Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရေမျောပန်းလေး...........

$
0
0

                         ``ဒေါက်........ ဒေါက်....... ဒေါက်...´´ တံခါးခေါက်သံကြောင့် လန့်နိုးလာပြီး အိမ်ရှေ့ကိုထွက်လာခဲ့တယ်.... ပြီးတော့

တံခါးပေါက်လေး ဘေးက    လူကြည့်ပေါက်လေးကနေ  ချောင်းကြည့်လိုက်တယ်…  တံခါးအရှေ့ မှာ  လူတစ်ယောက် လဲနေပါလား…..

ကမန်းကတန်းတံခါးဖွင့်ပြီး ကြည့်လိုက်တော့  ကောင်မလေးတစ်ယောက် ဂျင်းဘောင်ဘီနဲ့ တီရှပ် အဖြူလေးနဲ့….  အိတ်လေးတစ်လုံးကို

လွယ်ထားတယ်….. မိုးရေတွေလဲ စိုရွှဲနေတယ်…. သတိ မလစ်သေးပေမဲ့   အားအင်ကုန်ခမ်းနေပြီ ဖယိုဖရဲနဲ့    ပြေးလွှားလာရတဲ့ ပုံစံမျိုး

ပါးစပ်က စကားမပြောနိုင်ဘူး…. လဲနေလျှက်က လက်ကလေးတစ်ဘက် မြှောက်တက်လာတယ်…..တစ်ခုခု ပြောချင်သလိုပဲ…  နောက်

တော့ လက်ကလေး ပြန်ကျသွားတယ်၊ သတိလစ်သွားတာလား၊ အဖျားတက်သွားတာလားမသိဘူး၊    အင်း…..  ဒီ ကောင်မလေး ရှိလှမှ

အသက်(၂၀)ကျော်ယုံလေးပေါ့……  ညကြီးမင်းကြီး ဘာဖြစ်လာပါလိမ့် သူ့  ပုံစံလေးနဲ့ အန္တရာယ်များလိုက်တာလို့…..။

                           ချက်ချင်းကြီး  တစ်ခုခု လုပ်ပေးဖို့ကို  တွန့်ဆုတ်နေမိတယ်…..  အိမ်မှာကလဲ  တစ်ယောက်ထဲ  ကောင်မလေးကလဲ

အရွယ်ကောင်းလေး…. နောက်ပြီး လှလှပပလေး……..  ဘယ်လိုလုပ်ရပါ့လို့   တွေးရင်း  မထူးပါဘူး ဒုက္ခရောက်လာတဲ့ လူတစ်ယောက်

ကိုတော့ ဒီအတိုင်း ပစ်မထားနိုင်ဘူးလို့ တွေးပြီး ပွေ့ချီလာခဲ့တယ်… ပြီးတော့ အိမ်ရှေ့က ဆက်တီ ပေါ်မှာ တင်ထားလိုက်တယ်၊  စိုရွှဲနေတဲ့ 

အ၀တ် အစားတွေကို လဲပေးဖို့ကလဲ မသင့်တော်ဘူး…… ဘယ်သူမှန်းလဲ မသိ၊ ဘာဖြစ်လာမှန်းလဲ မသိ…….      နောက်တော့ နေ့တိုင်း

နွားနို့ပို့နေတဲ့  ပေသီး  ဆိုတဲ့ ကောင်မလေးကို သတိရမိသွားတယ်….  ချက်ချင်းပဲ  ထီးနဲ့ ဓါတ်မီးနဲ့ တစ်ဘက်ခြံကို ကူးလိုက်တယ်…….

ပြီးတော့ ပေသီးတို့ အိမ်ကိုနှိုး…..  ပေသီးနဲ့ သူ့အမေကို အကျိုး အကြောင်းပြောပြပြီး  အ၀တ်လဲပေးဖို့နဲ့     ကျွန်တော့်ကို ကူညီပေးဖို့ကို

ပြောလိုက်ရတယ်….. ပေသီးနဲ့ သူ့ညီမလေး အိပ်ချင်မူးတူးနဲ့ လိုက်လာကြတယ်…..  ပေသီးက (၁၇)နှစ်လောက်၊ သူ့  ညီမလေးကတော့

(၁၀)နှစ်လောက်ပေါ့……..

`` အဆင်ပြေလား ပေသီး….´´

`` ဟုတ်….. ပြီးပြီ ဦးဦး အ၀တ်လဲပေးထားတယ် ရေလဲသုပ်ပေးထားတယ်…. အဖျားတက်နေတယ် ထင်တယ်…. သတိမရသေးဘူး. ´´

`` ဟုတ်လား….. ဦးဦး ဆရာဝန်ခေါ်လိုက်မယ်. ဒီညတော့ ဦးဦးကို ခဏစောင့်ပေးပါကွ. နော်၊ ဦးဦး တစ်ယောက်ထဲ ဖြစ်နေလို့ မနက်ဖြန်

ကျောင်း ပိတ်တယ် မဟုတ်လား…..´´ အားနာပါနဲ့ ပေသီးလေးကို အကူအညီတောင်းလိုက်ရတယ် ဟုတ်တယ်လေ……   ပေသီးလေးတို့

မိသားစုက ကြိုးစားပြီး ရိုးသားတယ်၊ သူက စာလဲ တော်တယ်၊ အခု..  ပထမနှစ်တက်နေပြီလေ…..။

`` ဟုတ်….ရပါတယ် ဦးဦးရဲ့ သမီး သဘောပေါက်ပါတယ်….. တစ်ခါထဲ…..´´    ပြောရင်းနဲ့ ပေသီးလေးက ပြုံးရင်း မျက်စောင်း ထိုးလိုက်

တယ်….. အိမ်နီးနားချင်း အကိုလို၊ ဦးလေးလို ဖြစ်နေတော့လဲ ရင်းနှီးနေကြတယ်လေ.......။

``အေးပါကွာ…. ပေသီးရဲ့ ကျေးဇူးအရမ်း တင်ပါတယ်……ဟဲဟဲ´´ ရှက်ကိုးရှက်ကန်းနဲ့ ပြောရင်း လမ်းထိပ်က ဆရာဝန်အိမ်ကို ထွက်လာခဲ့

တယ်…… မိုးလဲ တိတ်ပြီလေ….. အင်း တစ်လမ်းထဲ နေပြီး ဆရာဝန်ရဲ့ ဖုန်းနံပါတ်ကိုလဲ မသိခဲ့ဘူး…..  ဆရာဝန်အိမ်ရောက်တော့ဘာဖြစ်

တာလဲတဲ့… ချက်ချင်း ဘယ်လိုပြောရမှန်းလဲ မသိဘူး….. ဟို…အဲ… နဲ့ နောက်ဆုံးတော့ ကျွန်တော့်ဆီအလည်လာတဲ့ ညီမလေး ဖျားနေ

လို့ပါလို့ ပြောလိုက်ရတယ်……. ဆရာဝန်လိုက်လာပြီး ဆေးတွေဘာတွေထိုး ပေးပြီး ပြန်သွားမှ ပဲ သက်ပြင်းချနိုင်တော့တယ်….. အဲဒီည

ကတော့ ကျွန်တော် မိုးလင်းခဲ့ရတယ်….   နံနက် (၄)နာရီလောက်မှာတော့ ပေသီးလေးက သူ့အိမ်ကို ပြန်သွားတယ်…    သူနွားနို့ ညှစ်ပြီး

စက်ဘီးလေးနဲ့ လျှောက်ပို့ရဦးမယ်လေ…. အားနာလိုက်တာ….. သူ မနက်ကျမှ အိပ်နိုင်တော့မှာပေါ့.လို့ တွေးဖြစ်တယ်…. ကောင်မလေး

ကတော့  ကျွန်တော့် အခန်းထဲက ကုတင်လေးမှာ အိပ်ပျော်နေလေရဲ့ …. ဆရာဝန်ကတော့ ပြောသွားတယ် ရိုးရိုးဖျားတာပါတဲ့  ကျွန်တော်

ကုတင်လေးနားက  ကုလားထိုင်မှာ ထိုင်စောင့်နေလိုက်တယ်…..

                           ကျွန်တော် ဖျက်ကနဲလန့်နိုးတော့ မိုးချင်းချင်းလင်းနေပြီ     ညက ကောင်မလေးက ကုတင်ပေါ်ကနေ ကျွန်တော့်ကို

ကြည့်နေလေရဲ့ ရုတ်တရက်ဆိုတော့ လန့်သွားတယ်…….. ချက်ချင်း ထပြီး သူ့အနားကို ကပ်သွားတော့…..``ကျေးဇူးတင်တယ် ကိုကြီး…

..´´တဲ့ဖျော့တော့တဲ့ အသံလေးနဲ့…..ပြန်ပြောရှာတယ်….. ကျွန်တော် သူ့ကို သေသေချာချာ ကြည့်နေမိတယ်…. ညကထက် ပိုလှပြီး ပိုနု

နယ်တယ် ဆိုတာ တွေ့ရတယ်…..  ဘာဖြစ်လာတာလဲ  မေးချင်ပေမဲ့ မမေးဖြစ်သေးဘူး၊   ကြည့်နေရင်းနဲ့  သူ ပြန်ပြီး အိပ်ပျော်သွားတယ်

ထင်တယ်…… ကျွန်တော် စောင်လေးကို သေသေချာချာ ပြင်ပေးပြီး သူ့ နဖူးလေးကို စမ်းကြည့်တော့ ပူမနေတော့ဘူး…..သက်ပြင်းချပြီး

ရေချိုးခန်းထဲကို ထွက်လာမိတယ်….. ကျွန်တော်ဒီနေ့တော့ ခွင့်တင်ရတော့မယ်…… ကောင်မလေးကို တစ်ယောက်ထဲ ထားခဲ့လို့မဖြစ်နိုင်

သေးဘူး…… နောက်ပြီး ကျွန်တော်လဲ အိပ်ရေးပျက်သွားပြီလေ…. ဒုက္ခလား၊ သုခလား မဝေခွဲတတ်ပေမဲ့….. ကောင်မလေး ကတော့… 

ကျွန်တော့် အိမ်ထဲကို ရောက်နေခဲ့ပြီ….. ဘာဘဲ ဖြစ်ဖြစ် မီးစင်ကြည့်ကရတော့မှာပေါ့…….။

                             `` ရောက်တာတော့ ညနေထဲက ရောက်နေတာ…… အဒေါ်   အိမ်ကို စုံစမ်းတော့ အဒေါ်က    ပြောင်းသွားပြီတဲ့…

အဲဒါနဲ့ တခြား အသိအိမ်ကို   လိုက်ရှာရင်း မိုးချုပ်သွားတာလေ…..  တည်းခိုခန်းရောက်တော့လဲ အခန်းပြည့်နေပြီတဲ့…..  အဲဒါနဲ့  သူတို့

ညွှန်ပြတဲ့    တည်းခိုခန်းနောက်တစ်ခုကို ရှာရင်း မိုးရွာလာတယ်၊  အဲဒါနဲ့ လမ်းထိပ်က ကားဂိတ်လေးမှာ မိုးခိုနေလိုက်တာ…..   မိုးကလဲ

အကြာကြီးရွာတာလေ…. သွာလို့ရတော့ဘူး….. မှောင်ကလဲ မှောင်လာတာ…… သူတို့နှစ်ယောက်က ညီမကို ကျော်သွားပြီးမှ  ပြန်လှည့်

လာကြတာ…… ညီမလဲ ကြောက်ကြောက်နဲ့ ပြေးတာပေါ့……  တအားကို မောနေပြီ၊  သူတို့လဲ နောက်ကနေ ပြေးလိုက်လာ တာပဲ…..

ကိုကြီးအိမ်ရှေ့ရောက်တော့ ခြံတံခါး ပွင့်နေတာနဲ့ တွန်းဖွင့်ပြီး ပြေးဝင်လာတာ၊  အိမ်ရှေ့မှာ မီးထွန်းထားလို့ သူတို့ ပြန် လှည့်သွားတာ…

ကြောက်လိုက်တာ ကိုကြီးရယ်…… တကယ်ကျေးဇူးတင်ပါတယ်…… နော်´´ တဲ့    ကုတင်ပေါ်ကနေ လက်အုပ်လေးချီရင်း  ပြောလာတဲ့

ကောင်မလေးကို မြင်ရတော့ ရင်ထဲမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ ကြည်နူးခြင်းလေးတွေ ပြေးထွက် သွားတယ်….. မျက်နှာပေါ်ကိုထင်ပါရဲ့..။

`` အာ ရပါတယ် ညီမလေးရဲ့…… တင်မနေပါနဲ့….. ဒါနဲ့ ဘာလို့ အိမ်က ထွက်လာ ရတာလဲ….. ´´ ကျွန်တော် မေးလိုက်တော့ မျက်နှာကို

အောက်ချရင်း မကြည်မသာနဲ့  ``အိမ်မှာ အဆင်မပြေလို့ပေါ့….´´ တဲ့ ကြည့်ရတာတော့ စီးပွါးရေး အဆင်မပြေတာတော့ မဖြစ်နိုင်ဘူးလို့…

ကျန်တာတော့ ဆက်မမေးဖြစ်တော့ဘူး……  `` အင်း….အင်း ညီမလေး ဆာနေရောပေါ့… ဆန်ပြုတ်သွားဝယ်လိုက်ဦးမယ်.. ခဏ နား

လိုက်ဦးနော်….. ဘာမှ မပူနဲ့ ဘေးအိမ်မှာ ညက ညီမလေးကို အ၀တ်အစားလာလဲပေးတဲ့ ပေသီးလေး တို့ မိသားစုတွေ ရှိတယ်… နော်´´

ပြောရင်းကျွန်တော် ချိုင့်ကလေးဆွဲပြီး ထွက်လာခဲ့တယ်…. ပေသီးတို့ အိမ်ရှေ့ရောက်တော့ အန်တီ့ကို တွေ့တာနဲ့ လှမ်းမှာခဲ့သေးတယ်….

ကြည့်ထားပေးပါဦးလို့…. အခု … ကျွန်တော် တစ်ခါမှ   မလုပ်ခဲ့ဘူးတဲ့ အလုပ်တွေကို လုပ်နေပါလားလို့    တွေးရင်း ပြုံးဖြစ်ခဲ့သေးတယ်

ထင်တယ်…. ။

                         နောက်တော့ ကောင်မလေး နေကောင်းလာတယ်…… ပေသီးလေးတို့နဲ့လဲ ရင်းနှီးသွားတယ်…. အလုပ်လုပ်ချင်တယ်

လို့ ပြောတဲ့ အတွက်…. ကျွန်တော် အလုပ်ရှာပေးမယ်လို့ ပြောထားပြီး သူ့ကျန်းမာရေး အခြေအနေရယ်……. စိတ်ချရတဲ့ အလုပ်ကိုရှာဖွေ

နေရင်း အချိန်လေးတွေ တော်တော် ကုန်သွားတယ်…… သူလဲ အိမ်အလုပ်တွေလုပ်ရင်း၊   ကျွန်တော့်ကို ထမင်းဟင်းတွေ  ချက်ကျွေးရင်း

ကျွန်တော် ပျော်တတ်ခဲ့တယ်……. တစ်အိမ်ထဲမှာ အတူနေပေမဲ့ ရှုပ်ထွေးတဲ့ စိတ်တွေလဲ မဖြစ်ခဲ့ပါဘူး၊ မနက်ပိုင်း အလုပ်မသွားခင်….

မှာစရာရှိတာတွေကိုလဲ မှာ တတ်ခဲ့တယ်….. ပြန်ရောက်လာရင်လဲ ဒီကောင်မလေးကို အရင်ရှာဖွေ တတ်လာတယ်….. နေကောင်းလား၊

ပျင်းနေပြီလား၊ အေးအေးဆေးဆေးပဲလားလို့ ကျွန်တော် မေးတတ်လာတယ်…. သူကလဲ အချိန်ရလို့ စကားပြောဖြစ်တော့ သူ့အကြောင်း

လေးတွေ ပြောပြခဲ့တယ်.. မိခင်ကြီးက နောက်အိမ်ထောင်ပြုထားလို့ သူကြီးလာတော့ မနေချင်ကြောင်း…. အိမ်မှာ အဆင်မပြေကြောင်း

တွေပါတယ်…. ကျွန်တော် အပါအ၀င် ပေသီးလေးတို့ မိသားစုတွေလဲ နားထောင်ဖြစ်ခဲ့ကြတယ်… ...   သူနဲ့ အဖော်အဖြစ် ပေသီးလေးရဲ့

ညီမလေးကို ခေါ်ထားပေးလိုက်တယ်… ပတ်ဝန်းကျင်ကလဲ ရှိသေးတယ်လေ…..

                           ကျွန်တော့်ရဲ့ မသိစိတ်တွေ ထဲမှာတော့ အခြေခံ တည်ဆောက်မှုတွေ ပြောင်းနေခဲ့တာကိုကျွန်တော်ကိုယ်တိုင်တောင်

သတိမထားမိခဲ့ဘူး….. သူ့အတွက် ရည်ရွယ်ပြီးတော့ စိတ်မှန်းနဲ့ အ၀တ်အစားလေးတွေလဲ တော်တော်များများ ကျွန်တော် ၀ယ်ထားတယ်

…. သူအလုပ်ရရင် ပေးမလို့လေ… သူပျော်သွားအောင်လို့ပါ…. အခုတော့ ၀တ်စရာ နဲနဲပါးပါးနဲ့ အလှကုန်ပစ္စည်းတွေနဲ့ မိန်းကလေးအသုံး

အဆောင်တွေကို ပေသီးလေးနဲ့ အတူတူ သွားဝယ်ခိုင်းခဲ့တယ်…. ပေသီးလေးအတွက်ပါ ၀ယ်ခိုင်းခဲ့တယ်…. ပေသီးလေးက အားနာတယ်

ထင်တယ် သိပ် မယူပါဘူး…. ဘာဘဲဖြစ်ဖြစ် လက်ရှိကျွန်တော့် ဘ၀လေးက လေးနက်လာသလိုပါပဲ….... ကောင်မလေး ရောက်ရှိလာတဲ့

အချိန် တစ်လလောက် အတွင်းမှာပေါ့….. ကျွန်တော် ပျော်နေခဲ့တယ်လေ…… အဓိပ္ပါယ်တွေနဲ့ ပြည့်စုံနေခဲ့တယ်…….။

                          တစ်နေ့တော့ ကျွန်တော့် အလုပ်ကို ရဲစခန်းက ဖုန်းဆက်လာတယ်….. စခန်းကို ခဏလာခဲ့ပါတဲ့….. အရေးကြီးတယ်

တဲ့ ကျွန်တော်ချက်ချင်း လိုက်သွားတယ်….. ရဲစခန်းမှာ ကောင်မလေးကိုရော…. သူ့ထက် အသက်တော်တော်ကြီးတဲ့     လူတစ်ယောက်

ကိုရော ကျွန်တော်တွေ့ရတယ်…. မလှမ်းမကမ်းမှာတော့ ပေသီးလေးနဲ့ သူ့ မေမေကိုလဲ တွေ့ရတယ်…

                         ကျွန်တော့်ကို မြင်တော့ ကောင်မလေးက ခေါင်းငုံ့ထားတယ်.. သူ့ဘေးကအမျိုးသားကတော့….. ဒေါသနဲ့ စခန်းမှူးကို

ပြောပြနေတယ်….. ကောင်မလေး ပျောက်သွားလို့ သူလိုက်ရှာနေခဲ့တယ်ဆိုတဲ့အကြောင်း… ကျွန်တော်က ကာမပိုင် လင်ယောက်ျား ရှိတဲ့

ကောင်မလေးကို ဖျားယောင်းသွေးဆောင်ပြီး  ပေါင်းသင်းနေပါတယ်ဆိုတဲ့ အကြောင်း….. တိုင်ချက်ဖွင့်ခဲ့တယ်…  ကမ္ဘာကြီး ဇောက်ထိုး

မိုးမျှော် ဖြစ်သွားခဲ့တာပေါ့… စခန်းမှူးရဲ့ အာမခံချက်အရ ညှိနှိုင်းကြည့်ဖို့ အကြောင်းပြချက်နဲ့ အချုပ်ထဲ မရောက်ခဲ့ပေမဲ့….. ရဲစခန်းကနေ

ပြန်ဖို့ အားတောင်မရှိတော့ဘူး….. အဲဒီညက ကျွန်တော် ဖျားသွားခဲ့တယ်… ကောင်မလေးဖျားသလို  အတုအယောင်မဟုတ်ပါပဲ…နဲ့လေ

…….။ အသိမိတ်ဆွေတွေကတော့ ပြောကြပါတယ်… လျော်ကြေးပေးလိုက်ပါတဲ့….. ဒီလို လုပ်စားနေတဲ့ သူတွေ အများကြီးရှိတယ်တဲ့…

ကျွန်တော် တစ်ပြားမှ မပေးနိုင်ဘူး……. ဥပဒေကြောင်းအရ ကျွန်တော် ရင်ဆိုင်မယ်. သူတို့ အလိုကိုလိုက်လျောလိုက်မိရင် ကျွန်တော်က

လူ့ကျင့်ဝတ်ဖျက်တဲ့သူ ဖြစ်သွားမှာပေါ့….. သေချင်သေသွားပါစေလို့ တွေးထားခဲ့တယ်…… သိပ်ပြီးတော့လဲ ကျိတ်မနိုင် ခဲမရ ဖြစ်ခဲ့တယ်

လုပ်ရက်လိုက်တာလို့……။

                         ပေသီးလေးနဲ့    သူ့မေမေ၊ သူ့ညီမလေးတွေက ကျွန်တော့်ရဲ့ အသိသက်သေတွေ လေ…. နောက်ပြီး ကောင်မလေး

ရောက်တဲ့ ညကတည်းက ဧည့်စာရင်းတိုင်ခဲ့တာတွေ….. နေ့ဆိုရင် အချိန်ပြည့် အလုပ်ထဲမှာ ရှိနေခဲ့တာတွေနဲ့ညဆိုရင်လဲ ပေသီးလေးတို့

မိသားစုလေးအပါအ၀င် ကျွန်တော့ အိမ်နီးချင်းတွေရဲ့ သက်သေထွက်ဆိုမှု၊ ကျွန်တော့်ရဲ့ သမိုင်းကြောင်းတွေက ဒီအမှုကို ကွင်းလုံးကျွတ်

လွတ်စေခဲ့တယ်…… အသရေ ဖျက်မှုနဲ့ ပြန်လည် တရားစွဲဆိုနိုင်ခဲ့ပေမဲ့လဲ…. ကျွန်တော်နဲ့ အတူ    ရှိနေ စဉ်မှာ လိမ်ပြောခဲ့တာကလွဲလို့

ရိုးသားခဲ့တဲ့ ကောင်မလေးကို မလုပ်ရက်လို့ ကျွန်တော် ပြန်ပြီး တရား မစွဲခဲ့တော့ဘူး…..

                         ဘ၀မှာ........ ဘယ်လိုမှ အဖတ်ဆယ်လို့ မရတဲ့ အမဲစက်ကြီး တစ်စက်က တိတ်ဆိတ်တဲ့ ညတစ်ညမှာ တံခါးခေါက်ပြီး

ဝင်ရောက်လာခဲ့တယ်….. ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ အတွေ့အကြုံကိုပဲ အပြစ်တင်ရမလား… လူတွေရဲ့ မဲနက်နေတဲ့

စိတ်ထားတွေကိုပဲ ရိုးမယ်ဖွဲ့ရမလား မသိပေမဲ့…. ရေမျောလာတဲ့ ပန်းတစ်ပွင့်ကြောင့် ကျွန်တော့ဘ၀လေး ပျက်စီး သွားခဲ့ရပြီ….လေ။  

                        ကျွန်တော် အလုပ်ထွက်ခဲ့တယ်….. နောက်ပြီး ကောင်မလေးအတွက် ရည်ရွယ်ပြီး ၀ယ်ယူ ဖြစ်ခဲ့တဲ့ အ၀တ်အစားလေး

တွေကိုလဲ ဗူးလေးတစ်ဗူးထဲကိုထည့်ပြီး သေသေချာချာ ပါဆယ် ထုပ်လိုက်တယ်….. ဒီ… ပါဆယ်ထုပ်လေးကို ပေသီးလေးကို ပေးမလို့ပါ

ကျွန်တော့်ကတော့ ကောင်မလေး ပေးခဲ့တဲ့ ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးကို လှည့်စားနိုင်ဖို့ ဘယ်သူမှ မသိတဲ့ တစ်နေရာကိုထွက်သွား

တော့မယ်….လေ။ ဒီပါဆယ်ထုပ်လေးထဲမှာ အ၀တ်အစားတွေအပြင် ပေသီးလေးရဲ့ နံမယ်နဲ့ ကျွန်တော့် အိမ်ကို .အမည်ပြောင်းထားတယ်

လူ့သိက္ခာထက် အရေးကြီးတာ ဘာရှိလို့လဲ…. ကျွန်တော့်သိက္ခာတရားကို ကာကွယ်ပေးခဲ့တဲ့ ပေသီးလေးတို့ မိသားစုကို... ကျေးဇူးဆပ်ခဲ့

တာပါ ….. ဖွင့်ကြည့်ပြီးရင် ပေသီးလေး ၀မ်းသာနေမလား….. စိတ်မကောင်းဖြစ်နေမလားတော့ ကျွန်တော် မသိပါဘူး…။  တစ်ခုခုတော့

ဖြစ်မှာပေါ့…..။

                         အခု….. ကျွန်တော် ပင်လယ်ကမ်းစပ်က မြို့လေး တစ်မြို့ကို ရောက်နေတယ်…. နေပူပူမှာ အဓိပ္ပါယ်မဲ့စွာ  ကျွန်တော်

ထိုင်နေဖြစ်တယ်…. ပင်လယ်ထဲမှာ ပန်းလှလှလေးတစ်ပွင့် မျောပါလာတာကို တွေ့ရတယ်…..  အရင်ကဆိုရင် ကျွန်တော် ကောက်ယူမိခဲ့

မှာပါ…. အခုတော့ မကောက်တော့ဘူး….. ရေစီးလာရာ အရပ်ကိုပဲ ကြည့်နေမိတယ်…. သူဘယ်နားကနေ ရေထဲကို ကျခဲ့သလဲလို့ပေါ့..

ဒီပန်းလေးကို ကြည့်ရင်းနဲ့ မလှမ်းမကမ်းက ဗေဒါပုတ် ကလေးတွေကို တွေ့ရတယ်…… စိမ်းဖန့်ပြီး အားမန်အပြည့်နဲ့ ချီတက်နေကြတယ်

ပျော်ရွှင်တဲ့ သတ္တိတွေနဲ့လေ….. စုန်လိုက်…. ဆန်လိုက်ပေါ့…… ပန်းလေးတောင်ပွင့်နေသေးတယ်….  ဗေဒါပန်းလေးကို    ကြည့်ရင်းနဲ့

ပန်းလေး ပြုံးလာခဲ့တယ်လို့ ခံစားရတယ်…. ထူးဆန်းစွာ စိုက်ကြည့်မိတော့ ဒီအပြုံးလေးကို ပြုံးပြနေတာ ပေသီးလေးဖြစ်သွားတယ် …

                        ကောင်မလေးလောက် မနူးညံ့၊ မလှပပါပဲ ဘ၀ပင်လယ်ထဲမှာ….. စုန်ချည် ဆန်ချည် ကူးခတ်နေတာ အမြဲတမ်း လှပ

နေမဲ့ ပေသီးလေးပဲလို့ တွေးလိုက်မိတယ်…. အင်း ခုဏက မျောသွားတဲ့ ပန်းလှလှလေးကတော့ မကြာခင် နွမ်းခြောက်ပြီး ပင်လယ်ရေငန်

အောက်မှာ နစ်မြုပ်ပျောက်ကွယ်သွားမှာပါ….. ဗေဒါပန်းလေးကတော့….……


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>