တိုင်းပြည်တစ်ပြည်ဖြစ်ဖို့ဆိုတာ မလွယ်သလို တိုင်းသူပြည်သားကောင်းတစ်ယောက်ဖြစ်ဖို့လည်းလွယ်မှာ မဟုတ်ပါဘူးး။တိုင်းပြည်တစ်ပြည်မှာ လူအယောက်တစ်ရာရှိရင် တိုင်သူပြည်သားကောင်းက 10ယောက်လောက်
ပဲရှိမယ်။ဒါပေမဲ့မြန်မာပြည်မှာ တိုင်းသူပြည်သားကောင်း အများအပြားရှိမယ်လို့ ယုံကြည်ပါတယ်။၇န်ကုန်ကို စင်္ကာပူ
နဲ့တူအောင်လုပ်မယ်ဆိုတဲ့ ရည်၇ွယ်ချက်ကလည်းကောင်းပါတယ်။စည်းကမ်းရှိတဲ့ တိုင်းသူပြည်သား အရေအတွက်
တိုးတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ စင်္ကာပူဆိုတာ အင်မတန်စည်းကမ်းကြီးတဲ့နိုင်ငံပါ။သူနဲ့တူအောင်လုပ်မယ်ဆိုရင်
ရန်ကုန်တင်မက အခြားနေရာတွေပါစည်းကမ်းရှိမှာ မလွဲဧကန်ပါပဲ။တိုင်းသူပြည်သားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ
မလွယ်ပါဘူး။ဒါပေမဲ့ ခက်လည်းမခက်ဘူး။အသိတရား ဆင်ခြေထုံတရားနဲ့ လိုက်နာဆောင်ရွက်ကြဖို့ပဲဖြစ်တယ်။တိုင်းသူ
ပြည်သားကောင်းတစ်ယောက်ဟာ စည်းကမ်းရှိရမယ်။ဥပမာ-ဗိုလ်ချုပ်တို့၊အမေစုတို့ဆိုတာ တိုင်းသူပြည်သားကောင်းတွေပဲ
နောက်ထပ်ပြောရရင်ရှိပါသေးတယ်။အများကြီးပေါ့။အဲ့ဒီတိုင်းသူပြည်သားကောင်းဆိုတဲ့ နာမည်အောက်မှာ ကိုယ်ပါလားဆို
တာ နည်းနည်းလောက် စဉ်းစားကြည့်ပါ။တကယ့်မှ နည်းနည်းလေးပါပဲ။ငါပါရဲ့လားတိုတာ။ပါနိုင်ပါတယ်။လုံးဝသေချာကိုပါနိုင်တယ်
စည်းကမ်းရှိရမယ်၊တကိုယ်ကောင်းမဆန်ရဘူး၊လူသားချင်းစာနာထောက်ထားမှုရှိရမယ်၊ရိုးသားရမယ်၊မုသားမပြောရဘူး၊ဒုက္ခရောက်
နေသူကို ကူညီရမယ်၊လဲနေသူ ထူပေးရမယ်၊အားငယ်သူအားပေးရမယ်၊။အဲ့အချက်တွေ အကုန်မလိုက်နာနိုင်တော့ သုံးပုံတစ်ပုံလိုက်
နာနိုင်ရင် မိမိဟာ တိုင်းသူပြည်သားကောင်းတစ်ယောက်ဆိုတာ မှတ်ထားလိုက်ပါ။ကျွန်တော်လည်းတတ်နိုင်သလောက် လိုက်နာနေတာပဲ
ဒါပေမဲ့ အခုပြောတဲ့အချက်တွေ အကုန်လုံးတော့ မလိုက်နာနိုင်သေးဘူး။အစ်ကိုတို့ အစ်မတို့လည်း လိုက်နာနိုင်မယ်လို့်ထင်ပါတယ်။
ဒီလိုမျိုးဆိုရင် ကျွန်တော်တို့ နိုင်ငံကြီးဟာ တိုးတက်ပြောင်းလဲလာမှာ မုချပါပဲ။