Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခေါင်းဆောင် ရွေးဘို့ အရေးကြီးသည်

$
0
0
လူတိုင်း လူတိုင်းမှာ မိမိဘ၀ကို ကောင်းမွေဆိုးမွေ ကို ပုံဖေါ်ပေးမှာက ကိုယ်လုပ်တဲ့အလုပ်ပါ အဲဒီအလုပ် (၀ါ) ကံသုံးပါးတည်းမှာ မနောကံက အရေးကြီးပါတယ် မနောကံ မိမိစိတ်လေးက ကောင်းမွန်နေရင် ကိလေသာအညစ်အကြေးတွေဝင်လို့မရပါဘူး ဒါနတရားက အပြစ်မရှိတဲ့တရားပါ ဒါပေမယ့် စိတ်ထားလေးမတတ်တာနဲ့ ရသင့်တဲ့အကျိုးကို ရသင့်သလောက်မရကြတော့ပါဘူး ဒါကြောင့်မြတ်စွာလဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူတစ်သိန်းနတ်တစ်သိန်းသေလို့သုဂတိတစ်ယောက်ပြန်မရောက်ဘူး လို့်ဆိုခဲ့ပါတယ် ဒီနေရာမှာ မေးစရာလေးရှိလာပါတယ် လူဦးရေတွေများလာလို့ နေစရာတောင်ရှားပါလာတယ် ဆိုတော့ ဒီအဆိုဟာမှန်နိုင်ပါ့မလားလို့ပေါ့
ဥပမာ အိမ်တစ်အိမ်မှာ လူ ၁၀ ယောက်ရှိတယ်ဆိုကြပါစို့ အဲဒီအိမ်မှာရှိတဲ့ ခြင် ယင် ပိုးဟတ် ပုရွက်စိတ် တွေနဲ့သာနိုင်းယှဉ်ကြည့်ပါတော့
ကျွန်တော့ အမေကြီး မဆုံးခင်တုန်းက ကျွန်တော်ပြောဘူးပါတယ် အမေကြီး တရားနာစမ်းပါ တရားအားထုတ်စမ်းပါ ဒီအတိုင်းသာနေရင် အပါယ်ငရဲက အမေကြီးကိုစောင့်နေတယ် လို့ပြောပါတယ် အေမေကြီးက ငါက သူုများဟာလည်းမခိုးဘူး သူများကိုလည်းမစော်ကားဘူး သူများအသက်လည်းမသတ်ဘူး ဒါနလည်းလုပ်နေတာဘဲ သီလလည်းလုပ်နေတာဘဲ ဘာဖြစ်လို့ ငရဲကြနိုင်ရမှာတုန်းလို့ ပြန်ပြောပါတယ်
များသောအားဖြင့် လူတိုင်းဟာ ကျွန်တော့အမေကြီးလို ဒါနတွေလည်းပြုကြမှာပါ သီလတွေလည်းစောင့်ကြမှာပါ ဒါပေမယ့် ဒါနပြုတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ထား သီလစောင့်တဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ထားကို ဝေဖန်ကြည့်ဘူးပါသလား မရှိသလောက်နည်းမယ်လို့ဆိုပါမယ် ဒါနပြုရင် နောင်ဘ၀ချမ်းသာမယ် နောင်ဘ၀ချမ်းသာတာကို လိုချင်တာ တဏှာပါ ကိုင်းဗျာ ဒီ ဒါနဘယ်သူခိုင်းလို့လုပ်တာတုန်းဆိုတော့ နောင်ဘ၀ချမ်းသာခြင်တဲ့ တဏှာက ခိုင်းလို့လုပ်တယ် ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး
ငါမှဒီလိုဒါနပြုနိုင်တာ ငါ့လိုဘယ်သူမှမလုပ်နိုင်ဘူးဆိုတော့ မာနပါ မာနခိုင်းလို့လည်းဒါနပြုပါတယ် ကိုယ့်နောက်ပါအောင်တော့ကိုယ်လုပ်ရမှာပေါ့ဆိုတော့ ဒိဌိပါ ကိုင်း ဒိဌိခိုင်းလို့လည်း ဒါနတွေပြုပါတယ် သီလလည်း ထို့အတူပါဘဲ နံနက်အိပ်ယာကထလို့ ပြန်အိပ်တဲ့အချိန်အထိ တဏှာ မာန ဒိဌိ ခိုင်းလို့ လုပ်နေကြရတာပါ သူများထက်သာချင်တဲ့ တဏှာ ငါလိုလူမရှိဘူးဆိုတဲ့ မာန ငါလို့ထင်နေတဲ့ ဒိဌိ က မျက်စေ့ဖွင့်တိုင်းဖြစ်နေကြပါတယ် နားကကြားတိုင်းလည်းဖြစ်နေကြပါတယ် စားတိုင်းလည်းဖြစ် အာရုံနဲ့ ဒွါယတိုက်တိုင်ဖြစ်နေကြတာပါ တရားထိုင် သွားတာတောင် အခင်းထူထူလေးနဲ့ သက်သာချင်တဲ့ တဏှာ က
အခင်းထူထူ ခင်းခိုင်းပါတယ် ငါကတစ်နာရီလုံးမလုပ်ဘဲထိုင်နိုင်တယ် သူများနဲ့မတူဘူးဆိုတော့ မာန တရားထိုင်နေတာ ငါ ဘဲလို့ထင်နေတဲ့ ဒိဌိလ သားနဲ့လည်းဖြစ် သမီးနဲ့လည်းဖြစ် အိုးအိမ်တိုက်တာနဲ့လည်းဖြစ် နောင်ဆုံး ဖိနတ် ဆေးလိပ် အားလုံးနဲ့ဖြစ်နေလိုက်ကြတာ မိမိဖာသာ တွေးကြည့်ကြပါတော့ နေ့တိုင်းနေ့တိုင်း တဏှာ မန ဒိဌိ ခိုင်းလို့ လုပ်လာခဲ့ကြတာ ဒီကံတွေက ရေလို့တောင်မရတော့ပါဘူး ဒီတရား သုံးမျိုးထဲက တဏှာ ဖြစ်ရင် တဏှာနဲ့စွဲလန်းမယ် တဏှာ အုပ်ချုတ်တဲ့ကံတွေလုပ်မယ် မာနဖြစ်ရင် မာနနဲ့စွဲလန်းမယ် မာနအုပ်ချုပ်တဲ့ကံတွေလုပ်မယ် ဒိဌိ ဖြစ်ရင် ဒိဌိနဲ့စွဲလန်းမယ် ဒိဌိ အုပ်ချုတ်တဲကံတွေလုပ်မယ် ခေါင်းဆောင် တင်မှားခဲ့ကြတာ တော်တော်ကြာခဲ့ပါပြီ ခေါင်းဆောင် တင်ထားတဲတရားတွေကိုလည်းကြည့်ပါဦး တဏှာ မာန ဒိဌိ တဲ့ အဲဒီတရားသုံးမျိုးကို မြတ်စွာဘုရှင်ကိုယ်တော်မြတ်ကြီးက ပပဉ္စ တရားလို့ဟောခဲ့ပါတယ် သံသာရဒုက္ခံ ပပဉ္စ န္တီတိ ၀ိတ္တာရ န္တီတိ ပပဉ္စ လို့ဟောခဲ့ပါတယ် သံသာရဒုက္ခံ တစ်အို ပြီးတစ်အို တစ်နာ ပြီတစ်နာ တစ်သေ ပြီးတစ်သေ အိုနာသေ တွေကို မပြတ်မလတ် ဖြစ်အောင်လုပ်တတ်တဲ့အပြင် အပါယ်လေးပါနဲ့တကွ အကျိုး အကန်း အနူအရွဲ အဆွံ့ အ.အ ဖြစ်အောင်လုပ်ပေးတတ်လို့ ရန်သူကြီးသုံးယောက်လို့ ဟောကြားတော်မှုခဲ့ပါတယ် ဘုရားကသာ ရန်သူဟောတာ ကျွန်တော်တို့က ခေါင်းဆောင်တင်ထားတော့ ကောင်းနိုင်ပါတော့မလား ဘယ်တော့များကံကောင်းပါ့မလည်းလို့ မျော်မနေကြပါနဲ့တော့ဗျာ ခေါင်းဆောင်မှမကောင်းတာ သူခိုင်းလို့လုပ်တဲ့ ကံ အကောင်းကံ မဖြစ်နိုင်တော့ပါဘူး အဲဒီကံတွေကို ဖြတ်နိုင်တာက ၀ိပဿနာ အလုပ် (၀ါ) ဥာဏ် အလုပ်ဘဲရှိပါတော့တယ် မိမိကိုယ်ကို တကယ်ချစ်တယ် ဆိုရင် ကိုယ့်ကိုကိုယ် ကယ်တင်တဲ့အလုပ်ဖြစ်တဲ့ဥာဏ် အလုပ်ကိုတော့ မလုပ်ဖြစ်လုပ်ရမှာပါ ဥာဏ်အလုပ်ကို တခါတည်းပြောလိုက်ခြင်ပေ မယ့် ပြင်းထန်တဲ့အားမာန် ကြီးမှားတဲ့ဝရိယတွေဖြစ်လာအောင် ရှေ့ပိုင်းကနေပြီး သိုင်းကာဝိုင်းကာနဲ့ အမှားတွေကို ထောက်ပြနေတာပါ အမှားမြင်ရင် အမှန်ဆိုတာ အလိုလိုပေါ်လာမှာပါ ဥာဏ် အလုပ်ကိုတော့ နောက်ပို့စ်မှာ ဆွေးနွေးပါမယ် အားလုံးဘဲ ခေါင်းဆောင်ကောင်းကိုေ၇ွးနိုင်ကြပါစေဗျာ

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>