ပန်ကြားရသော အသံ
လင်မယား၂ယောက် အပြန်အလှန် စကားများ နေကြသည် ။
ဇနီး ။ ။ကျမ ရူးလို့ ရှင့်ကိုလက်ထက်လိုက်မိတာ သိရဲ့လား ။
ခင်ပွန်း ။ ။အေး ...ငါလဲ အဲတုန်းက အချစ်မူးနေလို့ မင်းရုးနေမှန်း မရိပ်မိလိုက်တာ ကွ ။
ဝန်ခံချက်
နယ်လီနဲ့ မေရီ သူငယ်ချင်း ၂ယောက်စကားပြောနေကြသည် ။
နယ်လီ ။ ။မေရီ ....နင်ယောက်ကျားတယောက်ကိုကြည့်ပီး ခုနေငါသာအပျို
ဖြစ်ရင်သပ်ကောင်းမှာပဲလို့ မတွေး မိဘူးလား ။
မေရီ ။ ။ခဏခဏတောင့်တဖူးတယ် သူငယ်ချင်း ။
နယ်လီ ။ ။ ဒါဆို နင်ကဘယ်ယောက်ကျားကိုမြင်ပီး တောင်တဖူးတာလဲ ဟေ။
မေရီ ။ ။ ငါ့ယောက်ကျားကိုလေ ။
လှပတဲ့ ဥပမာ
ရပ်ဝေးမှ ပြန်လာသော ခင်ပွနိးုသည် ဘူတာတွင်လာကြိုသော သူရဲ့ ဇနီးအား မြင်သောအခါ
ခင်ပွန်း ။ ။ အိုး....မိန်းမရယ် မင်းဒီနေ့လှနေပါ့လား ။
ဇနီး ။ ။ဟုတ်လား တော်တော်လှနေလား မောင် ။
ခင်ပွန်း ။ ။အင်း ....ပန်းလေးတပွင့်လိုပဲ လှနေတာ ။
ဇနီး ။ ။ဘယ်လိုပန်းမျိုးလဲမောင် ။နှင်းဆီလို ၀င့်ဝင့်ကြွားကြွားလှနေတာလား ဟင် ။
ခင်ပွန်း ။ ။မဟုတ်ပါဘူးကွယ် ။ဂေါ်ဖီပန်းလို ပွပွကြီး ကြွနေတာ ။။
ခေတ်သစ်အဘိဓာန်
အရက်။ ။သာမာန်အာဖြင့်ယောက်ကျားနဲ့ မိန်းမကိုနီးစပ်စေသည် ။သိုသော် လင်နဲ့မယားကို ကွဲအောင်လုပ်သည် ။
ရန်သူ ။ ။သင့်အကြောင်းကို သိလွန်းတဲ့ သူငယ်ချင်း ။
ခြွင်းချက် ။ ။စည်းကမ်းဥပဒေတွေကို ပြဌါန်းတဲ့ သူတွေ၇ဲ့ အခွင့်အရေး ။
လက်ဆောင်ပစ္စည်း ။ ။လိုအပ်တဲံ့သးကိုပေးတဲ့ ကိုယ့်တွက်မလိုအပ်တဲ့ပစ္စည်း ။
ကဗျာဆရာ ။ ။ချစ်တဲ့သူကို ကမ္ဘာကြီးတခုလုံးကိုလက်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပေမဲ့  တကယ့်တကယ်မှာ
ဖိနပ်တရံတောင် ၀ယ်မပေးနိုင်ခဲ့ဘူး ။
ကျော်ကြားမှူ ။ ။သင်မသိတဲ့သူတွေတောင် သင့်ကို သိနေခြင်း ။
လျှို့ဝှက်ချက် ။ ။တိုတိုးလေးပြောတဲ့ အများသိ အကြောင်းအရာ ။
သူသိတာက
ဆရာကကျောင်းသားအား စာမေးနေခြင်းဖြစ်သည် ။
ဆရာ ။ ။ပီတာလေး ဆရာ့ကို တစ်ကနေ တစ်ဆယ်ထိ ရေတွက်ပြပါ ။
ပီတာလေး ။ ။ဟုတ်ကဲ့ ဆရာ ။ ၁ .၂ .၃ .၄ .၅ .၆ .၇ .၈.၉ .၁၀ .။
ဆရာ ။ ။တော်လိုက်တာကွယ် ။တစ်ဆယ်ပီးရင်ရော ဘာဆက်လာသေးလဲ ကွဲံ . ။
ပီတာလေး ။ ။ဂျက် . ကွင်း . ကင်း . ပါဆရာ ။
ရေလာမြောင်းပေး
တမီးရည်းစား၂ယောက် ကောင်မလေး၇ဲ့  အိမ်ရှေ့အပြင်တွင် ချိန်းတွေ့နေကြစဉ်
မိန်းမပျို ။ ။ရှင် ကျမကို နမ်းတာ ဖေဖေမမြင်စေနဲ့နော် ။
ယောက်ကျားပျို ။ ။ဟင်..... ကို မင်းကို ဘာမှမလုပ်ရသေးဘူးလေ ။
မိန်းမပျို ။ ။ဟုတ်ပါတယ် ။ နမ်းမယ်ဆိုရင်ပြောတာပါ ။
အသားဟင်းကျွေးမယ်
နေရာ ....စိတ္တဇဆေး၇ုံ
ဆေး၇ုံအုပ် ။ ။မနက်ဖြန် အရေးကြီးတဲ့ နေ့တနေ့နော် ။နိုင်ငံတော်အကြီးအကဲလာစစ်ဆေးလိမ့်မယ် ။
လာစစ်ဆေးပီးလို့  ငါက အဟမ်းလို့ ချောင်းဟန့်တာနဲ့ အားလုံးလပ်ခုပ်တီးရမယ် ။ကြားလား ။လက်ခုပ်တီးတဲ့
သူကို အသားဟင်းကျွေးမယ် ။
နောက်တနေ့ ......
နိုင်င့တော်အကြီးအကဲ လာရောက်စစ်ဆေးပီးသည်နှင့် ဆေးရုံအုပ်ကပြောထားသည့်အတိုင်း ချောင်း ဟန့်လိုက်ရာ
လူနာ အားလုံးလက်ခုပ်တီးကြလေသည်။ထိုအချိန် လူနာတယောက် ရုတ်တရက်ရှေ့ထွက်ပီး အကြီးအကဲကိုပါးရိုက်
လိုက်လေသည် ။ပီးနောက် သူပြောလိုက်ပုံက ...."မင်းဘာလို့ လက်ခုပ်မတီးတာလဲ အသားဟင်းမစားချင်ဘူးလားကွ "
ဟူတည်း ။
ဆရာဝန်ကောင်း
ဆေးခန်းထဲသို့ လူနာတယောက်သူရဲ့ရောဂါ အကြောင်းပြေနေခြင်းဖြစ်သည် ။
လူနာ ။ ။ဆရာ ...အသက်ရှူလိုက်တိုင်း ကျနော့ ရင်ဘက်ထဲက အောင်အောင်နေတာ ဘယ်လိုလုပ်ရင်
သက်သာမလဲ ခင်ဗျာ ။
ဆရာဝန် ။ ။ဒါလွယ်ပါတယ်ဗျာ ။ခင်ဗျားအသက်မရှူပဲနေပေါ့ ။
လူနာပေစောင်းစောင်းနဲ့ပြန်ထွက်သွားပီးမကြာ။နောက်တယောက်ဝင်လာသည် ။
လူနာ ။ ။ဆရာ ...ကျနော့ကို ကယ်ပါဦးဆရာ ။ကျနော်ဓာတ်ဆီနဲ့ ရေနဲ့မှားသောက်မလို့ပါ ။
ဆရာဝန် ၊၊ ။ ရတယ် ။ကိစ္စမရှိဘူး ။ဒီရက်ပိုင်း ခင်ဗျားဆေးလိပ်မသောက်နဲ့  တဲ့ ။
သယ်ရင်းတစ်ယောက်ရဲ ဟာသလေးတွေ ပြန်တင်ပေးထားတာပါ..........