♣ ♣ ♣ ချစ်သူမြို့ တော်ရဲ့  အကူညီတောင်း လက်ခံရာဌာန ♣ ♣ ♣
နေ့ တစ်နေ့ ရဲ့ အစ စာမျက်နှာကို ဖွင့်လိုက်ပြီ ဆိုတာနဲ့  ချစ်သူမြို့ တော်မှာ တာဝန်ထမ်းဆောင်နေကြသော အက်မင်များ ကျရာတာဝန်ကို ထမ်းဆောင်ရင်း အလုပ်များလို့ နေပါပြီ...............။
မြို့ တော်ဝန်ဆိတ်မှိုင်းရဲ့  ညွှန်ကြားမှုအောက်မှာ သူမှားကြားတဲ့ အတိုင်း တစ်သွေမတိမ်း တာဝန်ထမ်းဆောင်ကြရင်း(သူ့ နောက်ကွယ်မှာ သူ့ ခြေရာနင်းပြီး လုပ်ချင်ရာလုပ်တာ ဖော်ကောင်းမလုပ်ကြေး) မြို့ တော်ကြီး တိုးတက်ဖို့ ကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ် ကျရာတာဝန်ကို မညီးမညူထမ်းဆောင်ကြတာ ချစ်သူမြို့ တော်ရဲ့  တာဝန်ကျေတဲ့ အက်မင်တွေပဲပေါ့.....။
ဆိုဒ်အတွင်း အသုံးပြုရန်ခက်ခဲသော ၊ မသိနားမလည်သေးသော မန်ဘာသစ်လေးများ လာရောက်အကူအညီတောင်းနိုင်ရန် ကူညီပြစေ ဌာနလေးဖွင့်လို့ ထားပေးတာ ချစ်သူမြို့ တော်ပေါ့...........။
ဒီကူညီပြစေ ဌာနလေး စတင်ဖွင့်လှစ်လျှင် ဖွင့်လှစ်ချင်း ရောက်လာသည့် အကူအညီ တောင်းစာကတော့
“မင်္ဂလာပါ အက်မင်တို့ ရေ သမီးက ခုမှ ချစ်သူမြို့ တော်ကို စပြီးအသုံးပြုတာပါ..သူများတွေ အိမ်ကို သွားလည်တော့ သူတို့ တွေက အိမ်လှလှလေး ပိုင်ထားကြတယ်..သမီးလဲ သူတို့ လိုအိမ်လှလှလေးလိုချင်တယ်..သမီးဘယ်တော့လောက် အိမ်လှလှလေးရဖို့  ထီပေါက်မှာလဲဟင်..သမီးကို အိမ်လှလှလေးပေးပါနော်
မျှော်နေမယ်နော်...
သမီးရဲ့  မျှော်လင့်ချက်တွေကို အက်မင်ကိုကိုတွေ ရိုက်မချိုးရဘူးနော်
မလာရင် နှုတ်ခမ်းစူပြီး စိတ်ကောက်မယ်”
“ဟဲ့ အကူအညီတောင်းစာလာပြီး ဘယ်သူဖြေရှင်းမှာလဲ..မေသဇင် ..မေသဇင် ဘယ်ရောက်နေလဲ ..ဒီမှာ အိမ်လှလှလေးလိုချင်လို့ တဲ့ အကူအညီတောင်းစာလာတယ်”
“မေက အဲ့ဒီအိမ်ကို ရောက်နေပြီဟေ့ သွက်လိုက်တဲ့ ခြေထောက် မြင်းခြေစုံပေါက်သလိုပဲ”
“ဒေါက်ဒေါက် ညီမလေးရေ..သူများတွေလို အိမ်လှလှလေးလိုချင်တယ်ဆိုလို့  လာပို့ တာပါ ..သယံဇာတပေါပြီး ချမ်းသာကြွယ်ဝတဲ့ ချစ်သူမြို့ တော်မှာ အိမ်လှလှလေး တစ်လုံးရဖို့  ထီပေါက်စရာမလိုပါဘူးကွယ်..ညီမလေး ချစ်သူမြို့ တော်ထဲ ဝင်လာပြီး ဆိုတာနဲ့  ညီမလေးအတွက် အိမ်လှလှလေးတွေက ရှိပြီးသား ကဲရော့ http://www.shwemyotaw.com/forum/topics/5442636:Topic:2179139 မိမိအိမ်ကို ဘယ်လိုပြင်ယူရမလဲဆိုတဲ့ နည်းလေးပါ
http://www.shwemyotaw.com/forum/topics/5442636:Topic:2179139 ဒါလေးက ဒီဇိုင်း အလန်းလေးတွေလေ
အဆင်ပြေပါစေနော်..ချစ်သူမြို့ တော်မှာလဲ ပျော်ရွှင်ပါစေလို့  ချစ်သူမြို့ တော် မိသားစုက ဆုတောင်းပေးပါတယ်
မေပြန်ပြီနော်..နောက်ထပ်အကူအညီလိုရင်လဲ အချိန်မရွေးလာပြောနိုင်ပါတယ်ရှင်”
~~~~~~~~~~~~~~~~~~~~~~~~
“အက်မင်များခင်များ ချစ်သူမြို့ တော်မှာ ကဗျာတင်တာ အဆင်မပြေဘူး ဘယ်နေရာမှ တင်ရမလဲဆိုတာ ညွှန်ကြားပေးပါလားခင်များ”
“ကဗျာကဏ္ဍ ကိုင်တဲ့ ရှင်းသန့် မေ ဘယ်ရောက်သွားပြီလဲ..နင့်တာဝန်လာပြီ သွားကူညီစေ”
“တိန် ရှင်းအလှည့်လား..ခဏလေး ဆံပင်တုစွပ်ပြစေအုံး ..ရှင်းက နာမည်နဲ့ လိုက်အောင် ခေါင်းက ရှင်းပြီးကတုံးဖြစ်နေတာ မန်ဘာတွေ မမြင်စေချင်ဘူး”
“သယ်ချင်းရေ ကဗျာတွေကို ပို့ စ်နေရာမှာ တင်လို့ မရပါဘူးနော်
..ပို့ စ်နေရာမှာ တင်တဲ့ ကဗျာတွေကို ဟို မသာထတို့ လို စိတ်ပုတ်အက်မင်တွေတွေ့ ရင် ဖျက်ချပစ်ပါတယ်..ကဗျာတွေကို ကဗျာကဏ္ဍ ၂မှာ ကျေးဇူးပြုပြီး တင်ပေးပါနော်..ဆံပင်အတုစွပ်ထားရတာကြာလို့  ရှင်းခေါင်းတွေ ပူလွန်းနေပြီး .ပြန်ပြေးတော့မယ်နော်...အဲလေ .ရှင်းစာရေးဖို့ တွေးနေရတာ ခေါင်းပူလွန်းနေပြီး ပြန်နားတော့မယ်လို့  ပြောတာပါရှင်..........။
~~~~~~~~~~~~~~~~~~~~~~~~
“အက်မင်တို့ ရေ ..ကျွန်တော် ချစ်သူမြို့ တော်ထဲမှာ သီချင်းတွ တင်ချင်ပါတယ်.. ဒါပေမဲ့ တင်မတတ်သေးလို့  ဘယ်လိုများတင်ရမလဲဆိုတာ ကူညီပေးပါနော်..”
သီချင်းတင်ချင်လို့ တဲ့ သီချင်းကဏ္ဍ တာဝန်ယူတဲ့ ကျော်သူအောင် ဘယ်ရောက်နေလဲဟေ့”
“ခွိးခွီး မိကျော်မ လကုန်ရင်ပေးရမဲ့ အကြွေးစားရင်းတွေကို ထိုင်စစ်နေတာ..ဒီလလဲ အကြွေးဆပ်ပြီးရင် ဘဲဥအလုံး ၃၀ ဝယ်ဖို့ ပဲ ပိုက်ဆံ ကျန်တော့မှာ ထင်တယ်.. တစ်ရက်တစ်လုံးနှုန်းနဲ့ ဧည်သည်လာ ပန်ကန်လျှာနဲ့ လျှက်ဆေးကြောရမဲ့ပုံပါလား..”
“မင်္ဂလာပါ သူငယ်ချင်းရေ..သူငယ်ချင်းက သီချင်းတွေ တင်ချင်တယ်ဆိုရင်တော့ ဟောဒီမှာ မိမိအိမ်တွင် သီချင်းထည့်နည်းပါနော်
http://www.shwemyotaw.com/forum/topics/how-to-add-songs
ဒါလေးက ဖလက်သီချင်းတင်နည်းပါ
အနော်တို့  မြို့ တော်လေးမှာ သီချင်းသံတွေ ဝေဝေဆာဆာ တင်နိုင်ပါစေနော်.(တင်သာတင် ဆိုဒ်မလေးအောင် အကန့် အသတ်နဲ့  တင်ရင် ကျေးဇူး) ရှူးးးးးးးးးး နာဒီလိုပြောတာ ဘယ်သူမှ မကြားပါဘူးနော်”
“အက်မင်များခင်များကျွန်တော် ဗီဒီယို တည်းဖြတ်ဆော့ဝဲလေးလိုချင်လို့ ပါ ခင်ဗျား ..ရှာနေတာလဲ ကြာနေပါပြီ..အက်မင်များ ကူညီပေးနိုင်မယ်ဆိုရင် ကူညီပေးကြပါခင်ဗျား”
”ဗီဒီယိုတည်းဖြတ် ဆော့ဝဲလိုချင်လို့ တဲ့ဟေ့..ဂျူပီတာရင်မောင်ရဲ့  တာဝန်.. သွားပြောလိုက်ပါအုံး”
“ဟီးးးးး ရင်မောင် ကန်တော်ကြီးမှာ အတွဲသွားချောင်းရင်း ဗီဒီယိုခိုးရိုက်လာတာ..အဲ့ဒါလေး တည်းဖြတ်လုပ်နေတုန်း အမြင်ကပ်တဲ့ ဗိုင်းရပ်စ်က ဝင်ကိုက်သွားတာ ရှိသမျှဒေါင်းထားတဲ့ ဆော့ဝဲလေးကုန်ပြီဗျ.. ရင်မောင်ပြန်ရှာပြီးရင် လာပို့ ပေးပါ့မယ်ခင်ဗျာ..ခုလောလောဆယ် ဟိုအတွဲလေးကို ဆက်ချောင်းလိုက်အုံးမယ်..ဟီးးးးးးးးးးးးးး”
“အင်မက်များခင်ဗျာ.ကျွန်တော်က ဖိုတိုရှော့ လေ့လာနေသူတစ်ယောက်ပါ..ဖိုတိုရှော့ လေးသင်ပေးပါလို့  တောင်းဆိုပါတယ်ခင်ဗျာ”
“သိမ့်ရေ..ဖိုတိုရှော့တဲ့ဟေ့”
“သိမ့်လာလည်ပါတယ် သယ်ချင်းရေ..သယ်ချင်းတောင်းတဲ့ ဖိုတိုရှော့လေး သိမ့်က ပေးချင်ပေမယ့် သိမ့်မှာ ဒီအလုပ်နဲ့ ပဲ ထမင်းစားနေရတာမို့  စီးပွားရေးဈေးကွက်တော့ မပိတ်ဆို့ စေချင်ဘူးကွယ်. ဓာတ်ပုံတွေ ပြင်ချင်ရင် သိမ့်ဆိုင်မှာ လာပြင်လေ ...သယ်ချင်းကို အထူးထဲမှာ ထားပြီး သိမ့်က ဈေးနှုန်းချိုသာစွာ ထားပေးပါမယ်..ပရိုမိုးရှင်းချိန်လေး အမြန်လာထားနော်..”
ရုံးဆင်းချိန်ဟေ့..ပြန်တော့မယ်..ညပိုင်းတာဝန်ကိုတော့ ထုံးစံအတိုင်း ညစောင့်ဒရဝမ်းကြီး မသာထစောင့်ပေါ့...။
“ဟွန့်  ချစ်သူမြို့ တော်က အက်မင်တွေများ ပြောကို မပြောချင်ဘူး..ရုံးတက်ချိန်သာ မမှန်ရင်နေမှာ ရုံးဆင်းချိန်ဆို တစ်မိနစ်အလွှဲမခံဘူး..နေပေါ့..အားလုံးပြန်ကုန်တော့ မသာထ မထနိုင်အောင် ကောင်မလေးတွေနဲ့  ကြူတော့မှာပေါ့ ဟွင်း ဟွင်း”
ကလင်း ကလင်း
ချစ်သူမြို့ တော် “ကူညီပြစေ” က လားခင်ဗျား
“ဟုတ်ပါတယ်ခင်ဗျာ. ဘာကူညီပေးရမလဲ ပြောပါခင်ဗျား”
အဖွဲ့ ဘက်ဂရောင်းလေးချိန်းချင်လို့  ကူညီပေးပါခင်ဗျား”
“ဗျာ အဲ့ဒါ ကျွန်တော်မသိဘူးခင်ဗျ..နက်ဖြန် သက်ဆိုင်ရာအက်မင်ကို အစီရင်ခံစာတင်ပြီး အကြောင်းကြားပေးပါ့မယ်ခင်ဗျာ”
ကလင်းးး လင်းးးးးးးးး
“ဟေ့ ..ချစ်သူမြို့ တော် ကူညီပြစေ”
“ဟုတ်ကဲ့ ခင်ဗျ”
“ဒီဆိုင်မှာ ကျွန်တော့ရှေ့ က သုံးသွားတဲ့သူက ချစ်သူမြို့ တော်ကို သုံးသွားပြီး သူ့ အကောက်ကို ပြန်မပိတ်သွားဘူး..ကျွန်တော်က ကျွန်တော့်အကောက်ပဲ သုံးချင်တယ်..ဘယ်လိုပိတ်ရမလဲ”
“ဟုတ်ကဲ့ ခင်ဗျ..ညာဘက်ထောင့်နားက မြို့ ပြင်ထွက်ရန်ကို ကလစ်ပြီး ပိတ်လိုက်ပါခင်ဗျ..ပြန်ဝင်ရင် မြို့ ထဲဝင်ရန်ကို ပြန်နှိပ်ပြီး ခင်ဗျာ အကောက်နဲ့  ပြန်ဝင်ပါခင်ဗျာ”
“ကူညီပြစေ ..ကူညီပြစေ”
“ပြောပါ”
“ငါ့ကို ချက်ရွမ်းထဲက ဘာလို့  ထုတ်တာလဲကွ”
“ဟုတ် ချက်ရွမ်းရဲ့  စည်းကမ်းကို မလိုက်နာနိုင်ရင် ထုတ်ပါတယ်ခင်ဗျ”
“ကြီးကျယ်လို့ ကွာ”
“ဟုတ်..လူအများ စကားပြောတဲ့ နေရာမို့  ယဉ်ကျေးစေချင်ပါတယ်ခင်ဗျာ”
“ကူညီပြစေ ကူညီနိုင်ရင်ကူညီပါ”
“ကူညီဖို့ ဆို ကူညီပြစေက အသင့်ပါခင်ဗျ”
“ကျွန်တော့် စော်နဲ့ အဆင်မပြေဖြစ်နေတယ်ဗျာ
ဘယ်လိုလုပ်ရမလဲပြောပြပေးပါ။
သူက ကျွန်တော့်ကို မျှော်လင့်ချက်တွေပေးပြီး
အဖြေပေးခါနီးကျမှ ဟိုလိုလို ဒီလိုလိုလုပ်နေပါတယ်။
အဲ့ဒါလေးကိုကူညီပေးကြပါရန်”
“တိန်.. ဒီလို ကိစ္စမျိုးကိုတော့ အနော်တို့  မကူညီနိုင်ပါဘူးခင်ဗျာ..ကိုယ့်အစွမ်းစနဲ့  ကိုယ်သာ ကြိုးးစားပါခင်ဗျ”
“ပတ်စပို.ပျောက်တာ ဘယ်လိုပြန်ရှာရမလဲခင်ဗျာ။နည်းပညာလေးသင်ပေးပါအုန်းကျေးဇူးတင်ပါသည်။“
“ပတ်စပို့ ရုံးသို့  သံရုံးသွားပြီး ပျောက်ဆုံးတင်ပြီး အသစ်ပြန်လုပ်ပါခင်ဗျာ..ချစ်သူမြို့ တော်က ပတ်စ်ပို့  မလုပ်ပေးပါဘူးခင်ဗျ”
“ပြသနာပဲ ကျနော့်ကောင်မလေးက ချက်တင်းနဲ့ အချိန်ကုန်လို. တွေ့ ကရ ကီးတွေဝင်နှိပ်ပစ်တာ မနက်ဖန်သူ့မွေးနေ့ကို အာရုံ မစိုက်လို့ တဲ့လေ ဘယ်လိုလုပ်ရမလဲဗျာ ချက်ရွန်းထဲကို ပြန်ဝင်ရဖို့ ”
“ကောင်မလေးနဲ့  အဆင်ပြေအောင် အရင်လုပ်လိုက်ပါအုံးခင်ဗျ..တော်ကြာနောက်တစ်ခါ တွေ့ ရာကီး ထပ်နေနေမှာစိုးလို့ ”
“chatting box ကို ပိတ်ထားလို့ ရမလား ဘယ်လို ပိတ်ထားလို့ရမလဲ”
ချက်ရွမ်းခန်းထဲက ညာဘက်ထောင့်စွန်းလေးက စက်သွားပုံလေးကို ကလစ်ပြီး ချက်ခန်းပိတ်ထားသည်ကိုကလစ်လိုက်ရင် ပိတ်ပြီးခင်ဗျ”
“ကျွန်တော့ကောင်မလေးက ကျွန်တော့်ကိုထားခဲ့ပြီဗျာ“
“မလွမ်းပါနဲ့  ကျွန်တော်မထသကိုလဲ ကျွန်တော့ကောင်မလေးက ထားခဲ့ပါတယ်ခင်ဗျ”
“ကျွန်တော်ရည်းစားလိုချင်တယ်..ရည်းစားရပြီးရင် မင်္ဂလာဆောင်ဖို့  သိန်း ၃၀၀ထီ အကြိမ် ၂၀ ပေါက်ချင်တယ်”
“မုန့် ဆီကြော်မရှိပဲ နှုတ်ခမ်းနာအတွက် စိုးရိမ်နေတဲ့ သူပဲ”
“ချစ်သူုမြို့ တော် ကူညီပြစေ.ကျွန်တော့် ကောင်မလေးနဲ့  အဆင်ပြေအောင် မကူညီပေးရင် ကူညီပြစေကို ပုံစံပေးမယ်”
“လုပ်ချင်ရာသာ လုပ်တော့ဟေ့..မထသလဲ တစ်ညလုံးမနိုင်တော့ဘူး...တစ်ယောက်ထဲနဲ့  ဖွန်ကြောင်ချိန်လဲ မရလို့  နင်တို့ လိုပဲ ရည်းစားမရှိ ငုတ်တိလေး နေရတာ..ဘယ်နှယ်အေ့ ကူညီပြစေကို ရည်းစားလာရာခိုင်းရတယ်လို့ ...ဒီကူညီပြစေ ရုံးခန်းက အက်မင်တွေအားလုံးက အပျိုကြီး လူပျိုကြီးတွေဟေ့..သူတို့ ကိုယ် သူတို့ တောင်မှ ရအောင်မရှာနိုင်တာ.. သူများဖို့  ရှာပေးရမယ်ဆို ဒီတစ်ဆိုဒ်လုံး သူတို့  လမ်းစဉ်လိုက်ကုန်တော့မယ်..
“ရာဇဝင်တော့ အပျက်မခံဘူး
ကူညီပြစေရုံးခန်းကို ဒါမျိုးလာပြီး အကူအညီတောင်းရင် တွေ့ တာနဲ့  ပေးစားမယ်ဟေ့”