တုန်ရီမောဟိုက်နေသော….ရင်အစုံ……..ကနိမ့်ချည်မြင့်ချည်……နဲ့…..
တဆတ်ဆတ်တုန်ခါနေသော …ခန္ဒာကိုယ်က……ထိန်းချုပ်လို.မနိုင်….
ချွေးစေးတွေက…..တကိုယ်လုံးရွဲရွဲ….နစ်နစ်……….
ဒီစက်ဆုပ်ဖွယ်……အလွန်အမင်းကြောက်မက်ဖွယ်…အဖြစ်ဆိုးကြီး …….ကို …အားကုန်သုံးပြီး…ရုံးကန်လိုက်ပါတယ် ………ခန္ဒာကိုယ်က..ငေါက်ခနဲ့ ထထိုင်လိုက်မိတော့မှ …….
အိမ်မက်ဆိုးကြီး…….ထံမှ လွက်မြောက်ခဲ့ပါသည် …….ကမ္ဘာပျက်ဖွယ် အိမ်းမက်ဆိုးကြီး……
ခြောက်လန့် မူက……၁နှစ်ကို …..၃ ခါလောက်ပုံမှန်မက်ပါတယ်……အဲ့ ဒီ အိမ်မက်ပြီးတာနဲ့ …..ကျမ မှာ တပါတ်လောက်ဖျားတော့တာပါပဲ……………
တသက်လုံး..ဒီအိမ်မက်ဆိုးက …လွတ်ပါတော့မလား…….၀ဋ်ကြွေး…ရှိရင်….ဒီဘ၀နဲ့ ပဲ ကြေပါစေတော့ရှင်….
***********************************************************************************************
ကျမ ဘ၀လေးက ……ဒီလို ……ပဲ တယောက်တည်းနေသားကျနေတာကြာခဲ.ပါပြီ…..လူများတဲ့ နေရာတွေ ဆိုရှောင်တယ်……အိမ်မှာ …လူရှုပ်လာရင် …အခန်းထဲ မှာ …ပုန်းနေတတ်တာ…အကျင့်ပါနေပါပြီ…..
နောင်နှစ်ရက်ကြာရင် မလတ်မင်္ဂလာဆောင်မို ……ခုကတဲက ..အိမ်မှာ လူရှုပ်နေပါပြီ…….
ဒီတခါတော့..ကျမ လဲ ပုန်းလို့ မရတော့ပါဘူး ..ကိုယ်အမ ..ကိစ္စ မို ….ကူညီရမည်လေ ……
မေမေက လဲ ..အပြင်အလုပ်များသည်မို့………အိမ်ကပြင်ဆင်စရာတွေ ကို…ကျမ ကို ပဲ လွဲထားခဲ့ပါတယ် ……
ကျမတယောက် လူတွေ ကိုတောင်သတိမထားမိလောက်အောင်အလုပ်ရှုပ်နေပါတယ် …..
ကျမကို လိုက်ကြည့်နေတဲ့ ..မျက်လုံးတစုံကိုတောင်..သတိမထားလိုက်မိပါဘူး……..
မင်္ဂလာဆောင်က….အောင်မြင်စွာပြီး ဆုံးခဲ့ပါပြီး……..အိမ်မှာ လဲ လူရှင်းသွားပါပြီ…….
မေမေက ..ကျမကိုစကားစလာပါတယ်…သမီးငယ် …အသက်လဲ မငယ်တော့ဘူးနော် ……အိမ်ထောင်ပြုဖို့ စိတ်ကူးရှိလားတဲ့……….ကျမမေ့မေ့ ကို အားငယ်စွာမော့ကြည့် မိပါတယ် ……..မေမေက..အားငယ်စရာဘာရှိလို့ လဲ သမီးရယ် ……ခု သမီးလေးက လှ သွေးကြွယ်လာတော့…….တောင်းရမ်းတဲ့ လူရှိလာပြီလေ..တဲ့ ……..
ကျမ အလွန်အံသြသွားပါတယ် ……….မေမေရယ် မဖြစ်နိုင်ပါဘူး……..ကျမရဲ့ …….အရိပ်ဆိုးကြီး ကို မသိခင်သာ..လိုချင်တာနေမှာပါ ……ကျမ..မျက်ဝန်းမှ မျက်ရည်စက်တချို့ ….ကြမ်းပြင်ပေါ် သို. ..ကြွေ ကျ သွားပါသည် …။ ……….
ကျမ အရိပ်ဆိုးရှိခဲ့ တဲ့ …မိန်းခလေးပါ ………အဲ့ ဒီ အရိပ်ကြီးက …ကျမ ကို တသက်လုံး ..နလန်မထူအောင်ခြောက်လန့်နေပါတယ် ……..
ငယ်ငယ်က …ကျမရဲဘ၀လေး…… ဟာ ပျော်ရွှင်မူတွေ့ အတိနဲ့ ပါ ………..မိဘရဲ့ ပြည့်စုံမူကြောင့်..လိုတရ ..ခဲ့ပါတယ် …..အငယ်ဆုံးလေး မို့…အ လို ..လိုက်ခံ ရသူလေးပါ ……..
ကျမ ..လေးတန်း ကိုရောက်ခဲ့ပါတယ် ……မိုးအရမ်းရွာတဲ့ နေ့ တနေ. မှာတော………..
အိမ်က လာခေါ်သူနောက်ကျ လို့……ကျောင်းရှေ့ မှာ ..ကျမ တယောက်တည်း ရပ်စောင့် နေခဲ့ ပါတယ် …….
မိုးက လဲ အရမ်းရွာ……ကျောင်းသားတွေ လဲ ကုန်သလောက်ရှိနေတာ မို့ လို. …….ကျမ လဲ ..အိမ်အရမ်းပြန်ချင်နေတာပေါ့ ….အဲ့ ဒီ အချိန် ဦးလေးကြီး တယောက်က ………ကလေးလေးက ချစ်စရာလေး……အိမ်က လာမခေါ်သေးလို့ လား…..ဦး လိုက်ပို. ပေး မယ် တဲ့ …….ကျမ လဲ အလွန်ပြန်ချင်နေတာမို. …ဦးက ကျမ ဖေဖေ ကို သိလို့ လားလို့ မေး လိုက်မိပါတယ် ……သူက သိတာပေါ့ …လာဦး လိုက်ပို့ ပေးမယ် တဲ့………ကျမ လက်ကို ဆွဲ ပြီး ..ခေါ်လာခဲ့ပါတယ် …….လူရှင်းသောသစ်ပင်ကြီး တပင်အောက်လဲ ရောက်ရော ……..ဦးလေးကြီး က ……ကျမကို အတင်းဖက်ပါတော့တယ် …..ကျမ လဲ ကြောက်လန့် ပြီး …အတင်းရုန်းတော့ …….ကျမကို စိတ်ဆိုးပြီး လက်ပြန်ရိုက်ချ လိုက်ပါတယ် ……..
ကျမ သတိပြန်ရ လာတော့…..မေမေက..အနားမှာ ငိုနေပါတယ် ……….ဖေဖေကတော့…….အလွန်ကြေကွဲနေတဲ့ ..ပုံနဲ့ ကျမကိုကြည့် နေပါတယ် …….ပြီးတော့ …အလွန်သမ်းနည်းသွားတဲ့ ပုံနဲ့ …ကျမ ကို ဖက်ပြီး …ယောက်ျားတန်မဲ့ ငို ပါတော့တယ် …….
ကျမ တကိုယ်လုံးနာကျင်နေပါတယ် …….ဆရာဝန်တွေ နဲ့ …လူကြီးတွေ ပြော စကားအရ ..ကျမ သိ လိုက်ရတာတော့ ……….ကျမ မုဒိန်း..အကျင့်ခံ လိုက်ရတာတဲ့ ………….
ကျမရဲ့ ဘ၀ဟာ လောင်းရိပ်မှာရှင်သန်လာရ တဲ့ ……ပန်းလေးလို ……..ပွင့်သာပွင့်ရတယ် ……စွင့်စွင့်ကားကားမရှိ…….ထာဝရ. ပိန်လှီ…...ညှိုးနွမ်းစွာနဲ့ပေါ့…….
သူ ….ကျမရှိကို တန်းတန်းမတ်မတ်လာနေပြီ…….ကျမ ထွက်ပြေးဖို့ အချိန်မရတော့ပါ …….မေမေလွတ်လိုက်တာနေမှာ……….မထူးတော့ပြီမို့ ဆက်ပဲ ထိုင်နေ လိုက်ပါသည် …….
သူက ဘေးမှာ ဖြေးဖြေးလေး ၀င်ထိုင်လိုက်ပြီးတော့ ကျမ ကို ပြုံးပြပါတယ်…..ကျမမှာသာ …မပြုံးနိုင်ပါပဲ ……
ကျမ အထပ်ထပ်ငြင်းထားပြီးပြီလေ……ကျမ အတွက် အချိန်ကုန်မခံ ပါနဲ့ …….လို့ပြောလိုက်မိပါတယ် ….သူက …..ကျွန်တော်က ဆရာဝန်တယောက်မို့ ……မငယ်ရဲ့..အိမ်မက်ဆိုးကနေ လွတ်မြောက်အောင်ကူညီချင်ပါတယ် …ကျွန်တော်စေတနာကို နားလည်ပေးပါတဲ့ …..
သူက အပြောကောင်းသူတယောက်မို……..ကျမ ရဲ့ အစွဲအလန်းကို..ဖြောက်ဖို့ သူအကူအညီ ကို လက်ခံ ခဲ့ ပါတယ် …….
သူက ကျမ ကို …..မသန်မစွမ်းသူများကျောင်း……စွံအ နားမကြားကလေး များကျောင်းတွေ ကို ခေါ်သွားပါတယ် ….ပြီးတော့ သူက …….ငယ် …တွေ တယ် မလား ……ဘ၀ ကို အရုံးမပေး သူတွေ လေ ……သူတို ဆို ငယ် ထက် အများကြီး ဆိုးတာပေါ့ ……သူတို့လေးတွေ က…ကိုယ်ကာယရော …ငွေကြေး……….ပါချို့ တဲ့ ကျတာ….ဒါပေမဲ့ ဘ၀ ကို အရုံးမပေး တဲ့ စိတ်ကြောင့်….ခုလို …လူကောင်းနဲ့ မခြား….အလုပ်တွေ လုပ်နိုင်တယ်…….အောင်မြင်မူတွေ လဲ ရကြတယ် တဲ့ ………သူရဲ့အကူအညီ နဲ့ …ကျမ …….စိတ်ဓါတ်ကြံ ခိုင်မူ အများကြီးရခဲ့ပါတယ် …..
ကျမ..တရားစခန်းတွေ လဲ ခဏခဏ ၀င်ဖြစ်ပါတယ်…ကံ ကံ ၏ အကျိုးကို လဲ…အတော်လေး နားလည်ခဲ့ပါပြီ……….မက်နေကြအိမ်မက်ဆိုးတွေ လဲ …မမက်တော့ပါ ဘူး ….ကျမ ရဲ့ဘ၀ဟာတော်တော်လေး အေး ချမ်းနေပါပြီ ………စေတနာ့ အပြည့်နဲ့…ကူညီခဲ့ တဲ့ သူကို လဲ…အထူးပဲ ကျေးဇူးတင်ပါတယ်….
*************************************************************************************************
ငယ်……….အားလုံးလဲ အဆင်ပြေသွားပြီ……မိဘတွေက လဲ အားလုံးသဘောတူကြတယ် ……..ငယ်လဲ အိမ်မက်ဆိုးက လွတ်သွားပြီ…….ကိုယ်အချစ်ကို ..လက်ခံမယ် ..မဟုတ်လား တဲ့ ……..
သူကပြောလာတော့……….ကျမ မှာ အဖြေက အဆင်သင့်ရှိပြီး သားပါ..သူရယ် ………………
ကျမ ..အတိတ်ကံ မကောင်းခဲ့ လို ……..နှစ်ပေါင်းများစွာ …….အိမ်မက်ဆိုးထဲ မှာ နစ်မြုတ်နေခဲ့ရတယ် …..
ခု ..ကံ အကျိုးပေးလေး ကောင်းလာလို့ ….လွတ်လပ်ခွင့်ရခဲ့ပါတယ် ………..ကျမ တို့ ဟာ…ဒီသံသရာထဲ မှာ ..ဘ၀ပေါင်းများစွာ ကျင်လည်နေရ အုံးမှာပါ………………..နောင်လာမဲ့ ဘ၀ ပေါင်းများစွာ ..အတွက်…….အရိပ်ဆိုးပါမလာအောင် ……ကျမ သာသနာဘောင်ဝင်ဖို. ဆုံးဖြတ်ထားတယ် ……
ကျမကို အားလုံး နားလည် နိုင် လိမ့် မယ် လို. ထင်ပါတယ် …..
..ကျမ..သူ.အ ပေါ်တင်……ခဲ့ တဲ့ …….စေတနာကြွေးတွေ ကို လဲနောင်ဘ၀မှ …ဆပ်ခွင့် ပြုပါနော် ……..
ခင်မင်လေးစားလျှက်......
မှုံနံ.သာဖြူ...