မြတ်စွာဘုရား သာသနာ ရောင်ဝါနေသို့ လင်းပါစေ လင်းသည့်ရောင်ခြည်ခြုံလွှမ်းသည် အာလုံးအေးချမ်းနိုင်စေမည်။ အမေ့ဝမ်းကြာတိုက်ထဲကနေ လူ့လောကကြီးထဲကို မွေးဖွားလာခဲ့လိုက်ကတဲက မွေးဖွားခြင်းနဲ့အတူ အိုမင်းခြင်း သေဆုံးခြင်း ဆိုတဲ့ အရာတွေပါ တပါတည်းအတူတူ မွေးခဲ့ရတာပါ ။ကျွန်တော်တို့ပါတ်ဝန်းကျင်မှာ သော်လည်းကောင်း မိသားစုဆွေမျိုး အသိုင်းဝိုင်းထဲမှာသော်လည်းကောင်း အိပ်ယာဖျာကပ်ဖြစ်နေတဲ့ သေခါနီးလူမမာတစ်ယောက်ကို ကိုယ်တိုင်ဘဲဖြစ်စေ သူများ ပြောတာဘဲဖြစ်စေ ကြားဖူးကြမှာပါ ဘာမှမတွေးနဲ့တော့ တရားနှလုံးသွင်းနေပါ လို့ပြောပါလိမ့်မယ် ကိုင်းဒီ ဥပမာလေးကိုလည်း ဖတ်ကြည့်လိုက်ပါဦး သေတ္တာ နှစ်လုံးရှိတယ် ဆိုပါစို့ တစ်လုံးသောသေတ္တာထဲမှာ စိန်တုန်းတစ်တုန်းကိုထဲ့ထားမယ် ကျန်တဲ့ သေတ္တာထဲမှာ ဘာမှထည့်မထားဘူး ကိုင်း ဘာမှထည့်မထားတဲ့သေတ္တာကို တစ်ခါလှပ်ကြည့်လိုက်မယ် ဘာတွေ့မှာလည်း နှစ်ခါလှပ်လို့ရော ဘာတွေ့မှာလည်း အခါပေါင်းများစွာလှပ်လည်း မတွေ့နိုင်ပါဘူး ထည့်မှမထားတာ ဘယ်လောက်လှပ်ကြည့် ကြည့်မတွေ့နိုင်ပါဘူး ထဲ့ထားတဲ့သေတ္တာကို တစ်ခါလှပ်ကြည့်ရင် တစ်ခါတွေ့မယ် နှစ်ခါလှပ်ကြည့်ရင်နှစ်ခါတွေ့မယ် ထည့်ထား တဲ့သေတ္တာကို လှပ်မှတွေ့တော့မှာပေါ့ သေခါနီးလူက ဘာတရားမှထည့်မထားရင် ဘာကိုနှလုံးသွင်းရမှာလည်း သူထဲ့ထားတာ က သားတွေ သမီးတွေ ပစ္စည်းတွေ ဂုဏ်တွေ ပကာသနတွေ ဒါတွေဘဲထဲ့ထားဆိုရင်တော့ ဒါတွေဘဲတွေ့မှာပါ ကိုင်းငါတို့တော့ သိပြီ သေခါနီးမှဆရာတော်တွေပင့်ပြီးတရားနာလို့ဘဲဖြစ်ဖြစ် တရားတော်ကိုဖွင့်ပြီးနာလို့ဘဲဖြစ်ဖြစ် အဲဒီအချိန်မှထည့်လို့မရဘူး လားလို့ မးစရာရှိပါတယ် ရာခိုင်နုန်းက မရနိုင်သလောက်ရှားပါတယ် ကျွန်တော်တို့ အားလို့သွားလည်တော့မယ်ဆိုရင် တခါမှ မလည်ဘူးတဲ့အိမ်နဲ့လည်နေကြအိမ် ဘယ်အိမ်သွားတတ်လည်းဆိုတော့ သွားနေကြအိမ်ကိုဘဲ ခြေဦးကလှည့်ပြီးသားပါ ဒါကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကြိမ်ဖန်များစွာပွားရမယ်လို့ဆိုခဲ့တာပါ ကိုင်းထည့်ထားကြစို့ဗျာ လက်ရှိအချိန်က ကိုယ်ပိုင်တာပါ နောက်တစ်ရက် နောက်တစ်နာရီ နောက်တစ်မိနစ် ဆိုတာ ကိုယ်ပိုင်တာမှမဟုတ်တာ ကိုယ်ပိုင်တဲ့အချိန်တွေကို တနိဘိုးရှိအောင်ဘယ်လိုအသုံးချကြမှာလည်း သာသနာအစစ်ကိန်းအောင်ကြိုးစားကြရမှာပါ ကိုယ့်ကိုကိုယ်သနားရင်ပေါ့လေ သသနာအစစ်ဆိုတာ သစ္စာတရားကို ဥာဏ်နဲ့တွေးတောတဲ့အလုပ်ပါ ဆင်ခြင်တဲ့အလုပ်ပါ ရှုမှတ်ပွားများတဲ့အလုပ်ပါ ကိုင်းသစ္စာတရားကို ဆွေးနွေးပါတော့မယ် သစ္စားတရားကိုမဆွေးနွေးမှီ ဘုရားက ဒါနပြုပါဦးလို့ ပြောပါတယ် ဒါနပြုမှသာလျှင် ဒါနရဲ့ အကြောင်းဆက်ကြောင့် အကျိုးထင်ပြီး မတောင့်မတမကြောင့်မကြနေနိုင်ပါမှ တရား အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်တော့မှာပေါ့ ဒါနတော့ပြုပြီးပါပြီသီလလည်းစောင့်ခိုင်းပါဦးတဲ့ ဒါနကြောင့်လူချမ်းသောတော့ဖြစ် ပါရဲ့သီလက မပါတော့ ကျန်းမာရေးမကောင်းတဲ့ဆွန့်အနေတဲ့သူဌေးကြီးဖြစ်နေရင်လည်းအလကားပါ ဒါကြောင့်သီလည်း စောင့်ပါဦး ဒါကြောင့် ဒါနကထာ ကိုဟောပါတယ် ပြီးတော့ သီလကထာကို ဟောပြန်ပါတယ် သဂ္ဂကထာကတော့ ဒါနအကျိုးကတော့ ဖြစ်လေရာဘ၀မှချမ်းသာမယ် သီလရဲ့အကျိုးကတော့အသက်ရှည်မယ် ရောဂါဘယကင်းမယ် လို့ဟောပါတယ် ဒါပေမယ် ဒါတွေကချမ်းသာအစစ်မဟုတ်လို့ ဒါနနဲ့တင် သစ္စာမဆိုက်လို့ သီလနဲ့တင် သစ္စာမဆိုက်လို့ ကမ္မာနံ အာဒိန၀ကထာကို ဟောပါတယ် ဒါနကြောင့်ရတဲ့ချမ်းသာ သီလကြောင့်ရတဲ့ချမ်းသာတွေက အစစ်မဟုတ်ဘူး ခွေးအိုကြီးအမဲရိုးရနေသလိုပါဘဲလို့ မြတ်စွာဘုရားက ဟောခဲ့ပြန်ပါတယ် ခွေးကလည်း အအိုကြီး အမဲကလည်း အရိုး အသားတောင်မပါဘူး ဒါတောင်ဒီခွေးအိုက ကျန်တဲ့ခွေးတွေလုမှစိုးလို့ ချောင်လေးမှကတ်ပြီးတော့ စားနေလိုက်တာ ၀ ကော ၀ နိုင်ပါ့မလား ကျွန်တော်တို့မှာလည်း အတိတ်ကံအကြောင်းကြောင့်ရတဲ့ အိုးအိမ်တိုက်တာ ရွှေငွေ သားသမီး ဂုဏ်ထူးတွေနဲ့ ထိုင်သင့်သလောက်စည်းစိမ်တွေနဲ့ နေ နေလိုက်တာ ခွေးအိုကြီး အမဲရိုးရထားသလိုဘဲ မ ၀ နိုင်ကြပါဘူး ၀ ကလည်းမ၀ လွတ်ကလည်းမလွတ် တစ်ခါတစ်လေများ လုပ်တိုင်းအဆင်မပြေတာ့ စိတ်ညစ်တာဘဲတဲ့ အဆင်ပြေစရာလမ်း စလေးလည်းမျော်စရာရှိတော့ ပေဖြစ်နေတုန်းခံရတာပါကွာ တူဖြစ်တဲ့အချိန်ကြတော့ ဆိုတော့ ဘာနဲ့တူတုန်းဆိုတော့ အမဲရိုးကြီးမှန်းသိမယ့်ကျန်ကာရှိသေးတယ် သွားရေတွေနဲ့တွေ့တော့ အညှီနံလေးထွက်လာတော့ မလွင့်ပြစ်နိုင်တော့ဘူး တစ်ခါ ကျီးသားတစ်ရသလိုဘဲတဲ့ ကျီးတစ်ကောင် သားတစ် ရသွားတော့ကျန်တဲ့ကျီးတွေက ဒီသားတစ်ကိုလိုချင်လို့ အတောင်နဲ့ပုတ် ခြေနဲ့ကုတ် နုတ်သီးနဲ့ထိုးနဲ့ သားတစ်ရတဲ့ကျီး လွတ်ရင်လွတ်မလွတ်ရင် မလှမပဇတ်သိမ်းရတော့မယ် လောကလည်းဒီလိုပါဘဲ ကိုယ်အဆင်ပြေတယ့်အရာတွေကို သူများတွေက အတောင်နဲ့ပုတ်သလို ခြေနဲ့ကုတ်သလို နုတ်သီး နဲ့ထိုးသလို လုပ်နေကြတာပါ တခါ မြက်မီးရှုးကိုင်ပြေးသလိုဘဲတဲ့ မြက်ခြောက်ကလည်း မီးလောင်တာမြန် လေလာတဲ့ဘက် လည်းလှည့်ပြေးတော့ လွတ်မချရင် ကိုင်တဲ့လူပါလောင်တော့မှာပေါ့ ကိုယ့်ပိုင် ပစ္စည်း သားသမီး မိဘတွေကလည်း အနိစ္စ ရောက်တတ်တဲ့အမျိုး ကိုကလည်း မမြဲတဲ့သဘော လောင်လိုက်တဲ့မီးကလည်း လောဘမီးကလောင်လိုက် ဒေါသမီးကလောင်လိုက် မောဟမီးက
လောင်လိုက် ကိုင်းဗျာ လွတ်မချရင်တော့ လောင်လိုက်မယ့်ဖြစ်ပုံတွေးသာကြည့်ပါ တော့ မပိုင်တဲ့အရာတွေပါ ခဏလေး အကြောင်းအကျိုးသင့်မြတ်တုန်း ဒုက္ခလွတ်တဲ့တရားကို ရင်ထဲကိုထဲ့ကြပါတော့လို့ လေးလေး နက်နက်တိုက်တွန်းပါတယ် နေ့မြင်ညပျောက်နိုင်တဲ့ဘ၀ဆိုးကြီးမှာ ပျောက်ခါမှ ထဲ့ပါတော့မယ်ဆိုရင်တော့ မရပါဘူး မိတ်ဆွေအားလုံးဟာ လူလည်တွေပါ မအကြပါဘူး ကိုယ့်ဘို့သူ့ဘို့တော့ခွဲတတ်ကြပါတယ် အထူးပြောစရာမလိုပါဘူးဗျာ ထည့်ထားလိုက်ကြပါတော့။
လောင်လိုက် ကိုင်းဗျာ လွတ်မချရင်တော့ လောင်လိုက်မယ့်ဖြစ်ပုံတွေးသာကြည့်ပါ တော့ မပိုင်တဲ့အရာတွေပါ ခဏလေး အကြောင်းအကျိုးသင့်မြတ်တုန်း ဒုက္ခလွတ်တဲ့တရားကို ရင်ထဲကိုထဲ့ကြပါတော့လို့ လေးလေး နက်နက်တိုက်တွန်းပါတယ် နေ့မြင်ညပျောက်နိုင်တဲ့ဘ၀ဆိုးကြီးမှာ ပျောက်ခါမှ ထဲ့ပါတော့မယ်ဆိုရင်တော့ မရပါဘူး မိတ်ဆွေအားလုံးဟာ လူလည်တွေပါ မအကြပါဘူး ကိုယ့်ဘို့သူ့ဘို့တော့ခွဲတတ်ကြပါတယ် အထူးပြောစရာမလိုပါဘူးဗျာ ထည့်ထားလိုက်ကြပါတော့။