟုတ်ဘူး။
ခံယူချက်ကမြန်မာ
မြန်မာဆိုတာ ဗုဒ္ဓ
ဗုဒ္ဓဆိုတာနဲ့ မင်းက
ယဉ်ကျေးသိမ့်မွေ့သူဆိုတာမမေ့ပါနဲ့။
လူလိုဖြစ်ချင်ရင်လူလိုကျင့်
လူလိုကျင့်မှ လူပီသ
လူပီသမှ လူဖြစ်မှာ။
မင်းဘယ်လိုဆုံးဖြတ်မလဲ။
ဘယ်လမ်းသွားမလဲ။
ရတောင်ရခဲ့ အဖိုးတန်လူဘ၀က
နိဗ္ဗာန်မရောက်သရွှေ့
ခံစားစံစားနေရဦးမှာပဲ။
လူလိုကျင့်ရင်ပေါ့။
အားလုံးကျန်းမာပါစေ
သူငယ်ချင်းတို့။