Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မိုးခါးရေ

$
0
0

ကျွန်တော်ကစားသောက်ဆိုင်တစ်ခုကစားပွဲထိုးတစ်သောက်ပါ။ကျွန်တော်နဲ့ အတူစားပွဲထိုး၅ယောက်ရှိပါတယ်။
ပြီးတော့ကျွန်တော်တို့ ကိုလိုက်ကြည့်တဲ့စူပါဗိုက်စာဆိုတာ၁ယောက်နဲ့ ကောင်တာမှာငွေသိမ်းတဲ့မန်နေဂျာဆိုတဲ့ပုဂ္ဂိုလ်နဲ့ ဆို
အားလုံး ၇ ယောက်ရှိပါတယ်။ကျွန်တော်တို့ ဆိုင်ကိုပိုင်တဲ့သူဌေးကတပတ်ကိုတစ်ရက်ပဲလာတယ်။အားလုံးမန်နေဂျာနဲ့ ပဲလွှဲထားတယ်။
ပြောရမယ်ဆိုရင်ဒီဆိုင်မှာမန်နေဂျာပြီးရင်အားလုံးပြီးတယ်ဆိုပါတော့။ကျွန်တော်ကအလုပ်စ၀င်တဲ့လူသစ်ဆိုတော့ အလုပ်ကိုကျိုးစားပြီးလုပ်ရတယ်
ပြီးတော့ကျွန်တော့အရင်ရောက်နေတဲ့စားပွဲထိုးအစ်ကိုတွေရဲ့ ခိုင်းတာကိုလဲလုပ်ရတယ်။။
ကျွန်တော်တို့ ဆိုင်က coffee shop ဆိုတော့အရည်မျိုးစုံရောင်းပါတယ်။အစားအသောက်ကိုတော့ဘေးဆိုင်ကလေးတွေကရောင်းပါတယ်
ကျွန်တော်တို့ အလုပ်ကလူလာရင်ဘာသောက်မလဲလို့ မေး ပြီးရင်အဖျော်ခန်းထဲကအဖျော်ဆရာကိုပြော ဖျော်ပြီးတာနဲ့ ယူလာပြီးပေးပိုက်ဆံရှင်း အဲဒီပိုင်ဆံကိုကောင်တာကမန်နေဂျာဆီမှာအပ်ရတယ်ဆိုပါတော့။အဲဒီလိုလုပ်တာကိုဆိုင်အခေါ်အရ အော်ဒါကောက်တယ်လို့ ခေါ်ပါတယ်
ကျွန်တော်ကလူသစ်မို့ လို့ အော်ဒါမကောက်ရပါဘူးသူတို့ ပဲကောက်ကြတယ် ကျွန်တော့ကိုတော့စားပြီးသားပုဂံတွေနဲ့ သောက်ပြီးသားဖန်ခွက်တွေပဲ သိမ်းခိုင်းတယ်
ဒီလိုနဲ့ ၎ -၅ လလောက်ကြာလာတော့ကျွန်တော်လဲအော်ဒါကောက်တတ်လာတယ်။အဲဒီလိုကောက်တတ်လာတော့အရင်အစ်ကိုတွေကကျွန်တော့ကို
ဟေ့ မောင်မောင် ပိုက်ဆံတွေကိုသေခြာရှင်းနော် ပြီးရင်မန်နေဂျာဆီမှာသေသေခြာခြာအပ်
ဟုတ်ကဲ့အစ်ကိုစိတ်ချပါ မမှားစေရပါဘူးကျွန်တော်ဂရုစိုက်ပါ့မယ်
စူပါဗိုက်စာဆိုတဲ့လူကလဲ ကျွန်တော့ကိုပဲသတိထားစောင့်ကြည့်တယ်။အဲဒီတော့ကျွန်တော်ကလဲမမှားအောင်ဂရုစိုက်ပြီး
ွှလုပ်ကိုလုပ်ရတယ်။တနေ့ တော့တိုဆိုင်မှာကျွန်တော့အရင်ရောက်တဲ့အစ်ကိုတစ်ယောက်က
သူရှင်းလာတဲ့ပိုက်ဆံတစ်ချီု့ တစ်ဝက်ကိုသူ့ ဘောင်းဘီအိပ်ထဲကိုထည့်လိုက်တာကျွန်တော်တွေ့ လိုက်တယ်
ကျွန်တော်လဲတစ်ကြိမ်မို့ လို့ ပဲလေဆိုပြီးအမှတ်တမဲ့နေလိုက်ပါတယ်။ ဒါပေမဲ့ သတိထားကြည့်မိတော့
သူတို့ အားလုံးဟာရောင်းရတဲ့ပိုက်ဆံတစ်ချို့ တစ်ဝက်ကိုဒီလိုပဲနေ့ တိုင်းယူနေတာသွားတွေ့ ရတယ်
ကျွန်တော်ပြန်စဉ်းစားမိတယ် ငါ့ကျတော့ပိုက်ဆံကိုဂရုတစ်စိုက်ရှင်းလို့ ပြောပြီး သူတို့ ကျတော့
ပိုက်ဆံတွေကို ခိုးနေကြတယ်။ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားတယ်။ ဒါပေမဲ့
လောလောဆယ်အဖြေမရဘူး။အဲ တစ်ရက်နှစ်ရက်လောက်ကျမှအဖြေရသွားတယ်
၁။။ သူတို့ ခိုးတာကိုဖမ်းပြီးသတိပေးတဲ့နည်း
၂။။ သူတို့ ကိုဘာမှမပြောပဲ မန်နေဂျာကိုသွားပြောတဲ့နည်း
ဒီလိုနဲ့ ဆိုင်ပိတ်တဲ့တစ်ရက်မှာသူတို့ ပိုက်ဆံယူတာကိုရိပ်မိတဲ့အစ်ကိုတစ်ယောက်ကကျွန်တော့ကိုခေါ်ပြီး
ညီလေး မောင်မောင် မင်းသိရင်မင်းဝမ်းထဲထားပါကွာ သူဌေးပေးတဲ့လခကနဲလို့ အစ်ကိုတို့ လုပ်ရတာပါ
ဘယ်သူမှမပြောနဲ့ နော် ။မင်းလဲလုပ်ချင်ရင်လုပ်အစ်ကိုတို့ မသိချင်ယောင်ဆောင်နေမယ် သိလား။
ကျွန်တော့ကိုအဲဒီလိုစည်းရုံးပါတော့တယ်။ရက်တော်တော်ကြာတဲ့အထိဘယ်လိုလုပ်ရင်ကောင်းမလဲလို့ 
အဲဒီကိစ္စကိုစဉ်းစာနေမိတယ်။ကျွန်တော်ကတော့ခိုးလို့ မဖြစ်ဘူး ။ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်က
မိဘမရှိတော့ဘူးလေ ရွာကဘုန်းကြီးကျောင်းမှာနေရတာဆိုတော့ ဆရာတော်ကအမြဲဆုံးမတယ်
ဟေ့ ဒကာလေးမောင်မောင် သူများပစ္စည်းကိုပိုင်ရှင်မသိဘဲမယူနဲ့ မခိုးနဲ့ နော် သူများမသထာရေစာစားရင်
သံခဲကျောက်ခဲမျိုရသလိုပဲဘယ်တော့မှလူမွှေးမပြောင်ဘူး။ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့ 
သူများမိုးခါးရေသောက်လိုံ့ လဲကိုယ်လိုက်မသောက်နဲ့ သတိကြပ်ကြပ်ထား။
တင်ပါဘုရားတပည့်တော်ဂတိပေးပါတယ်
အဲဒီလိုဂတိခံခဲ့ရတော့ကျွန်တော်ခိုးလို့ မဖြစ်ဘူး။သူဌေးကနေတဆင့်ဆရာတော်သိသွားရင်မလွယ်ဘူးလေ
ဒီလိုနဲ့ ဆိုင်ပိတ်တဲ့တနေ့ ကျွန်တော်နဲ့ ခင်နေတဲ့ အစ်ကိုကြီးကိုပြောမိတယ်
အစ်ကို ခင်ဗျားသူများပိုက်ဆံတွေမယူပါနဲ့ လားဗျာ ပိုင်ရှင်မသိပဲယူတာမကောင်းပါဘူး
အဲဒါခိုးတာနဲ့ အတူတူပဲ ကိုယ်ကျင့်တရာူပျက်ရာမကျဘူးလား၊၊
ဟ မောင်မောင် ကလဲ မင်းတော်တော်ညံ့တဲ့ကောင်ပဲ မန်နေဂျာကအစအားလုံးယူနေကြတာ
သူများမိုးခါးရေသောက်လို့ မှကိုယ်မသောက်ရင်ကိုယ်လူမိုက်ဖြစ်သွားမှာပေါ့ကွ
မင်းလဲအဆင်ပြေသလိုသာလုပ်ငါသွားတော့မယ်
ဒီလိုနဲ့ အစ်ကိုကြီးထွက်သွားတော့ ဆရာတော်ပြောတာကိုလဲသတိရမိတယ်
ဒကာလေးမောင်မောင် သူများမိုးခါးရေသောက်လို့ လဲကိုယ်လိုက်မသောက်နဲ့ နော်ကြပ်ကြပ်သတိထား
ရက်တော်တော်ကြာတော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခှချလိုက်တယ်။ဒီကိစ္စသူဌေးသိသွားရင်အားလုံးဒုက္ခရောက်
ကုန်မယ်။ကျွန်တော်လဲနာမည်ပျက်မယ်။ဒါကြောင့်မန်နေဂျာကိုပြောပြဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်
ပိတ်ရက်တစ်ရက်မှာမန်နေဂျာဆိုတဲ့ဦးလေးကိုကျွန်တော်သွားတွေ့ ပြီး
ဦးလေး စားပွဲထိုးတွေအားလုံးပိုက်ဆံခိုးနေတာကျွန်တော်တွေ့ ရတယ်။အဲဒါဦးလေးခေါ်ပြီးဆုံးမပေးပါလား
ကျွန်တော်ကအားလုံးကောင်းစေချင်လို့ လာပြောပြတာပါ
သြော် အေးအေး မင်းဘယ်သူ့ ကိုမှလျှောက်မပြောနဲ့ နော်။မင်းစိတ်ထဲမှာပဲထား
ဦူလေးသူတို့ ကိုခေါ်ပြီးဆုံးမပေးမယ်သိလား။
ဟုတ်ကဲ့ဦးလေး ကျေးဇူးတင်ပါတယ်
ဒီလိုနဲ့ နေလာလိုက်တာ တနေ့ မှာ --လာစားတဲ့သူတွေကလဲများနေတဲ့အချိန်
ကျွန်တော်ပုဂံတွေသယ်လာတုံး စားပွဲထိုးအစ်ကိုတစ်ယောက်က အမှတ်တမဲ့ ကျွန်တော့်ကို
မတော်တဆသဘောမျိုးနဲ့ ဝင်တိုက်လိုက်တယ် အဲဒီတော့
ကျွန်တော့်လက်ထဲကပုဂံတွေအားလုံးကျကွဲကုန်တယ်။လူတွေအားလုံးလဲကျွန်တော့်ကိုဝိုင်းကြည့်ကြတယ်
ရှက်လိုက်တာမပြောပါနဲ့ တော့။ ဒါနဲ့ ပုဂံကွဲတွေကိုမြန်မြန်လိုက်သိမ်းပြီး ကြမ်းပြင်ကိုလဲသန့် ရှင်းရေး
ပြန်လုပ်လိုက်တယ်။ပြီးတော့ မန်နေဂျာကကျွန်တော့်ကိုခေါ်ပြီး
မောင်မောင်ရာ ပုဂံတွေကိုသေသေခြာခြာသယ်မှပေါ့ကွာခုတော့ကွဲကုန်ပြီ။အလုပ်ကိုဂရုစိုက်မှပေါ့
ကျွန်တော်ပြန်ပြောမလို့ ပါးစပ်အဟမှာ--
တော်ပြီ မင်းဘာမှပြန်ပြောမနေနဲ့ လုပ်စရာရှိတာသွားလုပ်တော့
သြော်ပြန်ဖြေရှင်းခွင့်တောင်မပေးတော့ပါလား တော်တော်စိတ်ဆိုးသွားတာပဲ
ဒီလိုနဲ့ လကုန်ရက် လခထုတ်တဲ့နေ့ မှာ သူဌေးရောက်လာပြီးကျွန်တော်တို့ အားလုံးကိုလခထုတ်ပေးတယ်
ပြီးတော့ကျွန်တော့်ကိုခေါ်ပြီး --
မောင်မောင် မင်းလုပ်လို့ ပုဂံတွေကွဲသွားတယ်ဆို မန်နေဂျာကပြောနေတယ် ဟုတ်သလား
ဟုတ်ပါတယ်သူဌေး
ပြီးတော့ သူတို့ အားလုံးကပြောကြတယ် မင်းကအလုပ်ကိုကျိုးကျိုးစားစားမလုပ်ဘူတဲ့
ကျွန်တော် သူတို့ အားလုံးရဲ့ မျက်နှာကိုလိုက်ကြည့်လိုက်တယ် ။အားလုံးမျက်နှာလွှဲနေကြတယ်
ကျွန်တော်နဲ့ ခင်တဲ့အစ်ကိုတစ်ယောက်ပဲ ၀မ်းနည်းနေတဲ့မျက်နှာနဲ့ ကျွန်တော့်ကိုကြည့်နေတာသတိထားမိတယ်
သူဌေးကကျွန်တော့်ကိုဆက်ပြောတယ်
ဒါဆိုရင်သူတို့ အားလုံးကလဲသဘောမကျဘူး ဆိုတော့မင်းကိုငါအလုပ်ဆက်ခိုင်းလို့ မဖြစ်တော့ဘူး
ရော့ဒီမှာမင်းလစာ
သူဌေးကမ်းပေးတဲ့လစာစာအိပ်ကလေးကိုလှမ်းယူလိုက်ပါတယ်။ပြီးတော့သူဌေးက
တကယ်သာဆက်လုပ်မယ်ဆိုရင်မင်းခွဲခဲ့တဲ့ပုဂံတွေရဲ့တန်ဖိုးကိုမင်းရော်ရမှာ
ဒါပေမဲမင်းကိုငါဆက်မခိုင်းတော့ဘူးဆိုတော့
အဲဒီပုဂံဖိုးတွေမဖြတ်ပဲ မင်းလစာအပြည့်ငါပေးလိုက်တယ်
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်သူဌေး
ကျွန်တော်ပြောပြီးလှည့်ထွက်လာခဲ့တယ်
နောက်ကခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ ကျွန်တော့်ကိုခင်တဲ့အစ်ကိုဖြစ်နေတယ်
သူကကျွန်တော့်ပုခုံးကိုဖက်ပြီး
မင်းတော်တော်မိုက်တာပဲမောင်မောင်ရာ ဘာဖြစ်လို့ မန်နေဂျာကိုမှသွားပြောရတာလဲကွာ
သူတို့ အားလုံးကအတူတူတွေချည်းပဲကွ။ဒါကြောင့်အကွက်ဆင်ပြီးမင်းကိုအလုပ်ထုတ်လိုက်တာ
ဗျာ တကယ်လားအစ်ကို
ဟုတ်တယ်ဒါကြောင့်မင်းကိုအစ်ကိုပြောခဲ့သားပဲ ဘယ်သူမှမပြောပါနဲ့ လို့ 
သူများမိုးခါးရေသောက်လို့ မှကိုယ်လိုက်မသောက်တော့ ကိုယ်လူမိုက်ဖြစ်သွားတာပေါ့ကွာ
အစ်ကိုကြီးစကားအဆုံးမှာတော့ ကျွန်တော်စကားတစ်ခွန်းပြောပြီး နှုတ်ဆက်ထွက်လာခဲ့ပါတော့တယ်
ကျွန်တော်ပြောခဲ့တဲ့စကားကတော့။။။။။
ကျွန်တော်လူမိုက် မိုးခါးရေမကြိုက်ဘူးအစ်ကို
မှတ်ချက်။။ ဖြစ်ရပ်မှန် ကိုယ်တိုင်ရေးဘလော့ ဖြစ်ပါသည်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>