Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရင်ဘတ်ကိုဖြန့်ခင်း.......နှလုံးသွေးနှင့် ရေးခြစ်လိုက်သော....ကဗျာဆရာ(အမောင် (ပီနန်)...)

$
0
0

      ဒီကဗျာလေးကိုအရမ်းသဘောကျလို့ အားလုံးအတွက် တင်ပေးလိုက်ပါ  မလေးရှားနိုင်ငံမှာထုတ်တဲ့ အပြင်စီး(magazing) အမှတ် ၈၊သြဂုတ်လ၊ ၂၀၁၁ ရဲ့ စာမျက်နှာ ၉၈၊၉၉၊၁၀၀ မှာဖော်ပြထားတဲ့ ပီနန်က ကဗျာဆရာ အမောင်ရဲ့ နူးညံ့တဲ့ဖန်တီးမှု့ တခုပါ

 

                                                                              
      မင်္ဂလာပါ
ကြင်နာစွာနှုတ်ဆက်တယ်
ကောင်းသောဆုတောင်းပတ္တနာများနဲ့
သက်ရောက်နွေးထွေမှု့နဲ့အတူ
      ကနဦးညရဲ့
လောက ကန့်လန့်ကာ ကမ္ဘာသစ်ကို
နေမင်းရဲ့...ချစ်ခြင်းနဲ့ဖွင့်လှစ်လိုက်ပြီ
  ဖွင့်လှစ်ခြင်းသက်တန်း ကုန်ဆုံး
ကာလတခု ပျက်သုန်းတဲ့အခါ
လောကဓမ္မတာအရ လမင်းရဲ့ ၀တ်ရုံလွှာ
ကမ္ဘာတခြမ်းမှာ သေချာပါလိမ့်ဦးမယ်။
               လွန်ခဲ့တဲ့ဘဝ
               ကျွံခဲ့တဲ့ညမှာ
သမုဒယ လိပ်ပြာတွေလည်း ပျံဝဲခဲ့လိမ့်မယ် တယုတယ အိပ်ယာတွေလည်း အံခဲခဲ့လိမ့်မယ်
လောဘ စိတ်အစာတွေလည်း ညိုမဲခဲ့လိမ့်မယ် သောကပိသာတွေလည်း ပြိုလဲခဲ့လိမ့်မယ်။
လိပ်ပြာတွေ ဘဲဝဲခဲ့ဝဲခဲ့ စိတ်အစာတွေဘဲ မဲခဲ့မဲခဲ့ပေါ့
မလွဲမသွေ ရောက်ရှိလာလိမ့်မယ် ဘ၀ရဲ့မနက်ဖြန် အကယ်ဒမီပွဲမှာ
          ပစ်စုပ်ပန်ဟာ
ကလျာဖြစ်မလား ရင်နာဖြစ်မလား ကဗျာဖြစ်မလား အသင်္ခါဖြစ်မလား
တမင်တကာ ပြစ်သွားတဲ့ အကြင်နာအချစ်များရဲ့ မျက်ကွယ်မှာ
ဖက်တွယ်စရာ အထိအတွေ့တွေကအများကြီး။
        အလျှင်လိုလှတဲ့ အင်ဒိုမက၃၀ တနာရီမိုက်ပြတဲ့
ကဗျာကသီ ဗလချိုင့်မက ၅၀။  ဒီကြားထဲ ဟိုဟာဒီဟာ ဘာဘာညာညာ
အသပြာမခေါ်ပေမယ့် ဟာတာတာမျှော်နေတဲ့ ကကတွေလည်းရှိတယ်။
သြော်.....
အမေပေးတဲ့ လယ်တကွက် နိုင်ငံခြားမှာဈေးဖျက် ဈေးကွက်တင် ထွန်ယက်
စိတ်ဓါတ်တွေကျွံထွက်နေကြပုံများ ပြောပါတယ်
တရွာမပြောင်း သူကောင်းမဖြစ်တဲ့ ညစ်ကျယ်ကျယ် စိတ်ထားနဲ့
မလေးရှားကို ထွက်လာ အရှက်ဆိုတာကို ဖက်နဲ့ထုပ်
အသက်နဲ့ လူလုပ်ဖြစ်တဲ့အခါတိုင်း ၇ပ်တည်မူသမိုင်းကို မြေလှန်
ဘ၀ကိုရေဆန်တော့ ကြွေပြန်ပေါ့ နောက်တခါ
ရောက်မလာတဲ့ မျှော်လင့်ချက်များ တောပြောင်းတာ သေချင်တဲ့ကျား။.
ကဲ......ဘာလုပ်ကြမလဲ တုတ်ပြဓါးဆွဲတော့ မဟုတ်ပါဘူး
တရုတ်မ ပါးရဲတော့သမုတ်တဏှာရူး ၊ ရှူးတိုက်လို့လည်း မဟောင်
မူးမိုက်လို့လည်း မကြောင် ယောင်ချာချာ နုံအအ
ဟောင်ဖွာဖွာ ဘုံပြပြမှာ ကြုံရသမျှ အပူနွေကဲဆုံကြရလူတွေထဲ
သူ့ကိုယ်သူ ရွှေပဲလို့ ပြောနေတဲ့လူတွေက      ရှိသေးတယ်။
ရွာမှာတုန်းက လယ်လုပ် ထွန်ချကောက်စိုက်သမ စာလိုက်ပေးတဲ့ ရွှေ....
မြေသယ် အလုပ်ကြမ်း ကူလီထမ်းတဲ့ရွှေ.....
တရာ့ကိုး တရာ့တဆယ်အလုပ်မရှိ လူပုံအလယ်မှာ
  အာဆင်နယ် လီဗားပူးကမ္ဘာ့ဖလားရူးတဲ့ရွှေ.....
ဝမ်းစာရှာလိုက်ရင်းလမ်းတကာဆိုက်ကားနင်း
နှစ်လုံးထီ အတင်းထိုးတဲ့ရွှေ......အလုပ်ကအပြန် လည်ကတုံးခေါက်ရိုး
ဖက်ကြမ်း မီးပေါက်ပုဆိုးနဲ့အိပ်ကပ်ထဲဘောပင်ထိုး
လိုင်းကားတိုးစီးတဲ့ရွှေ.....နေအထွက်မှာရွှေခွက်နဲ့
ရေအပြည့်ခပ်ပေးပါဆိုပြီနေအ၀င်မှာ လေချဉ်လို့
ငွေခင်တို့ အပေါင်ဆိုင်ရောက်တဲ့ရွှေ....သူသူငါငါ အောင်လက်မှတ်
ခြူခြူချာချာ ဘောင်နဲ့ညှပ်ပြီး  နံရံမှာ အလှချိတ်ဟန်ပြသိပ်ကောင်းတဲ့ရွှေ။
ကို့ထမင်းကိုစား ကိုယ်ကတရား ကိုပွားနေတုံး
ဧဂျင့်ပွဲစားဗြုန်းကနဲရောက်လာ အလုပ်က အငြိမ်ဇယား
အိုတီကခပ်များများတဲ့ ခပ်ပါးပါးလေးပုတ်လိုက်တော့
လုပ်လိုက်ဟဲ့ ဟုတ်လိုက်တဲ့မလေးရှား...သုံးနှစ်လေးများ ဘာကြာမှတ်လို့။
အဲ့ဒီလိုဂေါ်ဖီတွေစားပြီး တော်ကီတွေပွားနေတဲ့ခေတ်မှာ
အိုးပစ်အိမ်ပစ် သားပစ်မယားပစ်နဲ့ သူဌေးသိပ်ဖြစ်ချင်တဲ့ရွှေ.....
လယ်ယာကုန်းကျင်း နှစ်ဆယ်အတိုးစာရင်းနဲ့
ဧဂျင့်လက်အပ်နှင်း အကြွေးဇယားခင်းလာတဲ့ရွှေ........
ကြောင်လျှာသီးနဲ့ဓါတ်ပုံရိုတ် ပတ်စ်ပို့ပုံ ခပ်မိုက်မိုက်
ဆွေမျိုးတသိုက်နှုတ်ဆက် လေယဉ်ပေါ်မတက်ခင် စိတ်ကူးတွေယဉ်
ဟိုရောက်ရင်ဘာညာ ဘာညာ စကားလုံးတွေနင်လာတဲ့ရွှေ.....
အဲ့ဒီရွှေတွေ မလေးရှားရောက်တော့  -ီးပဲပေါ့တွေ ဖြစ်ကုန်ရော....
ရောက်လေရာအရပ်မှာ ဇေယျဝတီ  အဆီစပ် ဘီအီးတွေနဲ့မွန်းကျပ်လာတဲ့ရွှေ......
ဝေတေတေ ၀ါးတားတား မလေးရှားရောက်တော့ ယိုးဒယားသံစဉ်ခံစား(Thai Song)
ကျန်ကွေ့နဲ့နှစ်ပါးသွားရင်း ပြန်တွေ့မဲ့မယား သားချင်းကို မေ့နေလေရဲ့။
မြန်မာပြည်မှာတောသား မလေးရှားမှာချောသလား မမေးနဲ့
ဟမ်းဖုန်းခါးကပ် ဒန်းဟေးလ် လက်ကြားညှပ် သူ့စိတ်ထဲအမေရိကားမှတ်ပြီး
ကြောင်တောင်တောင် ကျားတားတား ဘေအင်္ကျီတကားကားနဲ့  ပါစာမာလန်း
မှာဖွန်ကြောင်ရင်း လမ်းသလားနေလေရဲ့ ။
မြန်မာပြည်မှာ ကြက်၊ဘဲ မလေးရှားမှာ ၀က်၊အမဲ ရွှေတွေစားတဲ့ဝှက်ဖဲ
တိတ်တိတ်လေး ပွတ်ဆွဲကြည့်တော့ တကီလိုနှစ်ကျပ်နဲ့ အမှတ်တမဲ့
ဆွဲလာတဲ့ အမြစ် အသဲ ...ဆီအုံးတောစပ်က ရေသွယ်မြာင်း ညစ်ထပ်ထပ်မှာ
အစာတပ်ပြီး မြှားလာတဲ့ငါး ဟိုခြုံဒီကြား ၀င်သွားတိုးလျှောက် သေးပေါက်ရင်း ခူးလာတဲ့ ကန်ဇွန်းရွက်.....
ခွာလှီးထောင်း ရောမွှေ ရေနဲနဲထည့် အဲ့ဒါမလေးရှားေ၇ာက်တဲ့ ခင်ဗျားတို့ရဲ့ရွှေပါခင်ဗျာ...
စိတ်ကူးတဲ့မျှော်လင့်ချက် လက်တွေ့မကျတဲ့ မနက်ဖန်မှာ ဖက်တွယ်စ၇ာ၇ှာဖွေတော့
ဂျက်ပေါ့နဲ့ တိုတို ဆက်ဆော့တဲ့ရွှေကို ဘာလိုလိုနဲ့ ကုန်ပေါင်းလည်းများပြီ
ရောက်တုန်းရောက်ခိုက် ခပ်တည်တည်သူဌေးဆိုက် ရွှေဆိုတဲ့အကောင်တွေ တောဂိုက်နဲ့
ကေအယ်လ်စီစီ ရှေ့ဓါတ်ပုံရိုတ် ရွာကိုပြန်ပို့လိုက်တော့ ဟိုကကောင်တွေလာချင်အုန်းပေါ့....
သူဌေးမကောင်း အလုပ်ပြောင်းတော့ အိုဗာစတေးလို့ခေါ်တာပေါ့ .........
ပတ်စပို့မပါ ငွေဗလာနဲ့ ရဲတွေ့တော့ပြာတာတာ  ပေးစရာငွေမရှိ ပြေးစရာမြေမသိ
ဒါတွေရှိတယ်ဆိုတာ မယုံရင် လာကြည့်လိုက် ...မလေးရှားမှာ အလုပ်မကောင်းပေမဲ့
သရုပ်ပြောင်းတဲ့ရွှေ.. အိုဗာတိုင်မရပေမဲ့  ဂျိုကာထိုင်ချတဲ့ရွှေ... တရက်မကူးခင် စပ်ကြားမတ်ကြား
အရက်မူးရင် ရှပ်ပါးကပ်ပွားတဲ့ရွှေ ..ရွှေ...ရွှေ..ရွှေ...ဒီလိုနဲ့သုံးနှစ်တာကာလ လွန်မြောက်
ပြန်ချိန်ကိုရောက်လာတော့...ကသုတ်ကယက်နဲ့ ရုတ်တရက်ခွဲကြ..နှုတ်ဆက်ပွဲနွှဲကြ
တကတည်းဘဲ သူတို့ကိုယ်သူတို့နွံနစ်လို့နစ်မှန်းမသိ ကျွန်ဖြစ်လို့ဖြစ်မှန်း မသိတဲ့ရွှေ....
ကဲလေထားလိုက်ပါတော့ ဒါတွေပြောရင်ဒေါတွေပါတယ် ပြောနေကြာတယ် ရွှေတိုတာပြယုဂ်
ငွေဆိုတာ မဟုတ်တဲ့လောကမှာ ပြောပြစရာသနစ် လောကဘဂ၀ါနစ်ဝဲတော့ သြ.......ဒါတွေဟာဖြစ်ပျက်တွေဘဲပေါ့...
ပြက်ခဒိန်  ရက်အချိန်ဇယားတွေ တကွက်ပြီးတကွက်ရွေ့လျှား...သုံးနှစ်တာမလေးရှားခရီးမှာ ပြုံးပစ်ခွာ အကြွေးများပြီးပြတ်ရန်ကြိုးစား
ကိုယ့်ကိုယ်ကိုတန်ဖိုးထား အရိုးသားဆုံးစိတ်ကိုသွင်း အားမာန် အပြည့်ချီတက်ရင်းနဲ့ ပစ်စုပ်ပန် ကိုတဲ့တဲ့တိုး မနက်ဖန် ဆိုတဲ့မိုးတွေကလည်း
သည်းဦးမှာ.....ကဲ ...ရွှေမြန်မာတို့ရေ....ရင်ဘတ်ကိုဖြန့်ခင်းပြီး နှလုံးသွေးနဲ့ ရေးခြစ်လိုက်တဲ့ ဟောဒီကဗျာ အက်ခရာတွေကိုဖတ်ရှု့ မှတ်ပြုပြီး
နှလုံးသွင်း ကဗျာဖတ်မပျက် ရှေ့ဆက်ရင်းနဲ့ မင်းတို့ တွေအသက်ပြင်း နိုင်ကြပါစေ..........



Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>