ငယ်ငယ်ကကျောင်းစာမှာသင်ခဲ့ရတဲ့ကဗျာလေးတပုဒ်နောင်လာမယ့်ကလေးတွေ
မမေ့အောင်ပြန်လည်မျှဝေလိုက်ပါတယ်။
ကျွန်မတို့မှာဖခင်နှစ်ဦးရှိပါတယ်လို့ပြောရမယ်
တစ်ဦးကမွေးဖခင်
တစ်ဦးကတော့မြန်မာလူမျိုးတို့ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပါပဲ။
၂၀၁၂ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ၉ရနှစ်ပြည့် မွေးနေ့ အမှတ်တရ
“အောင်ဆန်းဇာနည်“
“ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊
တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊
မျက်ရည်ဖြိုင်လို့
ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’
ပြည်ထောင်စုရေး ကြိုးပမ်းဆောင်
ပြည်ချစ်ဒို့ ခေါင်းဆောင် ၊
ဒီမိုကရေစီလမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။
မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၉ရ-နှစ်)မွေးနေ့အားဂုဏ်ပြုအပ်ပါသည်။
အာဇာနည်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ပြည့်စုံသာလွန်တဲ့ သူရဲကောင်းဖခင်ကြီး