သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ နောက်တစ်ပုဒ်ရေးဦးမယ်ဗျာ၊ ဒီနေ့ ဒါတွေချည်းရေးလို့ မိန်းမ မုန်းတီးရေး ၀ါဒသမားလို့တော့ မထင်မိစေချင်ပါဘူးဗျာ၊ မြင်နေ တွေ့နေ ကြားနေရတဲ့ အရာတွေက ဆိုးလွန်းနေလို့ပါ၊
ဒီတစ်ခါတော့ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါဘူးဗျာ၊ ကျနော့ရဲ့ သူငယ်ချင်းတွေထဲက မိန်းခလေး သူငယ်ချင်း တစ်ချို့နဲ့ပဲ နှိုင်းယှဉ်ပြီး ပြောပါ့မယ်၊ ကျနော်တို့ သူငယ်ချင်းတွေ ဆုံကြရင် သိပ်ပျော်စရာ ကောင်းပါတယ်၊ ဒါကတော့ လူတိုင်းလိုလို ဖြစ်ပေါ်မယ့် ပျော်ရွှင်မှုမျိုးပါ၊ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ သူငယ်ချင်းအချင်းချင်း သဘောထား ကွဲလွဲတာလေးတွေလည်း ရှိတတ်ပါတယ်၊ သူငယ်ချင်း အချင်းချင်း သူနိုင်ကိုယ်နိုင် စကားစစ်ထိုးရင်း ပြောကြဆိုကြတာက ပြသနာမဟုတ်ပေမယ့်၊ သူငယ်ချင်း အချင်းချင်း အရွှဲ့တိုက်တာမျိုးကတော့ ပြသနာတစ်ရပ် ဖြစ်လာတတ်ပါတယ်။
ကျနော်က အခုလိုပဲပေါ့ အပြင်မှာ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါတွေမှာလည်း အနေအထိုင်၊ အသွားအလာ ဆင်ခြင်ဖို့၊ မိန်းခလေးက ယောက်ျားလေးလို မနေဖို့၊ မလုပ်ဖို့တွေ ပြောလေ့ရှိပါတယ်၊ ဒီလိုနဲ့ တစ်နေ့မှာတော့..... သူငယ်ချင်း ကောင်မလေးတွေထဲက တစ်ယောက်နဲ့ ကျနော်.... ပြသနာတက်ပါတော့တယ်....
သူငယ်ချင်းကပြောတယ်ဗျ
ယောက်ျားလေးတွေ သွားလို့ရတဲ့နေရာတိုင်းကို
မိန်းခလေးတွေလည်း သွားခွင့်ရှိတယ်
ယေက်ျားလေးတွေလိုပဲ သွားနိုင်ပါတယ်.... တဲ့။
မှန်တော့ မှန်တယ်သူငယ်ချင်း
ဒါပေမယ့်.... တစ်ချို့တစ်ဝက်ပဲ မှန်တာပါ
မှန်တယ်ဆိုတာက......
ပုခက်လွှဲတဲ့လက်က တိုင်းပြည်ကို အုပ်ချုပ်နေပြီ
မိန်းခလေးတွေ ဘောလုံးကန်လို့
လက်ဝှေ့ထိုးတဲ့ ခေတ်ကို ရောက်နေပါပြီလေ။
ဒါပေမယ့် ဆိုတာက......
မိန်းခလေးတွေဟာ ယောက်ျားလေးတွေလို
ထမီကို ခါးတောင်းကျိုက်
အကျီမပါ ကိုယ်ဗလာသက်သက်နဲ့
လမ်းထွက်ရဲတဲ့အခြေအနေမျိုးတော့ မရောက်သေးပါဘူး
အဲ့ဒီအခြေအနေမျိုးရောက်ဖို့လည်း
မတွေးစေချင်ပါဘူးလေ။
ဒို့... စကားပုံတွေရှိပါတယ်
ဖါးတုလို့ ခရုခုန်ရင် အိုင်ပျက်ရုံ ရှိမယ်တဲ့
မိန်းမသားတို့ အိနြေ္ဒ ရွှေငွေပေးမရတဲ့
ဒီစကားတွေ မပျောက်ပျက်ပါစေနဲ့လို့ ဆုတောင်းလိုက်မယ်
အိနြေ္ဒရရ နေတတ်တဲ့
ချစ်စရာ့ မြန်မာ့အမျိုးသမီးလေး
ဖြစ်စေချင်လို့ပါ။
ဒါပေမယ့် အခုတော့လည်း အရင်တုန်းကလိုပါပဲ၊ သူငယ်ချင်းက ကျနော့ကို နားလည်သွားလို့ အခင်အမင်မပျက် ခင်မင်လျှက်ပေါ့ဗျာ.....