Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သူ့ ကိုမချစ်ဘူး......

$
0
0

“နင့်ကိုငါ..မချစ်ဘူး..’’
ပြောပြီးသည်နှင့် မျက်နှာကို လွှဲပစ်လိုက်သည်။ သူ့ ကို လုးံဝ မကြည့်တော့ပေ။
ထိုသို့ ပြောမည် ဟုဆုြးံဖတ်ထားခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း တကယ်ပြောတော့ ထို စကားကို လျှောလျှောလျုလျု ထွက်လာ၇န် မနဲ အားယူ၇သည်။ချစ်ပါလျက်နှင့် မချစ်ဘူး ဟု ပြော၇သော ကျွန်မ၏ မုသားပြောသော နှုတ်ခမ်းတို့သည် တုန်ယင်၍ နေခဲ့သည်။ မငိုနဲ့နော်..မိမိုး..နင် မငိုနဲ့ သူ ၇ိပ်မိသွားလိမ့်မယ်…

“ မိုး..ငါ့ကိုကြည့်စမ်း…မျက်နှာကို တည့်တည့်လှည့်ပြီး ငါ့မျက်လုံးတွေထဲ ကို ကြည့်စမ်း.. ငါ့မျက်လုးံတွေထဲကို ကြည့်ပြီး ခုနကပြောတဲ့ စကားကိုပြန်ပြော..’’

ကျွန်မ.. ဝေ့၀ဲ လာသော မျက်၇ည်တွေကို သူ မမြင်စေ၇န် မျက်တောင်ကို တချက်ခတ်၍ ပုတ်ထုတ်ပစ်လိုက်သည်..။ တွေ့ လား ..သူ မယုံဘူးလေ… သူငါ့ကို သူ့ မျက်လုးံတွေထဲ ကို တည့်တည့်ကြည့်ပြီးပြောဖို့ သူ တောင်းဆိုနေပြီ…ငါ သူ့ ကို မချစ်ဘူးလို့ပြောတာကို သူ မယုံဘူးလေ…မိုး ဆိုတာ..သူ လှမ်းခေါ်၇င်ပြေးလာမယ့်
သူ လိုချင်၇င် ကြွေပေး၇မယ့် ပန်းတပွင့်လို့ သူ ထင်နေတုန်းပဲ..ပြော၇မယ်..ဘယ်လိုပဲ ဖြစ်ဖြစ်..ပြော၇မယ်..သူ ယုံအောင် ပြော၇မယ်..သူ မယုံ၇င်တောင် မိုး ဟာ သူ လိုချင်၇င် အချိန်မေ၇ွး ခူးလို့၇တဲ့ ပန်းတပွင့် မဟုတ်ဘူး ဆိုတာ သူ သိအောင်ပြော၇မယ်…
ကျွန်မ သူ့ မျက်လုးံတွေထဲ ကို တည့်တည့်ကြည့်၍ ထိုစကားလုးံတွေ ကို တလုးံချင်း အေးစက်စွာ ပြန်ပြောဖြစ်ခဲ့သည်။
နင့်..ကို..ငါ..မ..ချစ်..ဘူး……
သူ့ မျက်နှာသည် ဟန်မဆောင်နိုင်စွာ ပျက်ထွက်သွားခဲ့သည်။မျက်ခုးံနှစ်ခုသည် အဆမတန်တွန့်ချိုးလျက် ပါးပြင်နှစ်ဖက်သည် ချက်ချင်းသွေးေ၇ာင်တက်လာပြီး ဒေါသထွက်လျှင် လုပ်နေကြ အတိုင်း တောက်တချက် ကို ခပ်ပြင်းပြင်းခေါက် လိုက်လေသည်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် … ကျွန်မ ကို ခပ်စူးစူး တချက်ကြည့်ပြီး …
သေချာ၇င် ပြီးတာပဲ..နောင်တမ၇ကြေး ဟု ပြောကာ လှည့်ထွက်သွားခဲ့ လေသည်။ကျွန်မ သည် သူ့ ကျောပြင်ကို ကြည့်၇င်း ငါ နောင်တ မ၇ မှာ သေချာ၇ဲ့ လား ဟု ကိုယ့်ကိုကိုယ် ပြန်မေးဖြစ်ခဲ့ သည်။တိကျစွာ မသိခဲ့ပေ..။ အဖြေ တို့သည်ေ၀၀ါးနေခဲ့ သည်.။ နောင်တ ၇မယ် ထင်ပါ၇ဲ့ .. ချစ်သူ တယောက်ကို လက်လွှတ် ဆုးံ၇ူးံ လိုက်၇တဲ့ အတွက်..နောင်တ၇မယ်ထင်ပါ၇ဲ့။ ခုချိန် သူ့ နောက်ကို ပြေးလိုက်ပြီး ငါနင့်ကို ချစ်ပါတယ်…မချစ်ဘူး ဆိုတာ လိမ်ပြောတာပါလို့ ပြေးပြောလိုက်၇မလား…..။ဘယ်ဖြစ်နိုင်ပါ့မလဲလေ..။ သူ့ ၇ဲ့ အပြုးံတွေက ငါ့ကို လှောင်လိမ့်မယ်..။ သူ့ ၇ဲ့ နှုတ်ခမ်းတွေက ဟားတိုက်လိမ့်မယ်..။ပြီး၇င် သူ ငါ့ကို တဘ၀လုးံ နိုင်သွားလိမ့်မယ်..။သူ ပျော်သွားမယ် လို့ ငါဘာလို့ မတွေးမိ၇တာလဲ…
ကျွန်မ ကြည့်နေ၇င်းဖြင့် သူ့ ၇ဲ့ ကျောပြင် သည် တဖြည်းဖြည်းမြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့ သည်..။ သွားပြီပေါ့…ငါမြင်ချင်ခဲ့တဲ့အပြုးံတွေဟာ
အခုတော့ ငါ့ကို စွန့်ခွာ သွားပြီပေါ့…..
****************************************
မျက်ခုးံထူထူ ၇ယ်လိုက်၇င် အပြစ်ကင်းတဲ့ သူ ဟု ကျွန်မသည် သူငယ်ချင်းများ ၏ေ၇းပေးပါ စာအုပ်ထဲတွင် အော်တိုေ၇းတိုင်း အချစ်ဆုးံသူ နေ၇ာမှာ ထိုသို့ ထည့်ေ၇းဖြစ်ခဲ့ သည်.။ သူ က ဟိတ်..အဲဒါ နင် ငါ့ကိုေ၇းတာ မလား ဟု နောက် သလို ပြောင် သလို အမြဲတမ်း ပြောတတ်လေသည်။ တကယ်တော့ လည်း သူ့ ကိုေ၇းတာပဲ ဖြစ်သည်။ သို့သော် အံမယ်.. ဘာလို့ နင့်ကိုေ၇း၇မှာလဲ ..ဟု ပြန်ပြောဖြစ်ခဲ့ သည်။
သူကတော့ ကျွန်မ ၏ေ၇းပေးပါ စာအုပ်ထဲ တွင် သူ၏ အချစ်ဆုးံ သူ ကိုေ၇း၇ာတွင် နင်..မဟုတ်ဘူး…ဟုေ၇းခဲ့ လေသည်..။ တကယ်တော့ သူေ၇းတာသည် အမုန်းဆုးံ သူ နေ၇ာတွင်လဲ နင်..မဟုတ်ဘူး… ဖြစ်ပါသည်..။ သို့သော် ကျွန်မကတော့ သူ ၏ အချစ်ဆုးံ သူ နေ၇ာ တွင် နင်.. မဟုတ်ဘူး ဆိုသည့် စာတန်းကိုသာ မြင်ပါသည်.။
(ကြည့်သော သူ သည် မြင်ပါသည်.။) ကျွန် မသည် လိုက် ကြည့် ခဲ့ မိသည် ထင်ပါသည်..။
သူ သည် မ၇ည်၇ွယ်ဘဲနှင့် ( သို့မဟုတ်) သူ ၏ နှလုးံသားတွင် အမြစ်တွယ် နေသည့် ကျွန်မ သည် သူ့ ကို ညွှတ်နေသည် ဆို သည့် အတွေး.အတိုင်း..အမှား များစွာ ကို အကြိမ်ကြိမ် အခါခါ ကျုး လွန် ဖူး ခဲ့ လေသည်.။ ကျွန်မ ၏ ခံ စားချက် ကို တစက် မှ မတွေးပေးခဲ့ ပေ..။
အဲဒီနေ့ က ကျွန်မတို့ သူ ငယ်ချင်း တွေ ကန်တော် ကြီး ကို အလည်သွားသော နေ့ ဖြစ်သည်။ အုပ်စုလိုက်ကြီး လမ်းလျှောက် ကြ၇ာတွင် သူ နှင့် ကျွန်မ သည် သူ ငယ်ချင်းအုပ်စုကြီး ၏ အေ၇ှ့ ခပ်လှမ်းလှမ်း သို့ေ၇ာက်၇ှိနေခဲ့ သည်..။ သူ နှင့် ကျွန်မ
ဘာအကြောင်းပြောဖြစ်ခဲ့ လဲ မမှတ်မိတော့ပါ…။တစုံတခု ကို စိတ်ပါဝင်စားစွာ ပြောဆိုနေခဲ့ ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူ ငယ်ချင်းတွေထဲ က တယောက်က
ကျွန်မ တို့ကို ထိုသို့ လှမ်း အော်စ ခဲ့ လေသည်..။
. “ ဟေ့..ေ၇ှ့ကနှစ်ယောက် ငါတို့ကို စောင့်ဦးဟ …
ဘာတွေ ဆွေးနွေးတိုင်ပင်နေတာလဲ ..လုပ်မနေပါနဲ့ ကွာ…မင်းတို့က ဟုတ်တာလဲ မဟုတ်ဘဲနဲ့…ဟုတ်ချင်ယောင်ဆောင်မနေပါနဲ့ ” ..ဟူ၍ဖြစ်သည်..။ ထိုအခါ သူ က နောက်ကိုလှည့်၍
“ဘာ မဟုတ်၇မှာလဲကွ…..ငါတို့က ဟုတ်ချင်၇င် အချိန်မေ၇ွး ဟုတ်လို့ ၇တယ်”
ဟု ပြန် အော် ပြောခဲ့ လေသည်..။ထို အခါ ထို သူ ငယ်ချင်းက တဟားဟား၇ယ်၍ “..ဟား..ဟား..၇န်နိုင်တို့ က ပိုင်တယ်ကွာ. ... ဟုတ်ချင်၇င် အချိန် မေ၇ွးဟုတ်လို့  ၇တယ်...ဟုတ်လား..ဟေ့ကောင်” ဟု ပြန် စလေသည်..။ကျွန်မ သည် မျက်နှာ တပြင်လုးံ ပူ နွေး သွားလျက် ဘာဟုတ်ချင်၇င် အချိန်မေ၇ွးဟုတ်လို့ ၇တယ်လဲ ဟု သူ့ ကို မေး သော အခါ သူ က ကျွန်မ ကိုယ်ကို တချက် တွန်းတိုက်လျက်..မဟုတ်လို့လား ….ဟု တဟားဟား ၇ယ်၇င်း မျက် လုးံ ကို မှေးစင်းလျက် ပြောလေသည်.။ထိုအချိန်တွင် ကျွန်မ နှစ်သက်ခဲ့ ဖူးသော သူ ၏ ၇ယ်သံ များသည် ကျွန်မ အတွက် ကြောက် စ၇ာ လှောင်၇ယ်သံများ ဖြစ်သွား ခဲ့ သည်ကို သူ မှ သိပါလေစ..ကျွန်မ သည် ကျွန်မ အပေါ်တွင် ထား၇ှိသော သူ ၏ သဘောထားကို အံ့သြ စွာ..၀မ်းနည်းစွာ သိ၇ှိခဲ့ ၇လေသည်။တကယ်တော့ မိုးဆိုသောကျွန်မသည် သူ ကျောင်းပျက်လျှင် သူ့ အတွက်အမြဲတမ်းစာကူးပြီးသားဖြစ်နေတတ်သော..သူ့ အတွက်ဆိုလျှင် အမြဲတမ်း အဆင်သင့် ၇ှိနေတတ်သော..သူ့ ဂျုတီကုတ်ကို အမြဲတမ်းခေါက်ပေးတတ်သော..သူ စာမ၇လျှင် အမြဲတမ်း ၇ှင်းပြတတ်သော..သူ လှည့်ကြည့်လျှင် သူ ဘေးနားတွင် အစဉ်အမြဲ၇ှိနေတတ်သော…မိုးဖြစ်သည်..။ထိုကဲ့သို့ သောမိုး သည် သူလိုချင်လျှင် အချိန်မေ၇ွး ၇ွာပေးသော ခပ်ညံ့ညံ့ မိုး စက် မိုးပေါက်များ ဖြစ်နေပါေ၇ာလား….
တကယ်တော့ ကျွန် မသည် သူ က “မိုးေ၇” ဟု ခေါ်လျှင်သူ့ အတွက်ေ၇ ပါ ခပ်ပြီးေ၇ာက်လာချင်ခဲ့သော သူ မျိုး ဖြစ်သည်..။ မိုးေ၇..ဟု သူခေါ်သော အသံလောက် ကျွန် မသည် ဘယ် အသံကိုမှ ပိုနားထောင်မကောင်းခဲ့ပေ… သူ ကျွန်မ ကို ပြုးံပြသော အပြုးံလောက် ဘယ်အပြုးံကိုမှ ပိုချိုသည် ဟု မထင်ခဲ့မိပေ…ထိုကဲ့ သို့ သူ့ အတွက်ဆိုလျှင် ကျွန်မသည် အ၇ာ၇ာ ကို မေ့လျော့ထားနိုင်လောက်အောင် တန်ဖိုးထား မြတ်နိုးခဲ့သော်လည်း သူကတော့ သူ ငယ်ချင်းများေ၇ှ့တွင် ကျွန်မ ကို သူ ၏ ပြက်လုးံ တခုလောက်သာ သဘောထားသူ ဖြစ်လေသည်…မိုးသည် သူ ပြောလျှင် သူ့ စကားတခုကိုသာ နားထောင်၇မည်..သူ မသွားနှင့် ဆိုလျှင် မိုးသည် တုတ်တုတ်တောင် မလှုပ်၇ဲ၇…သူ မကြိုက်ဘူးဆိုလျှင် မိုးသည် ဘာကိုမှ မလုပ်၇ ဟု သူ့ ကိုယ်သူ ဂုဏ်ယူချင်သော သူ ဖြစ်သည်..တကယ်လည်း ကျွန်မ သည် ထိုကဲ့ သို့ သူ့ အပြုးံတခုနှင့်သာကျေနပ်ခဲ့ပြီး သူ့ စကားကို ဘယ်တော့မှ ဂလန်ဂဆန်မလုပ်ခဲ့ပေ…
သိုသော် ထို အ၇ာများသည် သူ က ကျွန်မကို ဘယ်လို သဘောထားသည် ဟု မသိခင်တုန်းကဖြစ်သည်..။
သူ ၏ သဘောထားများ ကို အံ့သြစဖွယ် သိ၇ှိခဲ့ ပြီးနောက်တွင်တော့ သူ့ အပေါ် ထား၇ှိသော ကျွန်မ ၏ တွယ်ငြိမှုများကို တတ်နိုင်သမျှဝှက်ထား၇န် ကြိုးစားခဲ့လေသည်။
ကျွန်မ သည် သူ ၏ မှတ်စု စာအုပ်တိုင်း၏ ပထမဆုးံ စာမျက်နှာတွင်
ကျွန်မ ၏ လက်မှတ်ကို အမြဲတမ်းထိုးပေးတတ်သည်..သူက ပေးသော တာဝန်တော့ မဟုတ်ပေ…။ သူ နှင့် ကျွန်မ ခင်ပြီး တက္ကသိုလ် ပထမနှစ်ထဲက ထို အကျင့်ကို လုပ်ခဲ့ခြင်းဖြစ်သည်..သူ စာကျက်တိုင်း ကျွန်မ ကို သတိ၇စေချင်သော စိတ်နှင့်ဖြစ်သည်..သို့ သော် နောက်ပိုင်းတွင်တော့ ကျွန်မ လက်မှတ်မထိုးပေးဘဲ မသိချင်ယောင် ဆောင်နေခဲ့သည် ..သူ က သတိထားမိသော်လည်း ကျွန်မ ကို ဘာမှ မပြောပေ..။practical ခန်းထဲေ၇ာက်၍ ဂျုတီကုတ် သူ ၀တ်တိုင်း ကျွန်မ က အသင့်ဆောင် လာတတ်သော လက်ကိုင်ပ၀ါ အဖြူလေးပေးတတ်သည်… သူ့ ဂုတ်ပိုးနှင့် ဂျုတီ ကုတ်ကြား ထိုလက်ကိုင်ပ၀ါလေးခံထား၇န်ဖြစ်သည်..(ချွေးထွက်လျှင် ဂျုတီကုတ်ကို မပေစေ၇န်ဖြစ်သည်)…။ထိုကဲ့သို့ ကျွန်မ ပေးတိုင်း သူ က အလိုက်တသိ ဘာမှ မပြောတတ်သော်လည်း ကျွန်မ နောက်ပိုင်း ထိုသို့ မပေးတော့သော အခါတွင်တော့ အံကိုကြိတ်၍ ဒေါသကို မျိုချနေခဲ့လေသည်..။သူငယ်ချင်းများနှင့် ကန်တင်း ထိုင်တိုင်း ကျွန်မသည် သူ့ ဘေးနားတွင် အစဉ်အမြဲ နေ၇ာယူ ထိုင်လေ့၇ှိသည်…သူ ကော်ဖ်ီမှာပြီဆိုလျှင်ေ၇နွေးဖြူတခွက်နှင့် ကော်ဖီမစ်တထုပ်သာေ၇ာက်လာသော်လည်း ကျွန်မ သည် ထိုကော်ဖီမစ် ကို ကိုယ်တိုင်ဖောက်၍ ဖျော်ပေးတတ်သည်။သို့သော်နောက်ပိုင်းတွင် တော့ ထို ကဲ့
သို့ သောအပြုအမူများကို တတ်နိုင်သမျှ ထိန်းချုပ်ခဲ့လေသည်..။သူ သည် လည်း အနည်းငယ်အံ့သြသော်လည်း ကျွန်မ ၏ အပြုအမူများကို အေ၇းမထားဟန်ဖြင့်သာ ဟန်လုပ်နေလေသည်..
သို့သော် သူ သည် တနေ့တွင်တော့ ကျွန်မ ကို ထိ၇ှစေသော စကား တခွန်းကို ပြောခဲ့ ပါသည်.။အဲဒီ နေ့ က ၇ာသီဥတုသည် မိုးတဖျောက်ဖျောက်၇ွာ ပြီး အုံ့ အုံ့ မှိုင်းမှိုင်း ဖြစ်နေသော်လည်း နောက်ထပ်မ၇ွာသော အခါ အလွန်ပူ အိုက်၍ နေလို့မကောင်းသော အခြေအနေ ဖြစ်သည်..။ အတန်းတချိန်ပြီး၍ ဆ၇ာ ခဏ မလာသေးချိန်တွင် ကျွန်မတို့သူငယ်ချင်းတွေ ထုးံစံအတိုင်း အတန်းေ၇ှ့ ကော်၇စ်ဒါတွင် စကားပြောနေခဲ့ကြသည်..။ သူက တော့ ကော်၇စ်ဒါ လက်၇န်းကို မှီလျက် ကျွန်မ တခြားသူငယ်ချင်းတယောက် (သီတာ)ကို
ညက ကြည့်ခဲ့သော ၇ုပ်၇ှင် အကြောင်းပြောပြနေသည် ကို ခပ်တည်တည် စိုက်ကြည့်နေခဲ့သည်..။ခဏနေတော့ သူ က ကျွန်မ စကားကို ဖြတ်၍
“အဲဒီတော့ ဘာဖြစ်လဲ ..နောက်ဆုးံတော့ မင်းသမီးနဲံ မင်းသားနဲ့ ညားေ၇ာ မလား…ဇာတ်သိမ်းကတော့ ဒါပဲ ..ဘာမှ ထူးတာလဲ မဟုတ်ဘူး...အဲဒါကိုပဲ ဝေ့နေတာ....ဒါပေမဲ့ ကိုး၇ီးယားကားတွေထဲ မှာ ငါကြိုက်တဲ့အခန်းတော့ ၇ှိတယ်…မင်းသမီးက စပြီး မင်းသားကို ၇ည်းစားစကားပြောတာလေ…နင်အဲဒါကြတော့ အတုမခိုးဘူး..ဒါပေမဲ့ နင်က ဂျုးဝတ္တု တွေလဲ ဖတ်တယ် ဆိုတော့
နင်က ကိုး၇ီးယားကားနဲ့ ဂျုးဝတ္တုကြား အူလည်လည်ဖြစ်နေတာပေါ့…နင်က တကယ်တော့ အူလည်လည်ပါကွာ မိုး၇ာ…အခုပဲ ကြည့်…. ၇ွာ မလိုလို..မ၇ွာမလိုလိုနဲ့ …မိုးဆိုလဲ မိုးကျင့်မိုးကြံတော့ ကြံပေးပေါ့..၇ွာ၇င်လည်း၇ွာချလိုက်…
မ၇ွာ၇င်လည်းအစတည်းက မ၇ွာနဲ့ကွာ..အခုတော့ လူကို ပူအိုက်အိုက်ဖြစ်စေတယ်…ငါ အဲလိုပုံစံကို အမုန်းဆုးံပဲတဲ့ …”
ပြောပြီးသည်နှင့် သူ က အတန်းထဲသို့ ၀င်သွားခဲ့သည်..။ကျွန်မ ကသာ ဘာမှ ပြန်ပြောခွင့် မ၇လိုက်ပေ..။ သီတာကတော့ ..ဟဲ့ နင်နဲ့ ၇န်နိုင် ၇န်ဖြစ်ထားလား..အဲဒီကောင် ဘာတွေ ပြောသွားတာလဲ တဲ့…သီတာ မသိပေမဲ့ ကျွန်မကတော့ သူ ပြောတဲ့ အဓိပ္ပာယ်တွေကို နားလည်ခဲ့ပါသည်..။မိုးဆိုလဲ မိုးကျင့်မိုးကြံတော့ ကြံပေးတဲ့…အခုတော့ ၇ွာမလိုလို..နဲ့ မ၇ွာတော့ သိပ်မုန်းစ၇ာကောင်းတယ်ဆိုပဲ….
ကျွန်မများ နားကြားလွဲခဲ့လေသလား…သူက ဘာကိုမျှော်လင့်နေပါသနည်း…
မိုးကျင့်မိုးကြံ မကြံတဲ့ မိုး..အူလည်လည်လုပ်နေတဲ့ မိုး…၇ွာချင်၇က်နဲ့ ဟန်လုပ်နေတဲ့
မိုးလို့ သူကထင်တယ်ပေါ့….မိုးက ဟန်လုပ်နေတဲ့ မိုး မဟုတ်ဘဲနဲ့ တကယ်မ၇ွာတဲ့ မိုးဆို၇င် နင်..ဘယ်လိုလုပ်မလဲ..၇န်နိုင်၇ယ်..ဟု ကျွန်မေ၇၇ွတ်ခဲ့မိလေသည်..
နေ့၇က်များသည် တဖြေးဖြေး တင်းမာစ ပြုလာခဲ့သည်.. သူသည် ကျွန်မကို နားမလည်ခဲ့ပေ..။ကျွန်မ သည် ဟန်လုပ်နေခြင်းမဟုတ်ဘဲ ကျွန်မ ၏ သိက္ခာကို ကာကွယ်နေခြင်း ဆိုသည် ကို သူ နားမလည်ပေ..ယောကျာ်းလေးတယောက်က မိန်းကလေးတယောက်ပေါ်မှာ ထားသော တန်ဖိုးထားသည့် စိတ်ကို ၇ယူလိုခြင်း ဆို သည် ကို သူ နားမလည်ပေ..။ သူ သည် ယူတတ်သော သူ သာ ဖြစ်ပြီး ပေးဖို့ကို တွန့်တိုချင်သော သူ ဖြစ်သည်..။
အဲဒီ့နောက် ကျွန်မ နှင့် သူ စကား သိပ်မပြောဖြစ်တော့ပေ…။
သူ ငယ်ချင်းတွေ က ကျွန်မတို့ ထိုသို့ မကျေမလည်ဖြစ်ခြင်းကို သိသော်လည်း
ကျွန်မတို့ ဘာကြောင့် ထိုသို့ ဖြစ်သွားလဲ တော့ နားမလည်ပေ။..တကယ်တော့ ကျွန်မ သည် အမေး မ၇ှိသော ပုဒ်စ္ဆာ ကို အဖြေမထုတ်လိုခြင်းသာ ဖြစ်သည်..ကျွန်မ သည်
သူ့ အတွက် ( ကျွန်မ ချစ်သော သူတယောက်အတွက်) အခွင့်အေ၇းတခုသာ ဖြစ်၇မည်..သူသည် ထိုအခွင့်အေ၇းကို မက်မက်မောမော၇ယူလို၇မည်..
အခွင့်အေ၇းသည် ဘ၀တွင်တခါပဲလာသည်…ကျွန်မ သည် သူ့ ဘ၀အတွက် တခါထဲသာ ၇ှိသော အခွင့်အေ၇း တခုဖြစ်၇မည်..သူ မသိလျှင်တော့ ၇ှိစေတော့ ..
“ မိုး၇ယ်..နင်တို့ကြား..ငါခေါင်းကိုက်တယ်..ဒီလောက် ၇င်းနှီးကြတဲ့၂ယောက် ဘယ်လိုဖြစ်၇တာလဲ…ငါနားမလည်ဘူး…ပြီးတော့ မိုး…
နင်စိတ်မဆိုးဘူးဆို၇င် ငါ စကားတခွန်းလောက်ပြောချင်တယ်..”
ကျွန်မ က ပြောလေ..ဟုဆိုတော့ ကေခိုင်က
“ နင် ..၇န်နိုင်ကို မချစ်ဘူးလား…”
“ အဲဒါ နင်မေး၇မှာ မဟုတ်ဘူး..ကေ. …ငါ အဲဒါကို မဖြေချင်ဘူး..’’
“ ဒါဆို သူ မေး၇င်ေ၇ာ နင်ဖြေမှာလား…”
“ဟင့်အင်း..ကေ..နိမိတ်ပြ မေးခွန်းတွေ နင် ငါ့ကို မမေးပါနဲ့ ..သူ အဲဒါကို မမေးခင်မှာသူ အ၇င်ဘာပြောသင့်တယ်ဆိုတာ နင်နားလည်သင့်တယ်…”
“ မိုး၇ယ်…နင့်ကို ငါပြောမယ်…တခါတလေ အချစ်မှာ စကားလုးံတွေ မလိုဘူးကွဲ့ ..
ချစ်သူ တွေ ဆိုတာ…တယောက်ကို တယောက်ချစ်၇င်ပြီးတာပဲ”
“ဒါဆို သူ ဘာမှ မပြောဘဲနဲ့ ငါ က သူ့ ကို ချစ်သူ အဖြစ် ၊သူကလဲ ငါ့ကို ချစ်သူ အဖြစ် နားလည်စွာ သတ်မှတ်လိုက်၇မယ် လို့ဆိုလိုတာလား..ကေ..နင်ပြောတဲ့ နားလည်မှုဆိုတာကို ငါနားမလည်သေးဘူး..ငါလဲ အ၇င်ကတော့ ဒီလိုပဲ စကားလုးံတွေ မလိုတဲ့ နားလည်မှု အချစ်ကို ခပ်ယောင်ယောင်မျှော်လင့်ခဲ့ဖူးပါတယ်..ကေ ၇ယ်..ဒါပေမဲ့ ၇န်နိုင်က ဒီလို လူမျိုး မဟုတ်ဘူး…ငါတို့ နှစ်ယောက် ကြားက အကြောင်းအ၇ာကို ငါပဲ သိတယ်..ငါအခုလိုချင်တာ သူ့ ဆီက စကားထက် တန်ဖိုးထားခြင်းဆိုတာကိုပဲ..ဒါပေမဲ့ ခုချိန် သူ ပြောခဲ့၇င်တောင် ငါ့ဆီမှာ အဖြေ မ၇ှိတော့မှာ ငါကြောက်တယ်….”

ဟုတ်သည်..နောက်ပိုင်းတော့ သူ့ ကို ဖြေဖို့ အတွက် အဖြေ ဆိုတာ ကျွန်မ ဆီမှာ
ပါးလျလို့ လာခဲ့သည်..ကျွန်မသည် ထိုအချိန်ထိ သူ့ ဆီက တစုံတ၇ာ ကိုမျှော်လင့်ခဲ့သော်လည်း ထိုအ၇ာ သည်ေ၇ာက်မလာခဲ့ပေ…သို့သော် ထိုအ၇ာကို မျှော်လင့်ခဲ့သော ကျွန်မ သည် တနေ့တွင်တော့ ထိုအ၇ာဖြင့် လုပ်ကြံခြင်းကို ၇က်စက်စွာ ခံခဲ့၇လေသည်…
အဲဒီ နေ့ က သူ ငယ်ချင်းတွေက အပြင်ကို လျှောက်မသွား၇တာလဲ ကြာလှ ပြီ ဖြစ်သည့် အပြင် သူ နှင့် ကျွန်မ ကြားမှာ ၇ှိသော တင်းမာ မှုကို လျှော့ချ၇န်အလို့ဌာ ကန်တော်ကြီး ကို သွားကစားကြမည် ဟုတိုင်ပင်ခဲ့ကြလေသည်။ အဲဒီ့ နေ့က သူ က မှုန်ကုပ်ကုပ် ဖြင့် ပါလာခဲ့သည်။ ကျွန်မ ကလဲ သူ့ ကိုမျက်နှာချင်းဆိုင် မတွေ့ ၇တာ ကြာပြီ ဖြစ်သဖြင့် ထိုနေ့ ကတော့ စိတ်ကို အ၇ှင်းဆုးံထား၍ လိုက်ပါလာခဲ့ပါသည်..။ထိုနေ့ ကသာ သူ့ ကို ပထမဆုးံ အကြိမ် မုန်းတီးမိမည် ဟု သိလျှင် လိုက်လာခဲ့မိမည် မဟုတ်ပေ…
ကျွန်မတို့ တွေ အစကတော့ သိပ်ပျော်၇ွှင်ခဲ့သည်…ကျွန်မ တို့ ပါဆယ်လ်ဂိမ်း ကစားကြသည်..။သိပ်စကားမပြောသော သူ နှင့်ကျွန်မတောင် မျက်လုးံချင်း ဆုံ၍
ပြုးံခဲ့မိသေးသည်…အဲဒီနောက် ဘွတ် ၇ွှတ် ဒိုင်း ကစားကြသည်..။အဲဒီတုန်းက သူ ကတောင် မိုးဘက်ကပဲ နေမယ် ဟု ပြောတော့ သူ ငယ်ချင်းတွေကတောင် ၇န်နိုင်တို့ကတော့ ဇာတိပြလာပြီဟေ့ ဟုတောင် နောက်ခဲ့သေးသည်…ကျွန်မကတော့ သိပ်ပြုးံချိုပြီး ပျော်နေပုံ၇တဲ့ သူ့ ကို ကြည့်ပြီး..ကျွန်မ သူ့ အပေါ်ထားမိသော သဘောထားသည် မှားများ မှားယွင်းနေလားဟုတောင် မယောင်မလည်တွေးမိသေးသည်..အဲဒီနောက် ကစား၇င်း သူ နှင့်ကျွန်မ ကျေလည်လာသည် ဟုထင်ပါသည်..ကျွန်မတို့ အချင်းချင်းတောင်
ပြန်နောက်ပြောင်နေခဲ့သေးသည်…အဲဒီနောက် ကျွန်မ တို့ ကစားလို့မော
၍ ခဏနားချိန်တွင်..ကျွန်မက ခုံတခုပေါ်မှာထိုင်နေခဲ့၍ သူက ကျွန်မေ၇ှ့ ခပ်စောင်းစောင်းနေ၇ာတွင် မတ်တပ်၇ပ်နေခဲ့သည်။ကျွန်မဘေးတွင် ကေ ဟု ကျွန်မခေါ်သော ကေခိုင်က ထိုင်နေခဲ့သည်…ထိုအချိန်တွင်ကျွန်မ ကို သူက ငေးကြည့်နေခဲ့သည်..သူငေးကြည့်နေသည်ကို ကျွန်မ အစကတော့ မသိခဲ့ပေ..
ချွေးတွေဖြင့် ၇ွှဲအိုက်နေသောကြောင့် လက်ဖြင့် မျက်နှာ ကို လေတဖျတ်ဖျတ်ခပ်နေခဲ့၍ဖြစ်သည်…သူ ငေးကြည့်နေသည်ကို ကျွန်မ အမှတ်တမဲ့ သတိပြုမိသွားပြီး..သူ့ ကိုပြန်ကြည့် မိသောအခါ သူသည် ကျွန်မဆီမှ မျက်နှာကိုလွှဲ့ မသွားပဲ..ကျွန်မ မျက်လုးံတွေထဲ သို့ သာ စိုက်၍ ကြည့်နေခဲ့ လေသည်..။ ထိုခဏ တွင် ကျွန်မ သည် အ၇ာ၇ာ အားလုးံကို မေ့သွားပြီး သူ့ မျက်လုးံတွေထဲမှ တစုံတ၇ာ ကို ၇ှာဖွေနေမိသည်..ထိုကဲ့ သို့  သူ နှင့်ကျွန်မ မျက်လုးံချင်း ဆုံမိသောခဏ၊ စိတ်ချင်း အားပြိုင်မိသော ခဏ သည် တော်တော် ကြာ သည် ဟု ထင်ခဲ့မိပါသည်
..ကျွန်မ တို့ ကြား၇ှိ တစုံတ၇ာ သည် ထွက်ပေါ် လာတော့ မည် ဟု ကျွန်မ၏
စိတ်ထဲတွင် ခံစားလိုက်မိသည်..သူသည် ထိုအချိန်တွင် ကျွန်မေ၇ှ့ကို ဒူးတဖက်ထောက်လျက် ထိုင်ချလိုက်ပြီး…ကျွန်မ ၏ လက်တဖက် ကို ဆွဲယူ၍ ကိုင်လိုက်ပြီး ကျွန်မ မျက်လုးံတွေထဲ သို့ စိုက်ကြည့်၍
မိုး..ငါ နင့်ကို ချစ်တယ် …
ဟု ပြောလေသည်… ကမ္ဘာလောက ကြီး ခဏ တိတ်ဆိတ်သွားသည် ဟု ထင်ပါသည်..နူးညံ့သော ချစ်ခြင်းတ၇ားသည် ကျွန်မ ၏ ၇င်ထဲ သို့ တိုးဝင်လာခဲ့ လေသည်…ကျွန်မ ၏ နှလုးံသားသည် တဒိတ်ဒိတ်နှင့်တိုး၍ ခုန်လာပြီး…ကျွန်မ ၏ ပါးပြင်ပေါ်သို့ နှင်းဆီ တခင်းဖြတ်ပြေးသွားခဲ့သည် ..ဟုတ်သည် ..ကျွန်မ ၇ှက်သွားမိ၍ ၇ှက်ပြုးံလေးပြုးံလိုက်မိပါသည်…ထိုခဏတွင် သူ သည် ၇ုတ်တ၇က် ကျွန်မ ၏ လက်ကို လွှတ်ချလိုက်ပြီး…သူ့ မျက်နှာပေါ်တွင် ကျွန်မ တခါမှမမြင်ဘူးသော၊ အမျိုးအမည် မခွဲခြားတတ်သော အပြုးံကို ပြုးံပါသည်….ထို့နောက် သူ က မတ်တပ်၇ပ်လိုက်ပြီး
ထို အပြုးံအတိုင်းပြုးံနေ၇ာမှ တဟားဟား ၇ယ်ချလိုက်လေသည်… ထိုအချိန်တွင် ကျွန်မ သည် လုပ်ကြံခံလိုက်၇ပြီဟု အတပ်သိလိုက်ပါသည်…ထိုနေ၇ာမှ အငွေ့ အဖြစ် ပျောက်ကွယ်သွားချင်သော စိတ်သည် ..ထိုအချိန်တွင် အဖြစ်ချင်ဆုးံ ဆန္ဒ ဖြစ်သည်…ကျွန်မသည် ၇ယ်နေသော သူ့ မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့မိသည်…မျက်လုးံတွေ ၀ါးလာပြီဟု သိတော့မှ ကျွန်မ မျက်၇ည်တွေ
စို့ နေမှန်း သိတော့သည်…နင် ဘာလုပ်လိုက်တာလဲ ၇န်နိုင်…နင် ဘာဖြစ်
လို့ ၇ယ်ချလိုက်တာလဲ…..ကျွန်မ မေးချင်သော မေးခွန်းကို ကျွန်မ ဘေးနားတွင် ထိုင်နေသော ကေခိုင်က မေးခဲ့ပါသည်..။
“၇န်နိုင် ..နင်အဲဒါ ဘာလုပ်တာလဲ…”
တကယ်တော့ ကေခိုင်က ကျွန်မ မျက်နှာကို ကြည့်၍ အခြေအနေကို ၇ိပ်မိသွားပြီး ဒေါသသံဖြင့် မေးလိုက်ခြင်းဖြစ်သည်။ထိုအခါ သူ က တဟားဟား၇ယ်၇င်း…
“ဟားဟား… ငါ မိုးကို စ လိုက်တာပါဟာ…” တဲ့
သြ ..စတာတဲ့လား..မိုးသည် သူ စ ပြီး ပြောသော စကားကိုတောင် ဟန်မဆောင်နိုင်လောက်အောင် မက်မောခဲ့မိသည် ထင်ပါသည်…အဲဒီနေ့ က
သူ ငယ်ချင်းတွေ အားလုးံသည်လည်း အခြေအနေကို ၇ိပ်စားမိ၍…မျက်နှာ မကောင်းကြပေ…။ကျွန်မ သည် လည်း ပြန်လာသည့် အချိန်ထိ စိတ်ကို တင်းထား၇သော်လည်း ငိုချလိုက်ချင်သော စိတ်သည် ၇ှက်၇ွံ့ ခြင်းနှင့်တကွ အားပြိုင်နေခဲ့သည်..။ဟုတ်သည် ..ထိုနေ့က ကျွန်မသည် သူ ပြောသော စကားတခွန်းကို ၇ှက်ပြုးံလေးပြုးံခဲ့မိသည့်အတွက် အလွန်အ၇ှက်၇ခဲ့ပါသည်…။ထိုအချိန်မှ စ၍ မိုးသည် သူ့ အတွက် ဘယ်တော့မှ မဖြစ်စေ၇ ဟု ဆုးံဖြတ်ချက်ချခဲ့လေသည်..။
အချိန်တွေသည် တော်တော် ကြာခဲ့ပါသည်..။ကျွန်မ သည် သူ့ ကို တတ်နိုင်သမျှ
မျက်နှာချင်းတောင် မဆိုင်ချင်လောက်အောင် စိတ်နာခဲ့မိသည်..။သူ သည် လည်း နောက်ပိုင်းတွင်တော့ တဇွတ်ထိုးစိတ်ဖြင့် ကျွန်မ ကို အ၇ှက်၇စေခြင်းအပေါ်
နောင်တ၇နေသည်ဟု ပြောပါသည်..။ကျွန်မ ကိုလည်း ပြန်တောင်းပန်ခဲ့သည်..အ၇င်လိုပဲ သူ ငယ်ချင်းတွေ ပျော်ပျော်၇ွှင်၇ွင် ပြန်နေကြတာပေါ့ ဟူ၍ ပြောသဖြင့် ကျွန်မလည်း ထိုသို့ပြန်နေပေးခဲ့ပါသည်..သို့ သော် သူ ပေးခဲ့သော စိတ်ဒဏ်၇ာ သည် ပျောက်သွားလိမ့်မည် မဟုတ်ဟု သူ ဘာကြောင့် မထင်ခဲ့ပါသနည်း..။ ကျွန်မ၏ အသည်းနှလုးံသည် အခုချိန်တွင်တော့ သူ နှင့်ပတ်သက်လျှင် မာကျောတတ်ခဲ့လေပြီ…သူ ဖျားလျှင်တောင်
ကျွန်မ တချက် မမေးဘဲ နေတတ်ခဲ့လေပြီ…..
ဖာ၇ာထေး၇ာတွေ တင်းတင်း၇င်း၇င်းပြန်ဖြစ်၇ုံနဲ့တော့ အင်္ကျီ က သစ်မသွားဘူး …တဲ့..သိပ်ကြိုက်ခဲ့ဖူးသော ၀တ္တုတစ်အုပ်ထဲမှ စာသားဖြစ်သည်…။ကျွန်မ ၏ နှလုးံသားသည် လည်း ထိုကဲ့သို့ပင်ဖြစ်လေသည်..။ သူပေးခဲ့သော စိတ်ဒဏ်၇ာများဖြင့် ပြည့်နှက်ခဲ့ဖူးသဖြင့် အချိန်မည်မျှကြာစေကာမူ နဂို မူလအတိုင်းတော့ ပြန်မဖြစ်နိုင်တော့ပေ။သူနှင့်ပတ်သက်လျှင်ကျွန်မ ဘက်ကကျောခိုင်းပြီးဖြစ်နေပြီ ကို မသိသော သူ သည်…အခုမှ တကယ်မ၇ွာတော့သော မိုးကို မျှော်စ ပြုလာပြီ ဖြစ်လေသည်..။သူ ၏အကြည့်များကို လွဲဖယ်၇င်း စိမ်းကားလာသော ကျွန်မ ကို သူ သည် ထိတ်လန့်စပြုလာ၇င်း တနေ့တော့ မိုးကို ပြောစ၇ာ၇ှိတယ် ဟု ကေခိုင်က တဆင့်ချိန်းခိုင်း၍ ကျွန်မ တို့ နှစ်ယောက်တွေ့ ဖြစ်ခဲ့ကြလေသည်။သူ့ ဆီမှ ကျွန်မ ၇င်ခုန်မျှော်လင့်ခဲ့ဖူးသော စကားကို ဒုတိယ အကြိမ် အတည်အတန့်  ကြားခဲ့၇သော်လည်း အံ့သြစ၇ာကောင်းလှစွာ အ၇င်လောက် မက်မောမှုမ၇ှိတော့သည်ကို ခံစားခဲ့၇လေသည်..။
မိုး ဒီတခါ တကယ်ပြောတာနော်…
ဟု သူက ခပ်ပြုးပြုးံ( အနည်းငယ်၇ှက်နေဟန်ဖြင့်) ပြောသော်လည်း..ကျွန်မ သည် တခါက သူ၏ ခပ်လှောင်လှောင်၇ယ်ခဲ့ဖူးသော မျက်နှာ ကိုသာ ပြန်မြင်ယောင်မိလေသည်..။နောက်ကျသွားပြီ ၇န်နိုင်ေ၇ ဟု စိတ်ထဲမှေ၇၇ွတ်မိ၇င်း သူ ၏ မျက်နှာကိုသာနောက်ဆုးံအကြိမ် စိုက်ကြည့်နေမိသည်…။
သူက ကျွန်မ စိုက်ကြည့်နေသည် ကို ခပ်အမ်းအမ်းဖြစ်၇င်း
“ခုချက်ချင်းပြောစ၇ာ မလိုပါဘူး..မိုး၇….ငါစောင့်နိုင်ပါတယ်..”
ဟုသူပြောချင်၇ာကိုသာဆက် ပြောနေလေသည်။ကျွန်မ က ခေါင်းတချက်ခါလိုက်၇င်း
“ဟင့်အင်း..ငါခုပဲ နင့်ကို အဖြေပေးမယ်.”.
သူက အနည်းငယ်အံ့သြဟန်ဖြင့် ပြီးတော့ အနည်းငယ်လည်းစိုး၇ိမ်သွားပုံဖြင့်
“မိုး..” ဟု ခေါ်လေသည်..
သူ ပြောမည့် စကားကို ကျွန်မ ဆက်နားမထောင်တော့ဘဲ…
နင့်ကို ငါ မချစ်ဘူးဟု ပြန်ပြောဖြစ်ခဲ့သည်..။သူ၏ ဖြစ်ပျက်သွားသော အလုးံစုံ ခံစားမှုများကို ကျွန်မ ကြည့်၇င်း….ထို့ နောက် ကျောခိုင်းသွားသော သူ ၏ ခြေလှမ်းများကိုအဆုးံထိစောင့်ကြည့်၇င်း ထိုညနေတွင် ကျွန်မ အ၇ုပ်ကြိုးပြတ် ခြေလှမ်းများဖြင့် အိမ်သို့ ပြန်လာဖြစ်ခဲ့သည်…။
ထိုညနေသည်..ကျွန်မ အတွက် တကယ်တော့ မလှပသော ညနေဖြစ်ခဲ့လေသည်..။သတင်းကြား၍ အိမ်သို့ေ၇ာက်လာသော ကေခိုင်၏ ၇င်ခွင်ထဲသို့ ဝင်၇င်း ကျွန်မ ငိုကြွေးဖြစ်ခဲ့သည်..။သူမက မိုး၇ယ် ..ငါနင့်ကိုနားလည်တယ် ဟုပြော ၍ ကျွန်မ ကိုနှစ်သိမ့်၇င်း သူမ ပါ ၀ိုင်းငိုသော အခါ ကျွန်မ အတွက် ထိုညနေသည် ပို၍ မမေ့နိုင်သော ညနေခင်းတခုဖြစ်ခဲ့လေသည်..
ထိုသို့ ဖြင့် နောက်ဆုးံတော့ ကျွန်မ နှင့်သူသည် ကွဲကွာ ခဲ့လေတော့သည်..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>