Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လွပ်လပ်စွာချစ်လိုသူ!!!

$
0
0

ချစ်သူ ကို အ၇ှိအတိုင်း ချစ်ချင်သော ကျွန်မ၏ စိတ်သည် မှားများမှားနေလားတော့ ကျွန်မ မသိချေ။ ကျွန်မ သူငယ်ချင်းတယောက် ကတော့ ပြောခဲ့ဖူးသည်။ နင်က ready made ကိုမှ ကြိုက်တာကိုးတဲ့… တကယ်တော့  ကျွန်မ က သူပြောသလို ready made ကိုကြိုက်ခဲ့ခြင့်း မဟုတ်ပေ။ ကျွန်မ ကချစ်သူ ကို သူ၏ နဂို စ၇ိုက်၊ နဂို ပုံစံအတိုင်း ချစ်လိုခဲ့သည်။ တကယ်လို့များ ကျွန်မ မနှစ်သက်တဲ့ ပုံစံမျိုး ၊စ၇ိုက်မျိုး သူ့ မှာ ၇ှိနေခဲ့မည် ဆိုလျှင် ..ကျွန်မ သည်းမခံနိုင်သော အဆုးံသတ်တွင် ကျွန်မ သူ့ ကိုလမ်းခွဲမည် ဖြစ်လေသည်။ လူတယောက်၏ နဂို ဗီဇ ၊ လူတယောက်၏ နဂိုအကြိုက် ကို တခြား တစုံတယောက်က ပြောင်းလဲနေမည် ထင်သလား။ ကျွန်မ ကတော့ မထင်ပေ။ ထိုကဲ့သို့ ပြောင်းလဲနိုင်မည် ဆိုလျှင်လည်း ထိုအချိန်သည် အခိုက် အတန့် သာ ဖြစ်ပေလိမ့်မည်။ 

               ကျွန်မ သည် ကျွန်မ၏ ချစ်သူဖြစ်သော သူ့ ကို ဘယ်တော့မှဘာ မလုပ်ပါနှင့်၊ ဒီဟာ မလုပ်ပါနှင့် ဟု မပြောတတ်ပေ။သူ ၏ နဂို မူလအတိုင်းနှစ်သက်စွာ နေထိုင်စေခဲ့လေသည်။ ကျွန်မသည် သူ့ ကို ဆေးလိပ်မသောက်ပါနှင့်၊ အ၇က်မသောက်ပါနှင့် ဟူ၍လည်းဘယ်တော့မှ မပြောတတ်ပေ။ သူ့ ကို သူ့ ဘာသာ ဆင်ခြင်ခွင့် ပေးထားခဲ့လေသည်။ သူက တခါတော့ ပြောခဲ့ဖူးလေသည်။ သူ့ ကို  အ၇က် မသောက်နဲ့ ၊ ဆေးလိပ်မသောက်နဲ့ လို့ တခါမှ မပြောဖူးဘူးနော်တဲ့ ….ဒါဆို ငါပြော၇င်ေ၇ာ နင်မလုပ်ဘဲ နေမှာလား ဟု မေးတော့ သူ က တဟားဟား ၇ယ်၇င်း နင့်နောက်ကွယ်တော့ လုပ်ချင်လုပ်မှာပေါ့ ဟု ပြောခဲ့လေသည်။ ကျွန်မ သည် ကျွန်မ ၏ ချစ်သူ ကို ကျွန်မေ၇ှ့တွင် သူ့ ကိုယ် သူ ထိန်းချုပ် ၍ ကျဉ်းကျပ်စွာ နေစေလိုသော စိတ်မျိုး မ၇ှိပေ။ တကယ်လို့ သူ ကျွန်မေ၇ှ့မှာ အ၇က်သောက် ခဲ့လျှင် ကျွန်မ ထ ထွက်လျှင်ထထွက်သွား လိမ့်မည်။ သူ့ ကိုတော့  ကျွန်မ ပြော မှ ဆင်ခြင် ၇မှန်းသိသော အသိဥာဏ်မျိုး ၇ှိသည့် သူမျိုး မဖြစ်စေချင်။ သူ့ တွင် သူကိုယ်တိုင် ဆင်ခြင်နိုင်သော အသိဥာဏ် ၇ှိ၇မည်။ကျွန်မ  ၏ သူ ငယ်ချင်းတယောက်ကတော့

ကျွန်မ နှင့် ခံယူချက်ခြင်း လုးံဝ ကွဲပြား ခြားနားသော သူမျိုး ဖြစ်သည်။ သူမ သည် သူမ ၏ ချစ်သူ ကို သူ မ အကြိုက် ပြုပြင်ပြောင်းလဲ လိုသော သူမျိုးဖြစ်သည်။ သူမ ပြုပြင်ပြောင်းလဲမှ သာလျှင် သူမ၏ ချစ်သူ သည် သိတတ်လာမည် ဟု ခံယူသော သူမျိုး ဖြစ်သည်။ သူမ က ပြောခဲ့ဖူးသည်။ ငါကတော့ ငါ့ ချစ်သူ့ ကို ငါကိုယ်တိုင်ပြုပြင်မယ်။အခု သူ့ကိုငါ ဆေးလိပ်ဖြတ်ခိုင်းထားတယ်…ငါ့မွေးနေ့ မှာ သူ့ က ဘာလိုချင်လဲ လို့မေးလို့  ဆေးလိပ်ဖြတ်ဖို့ ဘု၇ားေ၇ှ့မှာ သစ္စာ ဆိုခိုင်းထားတယ်  ဟု ပြောခဲ့လေသည်။ သူမ သည် ထိုသို့ပြင်းပြင်းထန်ထန် ပြုပြင်ပြောင်းလဲတတ်သူဖြစ်သည်။ လူတယောက်၏ အကြိုက်ကို ထိုကဲ့သို့ ဘု၇ားေ၇ှ့မှာ သစ္စာ ဆိုခိုင်း၇ုံနဲ့ ပြတ်သွားအောင် လုပ်လို့၇မည် ဟု ကျွန်မတော့မထင်ပေ။ တကယ်လို့ ၇ခဲ့လျှင်လည်း ထိုအ၇ာသည် အတင်းအကျပ်စေခိုင်းမှုကြောင့် သာဖြစ်သည်။ သူ့ စိတ်သူ့ သဘောနှင့် မဟုတ်။ ထို့ကြောင့် သူ့ တွင် စိတ်ကျဉ်းကျပ်မှုကို ခံစား၇ပေလိမ့်မည်။

      ကျွန်မသည် ကျွန်မ၏ ချစ်သူ ကို သူ့ ဘာသာ လွပ်လပ်စွာ နေထိုင်ခွင့် သူ့ စိတ်သဘောအတိုင်း လွပ်လပ်စွာ စီးမျောခွင့် ပေးထားလေသည်။ ဘယ်အ၇ာ ကိုမှ မကန့်ကွက်ပေ။ ကျွန်မ သည် ကျွန်မ၏ အကြိုက်ကို သူ၏ အကြိုက်နှင့်ထပ်တူကျ၇မည် ဟု ဘယ်တော့မှ မတွေးပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်မ တို့ သည် မတူညီသော ပတ်ဝန်းကျင်တွင် မတူညီသော မိဘများမှ မွေးဖွားလာသော သူများ ဖြစ်သည်။

သူသည် ကျွန်မ ကို တကယ် ချစ်ခင် စုံမက်လျှင် ကျွန်မ ၏ အကြိုက် ကို သူ လိုက်ကြိုက်နိုင်အောင် ကြိုးစားလိမ့်မည်.ကျွန်မ သည် လည်း သူ့ ကို တကယ် ချစ်လျှင် သူ့ အကြိုက်ကို ကျွန်မ လိုက်ကြိုက်နိုင်အောင် ကြိုးစား မည်။ ထိုသို့ဖြင့် ကျွန်မ တို့နှစ်ယောက်သည် အသွင်တူသော ချစ်သူတွေ ဖြစ်သွားလိမ့်မည်ဟု ယုံကြည်လေသည်။

         ကျွန်မ သည် ကျွန်မ မကြိုက်သောအ၇ာ များကို သူလုပ်လျှင် ဘာမှပြောဖြစ်မည် မဟုတ်ပေ။အဘယ်ကြောင့် ဆိုသော်  ကျွန်မ ပြောလိုက်လျှင် သူ သည် နောက်တခါ ကျွန်မေ၇ှ့တွင် မလုပ်ပဲ နောက်ကွယ်မှသာ လုပ်တတ်သော သူမျိုး ဖြစ်သွားနိုင်သည်။ ကျွန်မ သည် သူ့ ကို ကျွန်မေ၇ှ့တွင်သူ၏ နဂို မူလ စ၇ိုက်ကို ဖုးံကွယ်ထားသော သူ မျိုး မဖြစ်စေချင်။ သူ ၏ အားနည်းချက်ေ၇ာ အားသာချက်ကိုပါ ကျွန်မ သိ၇ှိပြီး ကျွန်မလည်းခွင့်လွှတ်နိုင်သော သူမျိုးဖြစ်စေချင်သည်။ ထိုသို့ပင် ကျွန်မ ၏ အားနဲချက်ေ၇ာ အားသာ ချက်ကို ပါ သူသည် သိ၇ှိပြီး ကျွန်မ ကို နားလည်နိုင်သော သူ မျိုး ဖြစ်၇မည်။

      ကျွန်မ ၏ ခံယူ ချက်များသည် တယူ သန်သည် ဟု ကျွန်မ ၏ သူ ငယ်ချင်းတယောက်ကတော့ ကောက် ချက် ချ ခဲ့ဖူးသည်။ ကျွန်မ မှန်သည် ဟုယူဆထားသော ကျွန်မ သည် ကျွန်မ ၏ ထို သို့ ချစ်သူ ကို လွပ်လပ်စွာ ချစ်ခြင်းကို ချစ်သူ က အထင်မှားသွားလိမ့်မည် ဟုေ၇းေ၇းမျှ မထင်ခဲ့ပေ။ ကျွန်မ သည် အေးစက်သော သူ ၊ သွေးအေးသော သူ၊ သူ့ ကို ဂ၇ုမစိုက်သော သူ၊ သူ့ ကို မချစ်သော သူ အဖြစ်  ချစ်သူက စွပ်စွဲ လိုက်သော အခါ …ဘယ်လိုမှပြန်လည်၇ှင်းပြဖို့ မတတ်နိုင်ခဲ့ပေ။တကယ်တော့ ကျွန်မ သည် ချစ်သူ ကို ဘယ်ကြိုးနှင့်မှ မချည်ဘဲ လွပ်လပ်စွာ ချစ်လိုသော သူ ဖြစ်သည်။ ချည်ခဲ့လျှင်လည်း သူ ကိုယ်တိုင် သူ့ ဘာသာ ကျွန်မကို ချစ်သော စိတ်ဖြင့် ချည်သောကြိုးသာ ဖြစ်စေချင်ခဲ့လေသည်။

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...