ရန်ကုန်မြို့ ရွှေဆံပင်အလှူရှင်များ၏ တောင်းဆိုချက်အရ ရွှေဆံပင်တံတားလမ်းလေ့လာရေးနှင့် အလောင်းတော်ကဿပဘုရားအပါအ၀င် အညာမြေဘုရားဖူးခရီးစဉ်ကို (၂၀.၁.၂၀၁၂)ခုနှစ်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ပါသည်။ ဤဘုရားဖူးခရီးစဉ်ကို ရန်ကုန်မြို့ မှ အကျိုးဆောင်လူငယ်များမှ ကုသိုလ်ဖြစ် စောင့်ရှောက်လုကိပါမည်ဖြစ်ပြီး ဒေသခံရွှေဆံပင်တံတားလမ်း အကျိုးတော်ဆောင်ဆရာတော်များနှင့် ဒေသခံ နယ်သူနယ်သားများမှ လိုအပ်သလို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ပါသည်။ ခရီးစဉ်မှာ (၄)ညအိပ် ၊(၃)ရက် ဖြစ်ပြီး
မန္တလေးမဟာမြတ်မုနိဘုရားကြီး၊ စစ်ကိုင်းကောင်းမှုတော်၊ မိုးညှင်းသံဗုဒ္ဒေ၊ ဗောဓိတစ်ထောင်၊ ကျောက္ကာရွှေဂူနီ၊ ရွှေတောင်ဦး၊ ဖိုလ်ဝင်တောင်၊ ရွှေဆံပင်တံတားလမ်းနှင့် အလောင်းတော်ကဿပ တို့ရောက်ရှိမည်ဖြစ်ပါသည်။
အထူးအစီအစဉ်အနေဖြင့် ရွှေဆံပင်တံတားလမ်းအကျိုးဆောင်အဖွဲ့မှ ယာဉ်ငယ်တစ်စီးဖြင့် ကျန်းမာရေးစောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး ၊မုံရွာမြို့ သံဃာအပါး(၅၀၀)ကျော်အား အရုဏ်ဆွမ်းလောင်းလှူပွဲကျင်းပ၍ ရောင်ခြည်သစ် မျက်မမြင် ပရဟိတကျောင်းတွင်လည်း အာဟာရဒါနများလှူဒါန်းသွားကြမည် ဖြစ်ပါသည်။ ဤခရီးစဉ်ကို စိတ်ပါဝင်စားသူများနှင့် လိုက်ပါကုသိုလ်ယူလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက ရွှေဆံပင်တံတားလမ်း အကျိုးဆောင်အဖွဲ့ တိပိဋကမဟာဂန္ဒာရုံကျောင်းတိုက်၊ အရှေ့ ဝါယာလက်(၂)လမ်း၊ ကမ္ဘာအေး၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန်မြို့ ၊
ဖုန်း... ၀၉-၆၄၅၀၆၅၄၊ ၀၉-၄၉၃၂၃၆၉၇ ၊၀၉-၄၃၀၀၇၇၇၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
မှတ်ချက်။ ။ ခရီးစဉ်မှာ စရိတ်ငြိမ်း (၅၅၀၀၀)ကျပ်ဖြစ်ပြီး လက်ဆောင်အနေဖြင့် တီရှပ်အကျီ င်္တစ်ထည်နှင့် ယောဂီတဘက်တစ်ထည်ကိုပါမေတ္တာလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။