တစ်ခွန်းသော စကားကို တစ်ခါဘဲပြောမိတယ်
ချစ်တယ်တဲ့ ..
တစ်ခါမှမကြားဖူးတဲ့ စကားကိုလဲ....
မောင့် ...ကိုလဲချစ်ပါတယ်တဲ့ 
စိတ်ဝင်စားမှုကောင်းကင်အောက်က
ကြည်ပြာရောင် ဆွဲဆောင်မှုတစ်ခု
အခုတော့ ..ငါ့ ဘေးမှာတင်မဟုတ်ဘူး
လက်မောင်းတစ်ခုလုံးတောင် ပေးလိုက်ရပြီ.
ချစ်သူဘ၀က စတင်ခဲ့ ပြီ
စိတ်ဆင်းရဲမှုပင်လယ်ပြင်ထဲမှာ
လိမ်လည်မှု ပတ်ဝန်းကျင်တစ်ခု
ကြည့် စမ်း..ငါတောင်တော်တော်လိမ်တတ်နေပြီ.
အချဉ်
အစပ်
အချို
အခါး...ဒါတွေအားလုံး သူပေးတဲ့ ချစ်ခြင်းတွေပါဘဲ
ဆိုးတာက (လိမ်လည်မှုတွေဖြစ်နေတယ်)
သိပ်မကြာလိုက်ပါဘူး.
မောင်တဲ့ ...အားကိုးတကြီးအော်မည်နေတတ်တဲ့ 
သူ့ နှုတ်ခမ်းက အခုတော့  နာမည်တွေမကြာခနပေးတတ်လာတယ်
(ကျနော် မသိရင်တော့ ကောင်းတာပေါ့ ..
သူခေါ်ခေါ်နေတာ..ဘယ်သူ့ နာမည်တွေလဲဆိုတာ)
ကြာလာတော့ ..လင်းခါစကောင်းကင်
မိုးသားတွေအုပ်စိုင်းပြီး...ပစ်တော့ တာပါဘဲ
မိုးကြိုးတွေနဲ့ ..ကျနော်ရင်ဘတ်လဲ
တော်တော်စုတ်ပြတ်သတ်နေပါပြီ.
နေ၀င်နေသောချစ်သူတွေ ဘ၀ထဲ
ကိုသူကျနော်ကို မောင် ဆိုပြီး
ဆွဲခေါ်သွားတယ်ဗျာ...
သိပ်မကြာလိုက်ပါဘူး..
မိုးချုပ်တော့  သူနဲ့ ကျနော်နဲ့ က..ဘာမှမဆိုင်သလိုဖြစ်သွားတယ်..
ခါးသီးမှုတွေနဲ့ ...
ကျနော်ပြောခဲ့ တဲ့ စကားတစ်ခွန်းရဲ့ 
တန်ဖိုးကိုအခုမှသိတတ်လာတယ်..
(ချစ်တယ်..ဆိုတာ.ကြာတော့ လဲ..အရာဝတ္ထုတွေလို
ဟောင်းသွားတတ်မှန်း...)
လမ်းခွဲပေါ်မှာလူနှစ်ယောက်.ထိုင်မှ.လမ်းခွဲမှု
အဓိပ္ပာယ်ရျိပေမဲ့ ..လမ်းခွဲပေါ်မှာက
ကိုဂျီလတ်နဲ့ ကျနော်နဲ့ ဘဲ..ရှိတယ်..
သူဘယ်ရောက်နေလဲမသိဘူး..
ကျနော်ပြောလိုက်ချင်တယ်...တကယ်တော့ 
လွမ်းလို့ မသေနိုင်ပေမဲ့ ..သေလောက်အောင်ကိုလွမ်းနေတာကို ...♥♥♥
စာကြွင်း(ကဗျာတစ်ပုဒ်လုံးရဲ
့..အစပိုင်းမှာ..မောင်ဆိုသောအသံများ..ပလူပျံအောင်ထွက်ရျိနေတယ်ဆိုတာ..ဒါပေမဲ
့ဗျာ..အခုတော့ မှောင်နေပြီ...အချစ်တွေက..မောင်ကနေပြီး...)
နောက်မရေးတော့ ပါဘူးနော်...Y@nTuT@w.BE(ကြံရည်စက်)